ကမ္ဘာ့မိုဘိုင်းကွန်ဂရက်ဟာ ကမ္ဘာ့အကြီးမားဆုံး နည်းပညာပြပွဲဖြစ်ပြီး
လက်ရှိမှာလည်း ကမ္ဘာ့အကြီးမားဆုံး နည်းပညာကုမ္ပဏီတွေက ပစ္စည်းအမျိုးမျိုးကို
အပြိုင်အဆိုင် ထုတ်ဖော်မိတ်ဆက်လျက် ရှိနေတာဖြစ်ပါတယ်။
Samsung, Sony,LG နဲ့ Huawei စတဲ့ ကုမ္ပဏီတွေကနေ သူတို့ရဲ့ မိုဘိုင်းလ်ထုတ်ကုန်တွေကို ပြသလျက်ရှိနေပြီး Apple ကဒီပွဲမှာ မပါဝင်နိုင်လို့ နှုတ်ထွက်ခဲ့ပေမယ့် သူ့ရဲ့ iPhone မျိုးဆက်သစ် 5se ကိုနောက်လထဲမှာ ထုတ်လုပ်မိတ်ဆက်နိုင်ဖို့ရည်မှန်းထားတာလည်း ဖြစ်ပါတယ်။
Apple မပါဝင်နိုင်လို့ ဒီပွဲမှာ အားလျော့သွားသလိုရှိပေမယ့် တခြားမိုဘိုင်းလ်ကုမ္ပဏီတွေက အပြိုင်အဆိုင်ဆိုသလို ပါဝင်နေကြပြီး ပစ္စည်းတွေကလည်း မိုဘိုင်းဖုန်းတွေတင်မဟုတ်ပဲ၊ တခြား Virtual Reality တွေ၊ ကင်မရာတွေ၊ တက်ဘလက်တွေ အစရှိသဖြင့်ပစ္စည်းအမျိုးမျိုးကို ပွဲထုတ်လာကြတာဖြစ်ပါတယ်။ ဒီထဲကမှ ဒီပွဲအတွင်းမှာ ခေတ်စားနေခဲ့တဲ့ ကုမ္ပဏီတွေရဲ့ပစ္စည်းတွေကို မိတ်ဆက်ပေးလိုက်ပါတယ်။
LG G5

တောင်ကိုးရီးယားနာမည်ကြီး LG ကတော့ ဒီပွဲမတိုင်မှီကတည်းကရင်း
ခေတ်စားနေခဲ့တဲ့ သူတို့ရဲ့ LG G5 ကို ပွဲမတိုင်ခင် မိတ်ဆက်ခဲ့ပါတယ်။
ဒီဖုန်းရဲ့ ထပ်မံပါဝင်လာတဲ့ လုပ်ဆောင်ချက်တွေက သုံးစွဲသူတွေကို
စိတ်လှုပ်ရှားစေခဲ့တာပါ။
အကျယ် ၅.၃လက်မရှိတဲ့ 2560×1440 resolution ရှိတဲ့ မျက်နှာပြင်ပါဝင်ပြီး Internal Storage 32GB, 4GB RAM နဲ့ 2800mAh ဘက်ထရီ တို့ပါဝင်မှာဖြစ်ပါတယ်။ ဆွဲထုတ်လို့ရတဲ့ Slot တစ်ခုပါဝင်ပြီး အထဲမှာ ပစ္စည်းတွေကို တပ်ဆင်သုံးစွဲနိုင်မှာဖြစ်ပါတယ်။ တပ်ဆင်နိုင်မယ့်ပစ္စည်းတွေကတော့ Virtual Reality Headset၊ 360-ဒီဂရီ ကင်မရာ၊ Hi-Fi DAC (Digital-to-analogue) အသံစနစ် နဲ့ အဝေးထိန်းစက်ရုပ်တောင် ပါဝင်မှာဖြစ်ပါတယ်။
Samsung Galaxy S7 & S7 Edge

