Qualcomm ရဲ့ Quick Charge 3.0 နည်းပညာဟာ Snapdragon 820 
ပရိုဆက်ဆာကိုအသုံးပြုထားတဲ့ စမတ်ဖုန်းတွေကို ၃၅ မိနစ်အတွင်း ဘက်ထရီအား ၈၀ 
ရာခိုင်နှုန်းအထိ သွင်းပေးနိုင်ပါတယ်။
ဒါပေမယ့် ဒီနည်းပညာဟာ တရုတ်မိုဘိုင်းဖုန်းကုမ္ပဏီ Oppo ရဲ့ နည်းပညာအသစ်နဲ့ ယှဉ်လိုက်ရင်တော့ အများကြီးနောက်ကျကျန်ခဲ့တယ်လို့ ဆိုရမှာပါ။
Oppo ဟာ Super VOOC လို့ အမည်ပေးထားတဲ့ အားအမြန်သွင်းနည်းပညာတစ်ခုကို ကမ္ဘာ့မိုဘိုင်းကွန်ဂရက် (MWC) ပွဲမှာ ပြသသွားခဲ့ပြီး၊ ဒီနည်းပညာဟာ စမတ်ဖုန်းတစ်လုံးကို အားလုံးဝမရှိရာကနေ အားအပြည့်ကို ၁၅ မိနစ်အတွင်း သွင်ပေးနိုင်တယ်လို့ ဆိုပါတယ်။
ဒီ့အပြင် အားအမြန်သွင်းနေစဉ်မှာ ဘက်ထရီအပူလွန်ကဲမှုမဖြစ်စေဖို့အတွက် သီးသန့်ရေးဆွဲထားတဲ့ အလိုဂရစ်သမ်တွေကို ထည့်သွင်းထားပြီး၊ အပူချိန်အနိမ့်မှာပဲ အမြဲရှိနေအောင်ပြုလုပ်ထားတယ်လို့ သိရပါတယ်။
Super VOOC နည်းပညာကို microUSB နဲ့ USB-C အားသွင်းကြိုးတွေနဲ့ အသုံးပြုနိုင်ပြီး၊ ဘက်ထရီပမာဏ 2500 mAh ရှိတဲ့ဖုန်းတွေမှာပဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ နောက်တစ်ချက်က Oppo ဖုန်းတွေမှာပဲ ဒီနည်းပညာ ပါဝင်မှာဖြစ်ပါတယ်။
Oppo ဖုန်းတွေဟာ ကမ္ဘာ့ဖုန်းဈေးကွက်မှာ ဈေးကွက်ဝေစုသိပ်မရသေးတဲ့ဖုန်းတွေဖြစ်ပေမယ့်၊ တရုတ်နဲ့ အာရှ နိုင်ငံတွေမှာတော့၊ ဝေစုအများအပြားရထားတဲ့ဖုန်းတွေ ဖြစ်ပါတယ်။
Ref: Mashable
Credit to ==> Digital Times