2/24/2016

♪ စွမ်းဆောင်ရည်မြင့် Ubuntu စမတ်ဖုန်းတစ်မျိုးကို Meizu မိတ်ဆက် ♫


တရုတ်စမတ်ဖုန်း ကုမ္ပဏီ Meizu သည် Ubuntu OS ထောက်ပံ့ပေးသော Canonical နှင့်ပူးပေါင်း၍ MX4 ကို မိတ်ဆက်ပြီးနောက် “Ubuntu Edition” Pro 5 ကို မိတ်ဆက်ခဲ့ကြောင်း သိရသည်။
၎င်းစမတ်ဖုန်းသည် အရွယ်အစား ကြီးမားပြီး မျက်နှာပြင်မှာ ၅.၇ လက်မရှိကာ AMOLED display (1080p) နှင့် သေးငယ်သော လက်ဗွေအာရုံခံ စနစ်တို့ ပါဝင်သည်။ ထို့အပြင် “Ubuntu Edition” Pro 5 တွင် eight-core Samsung Exynos 7420 ပရိုဆက်ဆာအပြင် RAM 3GB သို့မဟုတ် 4GB နှင့် internal storage 32GB သို့မဟုတ် 64GB ဟူ၍ ရွေးချယ်ဝယ်ယူ နိုင်သည်။
အဆိုပါ စမတ်ဖုန်း၏ ကျောဘက်ကင်မရာမှာ 21-megapixe ပါဝင်ပြီး selfie နှင့် video call ခေါ်ဆိုမှု များအတွက် 5-megapixel ပါဝင်သည်။ Meizu သည် “Ubuntu Edition” Pro 5 ၏ 3050mAh ဘက်ထရီတွင် အားသွင်းရာတွင် မြန်ဆန်စေမည့် ၎င်း၏ “mCharge” နည်းပညာကို အသုံးပြုထားသည်။
Meizu ၏ Pro 5 Ubuntu Edition ကို ဘာစီလိုနာမြို့တွင် ကျင်းပမည့် Mobile World Congress ၌ ကြိုတင်မှာယူ နိုင်မည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် Canonical အနေဖြင့် ၎င်းစမတ်ဖုန်း၏ ဈေးကိုမထုတ်ပြန် သေးသော်လည်း အမေရိကန်နိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝန်းသို့ ရောင်းချသွားမည်ဖြစ်ကာ အွန်လိုင်းတွင်လည်း ဝယ်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။
Ref: Engadget

Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 


www.pyaephyo.com