Samsung ရဲ့ အထင်ကရဖုန်းတစ်မျိုးဖြစ်တဲ့ Galaxy S7 & S7 Edge
တို့ကလည်း S5 မှာတုန်းကပါဝင်ခဲ့တဲ့ နာမည်ကြီး Feature တွေဖြစ်တဲ့
ရေစိမ်ခံနိုင်စွမ်း၊ မမ်မိုရီကတ်ထပ်စိုက်နိုင်မှု တွေကို Galaxy S6
ရဲ့အောင်မြင်ခဲ့တဲ့ ဒီဇိုင်းနဲ့အတူ ပြန်လာခဲ့ပါတယ်။ ဟန်းဆက်နှစ်မျိုးစလုံး
ကိုဖုန်၊ ရေတွေ စိမ့်မဝင်နိုင်တဲ့အပြင် ကြာရှည်ခံနိုင်တဲ့ ဘက်ထရီသက်တမ်း က
သင့်ကို HD ဇာတ်ကားတွေချည်း ကြည့်မယ်ဆိုရင်တောင် ဆယ့်သုံးနာရီအထိ
ကြာရှည်ခံနိုင်အောင် ပြုလုပ်ထားတာပါ။
ကင်မရာအနေနဲ့ S7 ရော S7 Edge ပါ ကျောဘက်ကင်မရာက 12-Megapixels ပါဝင်တာဖြစ်ပြီး အရင်ထွက်ခဲ့တဲ့ S6 ညီနောင်က 16-Megapixels ရှိတာကြောင့် အရင်ကထက်လျော့ကျ သွားတာကိုတွေ့ရမှာပါ။ ဒါပေမယ့် သူတို့ကတော့ အလင်းနည်းချိန်ရိုက်ချက် တွေကို တိုးမြှင့်ထားတယ်လို့ ဆိုခဲ့ပါတယ်။
Samsung Gear 360

စမတ်ဖုန်းတွေကို မိတ်ဆက်ခဲ့သလိုပဲ၊ Samsung ဟာ သူတို့ရဲ့
ထုတ်ကုန်အသစ်တစ်မျိုးကိုလည်း MWC 2016 ပွဲမှာ ထုတ်ဖော်ခဲ့ပါတယ်။ Samsung
ရဲ့ဒီကင်မရာလေးဟာ ၃၆၀ဒီဂရီ ပတ်ပတ်လည်ကို ဗီဒီယိုတွေရိုက်ကူးပြီး Virtual
Reality Headset ကိုအသုံးပြုပြီး ပြန်လည်ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။
Gear 360 Camera ဟာ စမတ်ဖုန်းတွေရဲ့ App ကနေတစ်ဆင့်
ထိန်းချုပ်လို့ရနိုင်မှာဖြစ်ပြီး ဘေးတစ်ဖက်တစ်ချက်မှာ ပါဝင်တဲ့
ကင်မရာနှစ်လုံးက တစ်ခြမ်းစီ(၁၈၀ဒီဂရီ) ကိုရိုက်ကူးပေးမှာဖြစ်ပါတယ်။
Sony Xperia X နဲ့ XA

Sony ကလည်း သူတို့ရဲ့ ချစ်စရာသွင်ပြင်နဲ့ စမတ်ဖုန်းအသစ်တွေကို
မိတ်ဆက်ပေးခဲ့ပါတယ်။ Sony Xperia X နဲ့ Xperia XA တို့က
ငါးလက်မမျက်နှာပြင်နဲ့ အဆင့်မြှင့်ထားတဲ့ ကင်မရာဆော့ဖ်ဝဲ နဲ့ နှစ်ရက်အထိ
ဆက်တိုက်အသုံးပြုနိုင်မယ့်
စမတ်ဖုန်းအားထိန်းစနစ်တို့ကိုထောက်ပံ့ပေးထားတာဖြစ်ပါတယ်။
ဖုန်းနဲ့ပတ်သက်တဲ့ ရင်းမြစ်တွေကတော့လက်ရှိအထိမစုံလင်သေးပေမယ့် လာမယ့်နွေရာသီ(ဇွန်လခန့်) လောက်အထိ ထုတ်ပြန်ဖို့အစီအစဉ်မရှိသေးဘူးလို့သိရပါတယ်။ ဒါပေမယ့်လည်း ကင်မရာနည်းပညာအတွက် Sony ဟာ ကင်မရာအင်ဂျင်နီယာတွေနဲ့ ပူးပေါင်းပြီးလုပ်ဆောင်နေလို့ ဓာတ်ပုံပိုင်းဆိုင်ရာမှာ ထိပ်ဆုံးရောက်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။
Sony Xperia Ear

စမတ်ဖုန်းတွေကို မိတ်ဆက်ခဲ့သလိုပဲ ဆိုနီဟာ စမတ်ဖုန်းတွေနဲ့ ချိတ်ဆက်ပြီး
ပုဂ္ဂိုလ်ရေးဆိုင်ရာထောက်ပံ့မှုတွေပြုလုပ်ပေးမယ့် သူတို့ရဲ့
နားကြပ်အသစ်တစ်မျိုးကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ Xperia Ear လို့ခေါ်တဲ့
ဒီပစ္စည်းလေးဟာ သင့်နားထဲမှာတစ်နေကုန်ဝတ်ဆင်ထားပြီး သင့်ဖုန်းကို
ဘလူးတုသ်ချိတ်ဆက်မှုတွေနဲ့ ချိတ်ဆက်နိုင်ဖို့ ဒီဇိုင်းထုတ်ထားပါတယ်။
Huawei MateBook

