2/22/2016

♪ “Acer Liquid Z520” ♫


နည်းပညာပစ္စည်းများနှင့်ပတ်သက်၍ ပြည်တွင်းဈေးကွက်ထဲတွင် နာမည်ကြီးနေသော အမှတ် တံဆိပ်များ စွာရှိနေပါတယ်။ Acer, Asus, Lenovo စသည့်တံဆိပ်များသည် ကွန်ပျူတာပစ္စည်းများဘက် တွင်လည်း နာမည်ရှိပါတယ်။ ထိုတံဆိပ်များဟာ စမတ်ဖုန်းများကိုလည်း ထုတ်လုပ် ရောင်းချပေးထားပါတယ်။ အရည်အသွေးလည်းသင့်တင့်ပြီး ဈေးနှုန်း တန်ဖိုးအားဖြင့်လည်း သိပ်မများပါဘူး။ Acer ရဲ့ Liquid ဟန်းဆက် များဟာ သုံးစွဲသူများနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်ပါတယ်။

 Liquid Z520 ဟာ 2G,3G အထောက်အပံ့ကိုရ ရှိပါမယ်။ ဖုန်းရဲ့အရွယ်အစားပမာဏကတော့ 154 x 86 x 6.4mm ဖြစ်ကာ အလေးချိန်သည် 118g ရှိပါတယ်။ ဖုန်းရဲ့ ပုံပန်း သဏ္ဌာန်ဟာ လေးထောင့် ကျသောအသွင်ဒီဇိုင်းရှိပါတယ်။ ဆင်းကတ် နှစ်ကတ်ထည့် သွင်းအသုံးပြု နိုင်အောင်ဆောင်ရွက်ပေး ထားပါတယ်။ ထည့်သွင်းအသုံးပြုရမယ့် ဆင်းကတ်အမျိုးအစားကတော့ Micro Sim TFT capacitive touchscreen ရဲ့အကျယ်အ၀န်းပမာဏကတော့ 5inches ဖြစ်ပါတယ်။ မြင်ကွင်းစွမ်းရည်အ တွက် ထောက်ပံ့ပေးထားသော Pixels ပမာဏမှာ 480 x 854 ဖြစ်ပါတယ်။ 1" မှာရှိမယ့် Pixel ပမာဏ သိပ်သည်းဆကတော့ 187ppi ပါ။

ယခုဖုန်းတွင် ကင်မရာနှစ်မျိုးနှစ်စားပါရှိပြီး အဓိကကင်မရာသည် 8MP စွမ်းရည်ရှိကာ Auto Focus, LED Flash စနစ်များနဲ့ တွဲဖက်အသုံးပြုနိုင် ပါမယ်။ ပုံရိပ်များကို 3264 x 2448 Pixels ပမာဏနဲ့ဖော်ပြပေးပါမယ်။ ရှေ့ကင်မရာငယ်ကတော့ 2MP စွမ်းရည်ဖြစ်ပါတယ်။ မှတ်ဥာဏ်ပမာဏ အပိုင်းတွင် နှစ်မျိုးနှစ်စားရှိနိုင်ပါတယ်။ Internal Storage တွင် 8GB ပါရှိ ပါက RAM သည် 1GB ဖြစ်ပြီး RAM မှာ 2GB ရှိလျှင် Internal Storage တွင် 16GB ပါရှိပါမယ်။ ထည့်သွင်းပေးထားသော Chipset အမျိုးအစား ကတော့ Mediatek MT6582M ဖြစ်ပါတယ်။ အားသွင်းရမယ့် Battery မှာ Li-Po 2000mAh ပါ။

<Specification>
Network - GSM/HSPA
Screen - 5 inches
Memory - up to 32 GB
Bluetooth - v4.0
CPU - Quad Core 1.3GHz
OS - Android OS,v4.4.2
Contact - 01-2301797
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com