2/02/2016

♪ Facebook တွင် ဗီဒီယိုများ တိုက်ရိုက် ရိုက်ကူးထုတ်လွှင့်နိုင်ပြီ ♫


Facebook တွင် ဗီဒီယိုများ တိုက်ရိုက် ရိုက်ကူးထုတ်လွှင့်နိုင်သော Facebook Live ကို နာမည်ကျော်များသာ အသုံးပြုခွင့်ပေးထားခဲ့ခြင်းဖြစ်ပါသည်။ ယခုအခါ Facebook Live ကို အမေရိကန်ရှိ iPhone Users အားလုံး အသုံးပြုနိုင်ပြီဖြစ်သည်။ လာမည့် ရက်သတ္တပတ်အတွင်းတွင် တစ်ကမ္ဘာလုံးရှိ iOS Users အားလုံးအတွက် ဖြန့်ချီပေးမည်ဖြစ်ပြီး Android အတွက် App ဗားရှင်းတစ်ခုကိုလည်း မိတ်ဆက်မည်ဟု Facebook က ပြောပါသည်။

Facebook Live ကို Status Update Box မှနေ၍ အသုံးပြုနိုင်မည်ဖြစ်သည်။ Go Live ခလုတ်ကို နှိပ်၍ ဗီဒီယိုများကို တိုက်ရိုက်ထုတ်လွှင့်နိုင်မည်ဖြစ်သည်။ ဗီဒီယို ရိုက်ကူးထုတ်လွှင့်နေစဉ် ကြည့်ရှုသူအရေအတွက်နှင့် အမည်များကို မြင်တွေ့ရမည်ဖြစ်သည်။ ထို့အပြင် ကွန်းမန့်များကိုလည်း အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်မည်ဖြစ်သည်။ Facebook Live စွမ်းဆောင်ချက်သည် သီးခြား App များဖြစ်သည့် Meerkat နှင့် Periscope တို့နှင့် တူညီပါသည်။

ကွာခြားချက်မှာ Facebook Live Video များကို Periscope နှင့် Meerkat များကဲ့သို့ ၂၄ နာရီအပြီးတွင် ဖျက်မည်မဟုတ်ဘဲ Timeline တွင် သိမ်းဆည်းပေးထားမည်ဖြစ်သည်။ ဗီဒီယိုများ တိုက်ရိုက် ရိုက်ကူးထုတ်လွှင့်နိုင်သော Meerkat သည် ၂၀၁၅ ခုနှစ်တွင် ပေါ်ထွက်ခဲ့ပြီး လူကြိုက်များခဲ့ပါသည်။ Twitter ကလည်း Periscope ကို ၀ယ်ယူခဲ့ပြီး သူ၏ လူမှုကွန်ရက်တွင် ဗီဒီယို တိုက်ရိုက်ထုတ်လွှင့်မှု ၀န်ဆောင်မှုကို ပံ့ပိုးပေးခဲ့ပါသည်။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com