တရုတ်နည်းပညာကုမ္ပဏီ Huawei က Apple ရဲ့ iPad Pro နဲ့ Microsoft ရဲ့
Surface Book တို့နဲ့ ပြိုင်ဘက်ဖြစ်လာမယ့် MateBook လို့ခေါ်တဲ့
တက်ဘလက်အသစ်တစ်မျိုးကို မိတ်ဆက်ပြသခဲ့ပါတယ်။ မျက်နှာပြင်အကျယ် ၁၂လက်မရှိတဲ့
ဒီတက်ဘလက်ဟာ Windows 10 နဲ့ အလုပ်လုပ်မှာပါ။
ကီးဘုတ်တစ်ခုနဲ့အပြင် Stylus Pen အဖြစ်ရော လေဆာပွိုင်တာအဖြစ်ပါအသုံးပြုနိုင်မယ့် Pen အသစ်တစ်မျိုးနဲ့လည်း တွဲဖက်အသုံးပြုနိုင်တာဖြစ်ပါတယ်။ နောက်ထပ်ထူးခြားတာတစ်ခုကတော့ MateBook ရဲ့ဘေးဘက်ဘောင်မှာ Fingerprint Scanner လုံခြုံရေးစနစ်ကိုထည့်သွင်းပေးထားပါတယ်။
MateBook ဟာ ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၁၁၃၀ ကနေ ဒေါ်လာ ၂၅၀၀ ဝန်းကျင်အထိရှိနိုင်တာဖြစ်ပါတယ်။ ဈေးနှုန်းကတော့ အတော်များတယ်လို့ပြောရမှာဖြစ်ပြီး ဒေါ်လာ ၁၈၀၀ လောက်ရှိတဲ့ Surface Book နဲ့ ဒေါ်လာ ၉၆၀ လောက်ရှိတဲ့ iPad Pro တို့နဲ့ နှိုင်းယှဉ်နိုင်ပါတယ်။ Huawei ရဲ့ ပြောကြားချက်အရတော့ MateBook ကို လာမယ့်လတွေမှာ ဗြိတိန်နိုင်ငံမှာစတင်ဖြန့်ချိသွားမှာဖြစ်ပြီး အရောင်အနေနဲ့ မီးခိုးနဲ့ ရွှေဆိုပြီး နှစ်ရောင်ရနိုင်မယ်လို့ သိရပါတယ်။
HTC Vive

HTC ရဲ့ ပထမဆုံး Virtual Reality Headset ကို ပြီးခဲ့တဲ့နှစ်က MWC
ပွဲမှာ ပြသခဲ့တဲ့ နောက်ပိုင်းမှာ HTC ဟာ သူတို့ရဲ့ Headset အသစ်တစ်မျိုးကို
ထပ်မံထုတ်လုပ်ဖို့ ကြိုးစားလာတာပဲဖြစ်ပါတယ်။ တရားဝင်ဈေးနှုန်း
၇၉၉ဒေါ်လာရှိတဲ့ ဒီ Headset ဟာ Facebook ရဲ့ Oculus Rift Headset
ကိုအဓိကယှဉ်ပြိုင်မယ့် ပြိုင်ဘက်တစ်ယောက်ဖြစ်လာမှာပါ။
HTC Desire 530, 630 နှင့် 825

HTC အနေနဲ့ အရင်ကောလာဟလတွေထွက်ခဲ့သလိုမျိုး HTC One M10
ကိုထုတ်လုပ်နိုင်ဦးမှာမဟုတ်ပဲ ဘာစီလိုနာ မှာကျင်းပတဲ့ ဒီပွဲမှာ
တန်ဖိုးအလယ်အလတ်ဖုန်း သုံးမျိုးကိုပြသမှာဖြစ်ပါတယ်။ အဲ့ဒါတွေကတော့ HTC
Desire 530, 630 နဲ့ 825 တို့ဖြစ်ပါတယ်။ ဒီပစ္စည်းတွေဟာ သာမန်အရောင်၊
ဒီဇိုင်းနဲ့ ပိုလီကာဗွန်နိတ်ကာဗာနဲ့ ပြုလုပ်ထထားတာဖြစ်ပါတယ်။
Ref: Mirror
Credit to ==> Digital Times