2/23/2016

♪ Alcatel က Mobile World Congress တွင် IDOL 4 နှင့် IDOL 4S တို့ကိုမိတ်ဆက် ♫


Alcatel က ဘာစီလိုနာတွင် ကျင်းပနေသော Mobile World Congress တွင် စွမ်းဆောင်ရည်မြင့် IDOL 4 နှင့် IDOL 4S တို့ကိုမိတ်ဆက်လိုက်ပါသည်။ ယခုစမတ်ဖုန်းများသည် ယခင်နှစ်ထုတ် IDOL 3 ၏ မျိုးဆက်သစ်များဖြစ်ပါသည်။

IDOL 4 တွင် ၅.၂ လက်မ Full HD Display တပ်ဆင်ထားပါသည်။ Qualcomm ၏ စွမ်းဆောင်ရည်သင့် Snapdragon 617 Chipset, 3GB RAM, 16GB Storage တပ်ဆင်ထားပါသည်။ microSD Card Slot လည်းပါရှိပါသည်။ အနောက်ဘက်တွင် 13MP Camera တပ်ဆင်ထားပြီး Touch Focus , HDR , Auto-Focus နည်းပညာများပါရှိပါသည်။ အရှေ့ဘက်တွင် 8MP Camera ကို Flash တစ်ခုနှင့် တွဲဖက်ထားပါသည်။ 2610mAh Battery တပ်ဆင်ထားပါသည်။

ပိုမိုစွမ်းဆောင်ရည်မြင့်မားသောIDOL 4S တွင် ၅.၅ လက်မ QHD AMOLED Display , Snapdragon 652, 32GB Storage , 3000mAh Battery တပ်ဆင်ထားပါသည်။ စမတ်ဖုန်းအသစ်နှစ်လုံးတွင် BoomKeyဟုခေါ်သော Physical Button အသစ်တစ်ခုပါရှိပါသည်။ ခလုတ်အသစ်သည် Android 6.0 Marshmallow နှင့် ပေါင်းစပ်၍ အလုပ်များစွာလုပ်ပေးနိုင်ပါသည်။ ဥပမာအားဖြင့် Boom My Camera သည် Standby အနေအထားဖြင့် ဓါတ်ပုံများကို လျှင်မြန်စွာရိုက်ကူးနိုင်ပါသည်။ထို့အပြင် အခြေခံ Virtual Reality နည်းပညာကိုခံစားနိုင်မည့် Headset ပါရှိပါသည်။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 


www.pyaephyo.com