2/02/2016

♪ Huawei က Honor Holly 2 Plus နှင့် Honor 5X ကို အိန္ဒိယတွင် မိတ်ဆက် ♫


Huawei က ၂၀၁၄ ခုနှစ်တွင် ရောင်းချခဲ့သော Honor Holly ၏ မျိုးဆက် Holly 2 Plus ကို အိန္ဒိယတွင် မိတ်ဆက်လိုက်ပါသည်။ ယခင်မျိုးဆက်ကဲ့သို့ပင် Holly 2 Plus သည် စွမ်းဆောင်ရည်နိမ့် စမတ်ဖုန်းဖြစ်ပြီး ၅ လက်မ HD IPS Display သာ တပ်ဆင်ထားပါသည်။

1.3GHz 64-Bit MediaTek MT6735P Quad-Core Chipset မောင်းနှင်မည်ဖြစ်သည်။ 2GB RAM , 16GB Internal Storage ထည့်သွင်းထားပါသည်။ 128GB အထိဝင်ဆန့်သော microSD Card ထည့်သွင်းနိုင်ပါသည်။ ကင်မရာအပိုင်းတွင် ကောင်းမွန်ပြီး 13MP Camera နှင့် LED Flash တစ်ခုပါရှိပါသည်။ Selfie နှင့် Video Calls များအတွက် 5MP Camera ထည့်သွင်းထားပါသည်။ အရွယ်ကြီးမားသော 4000mAh Battery တပ်ဆင်ထားသည့်အတွက် အနည်းဆုံး တစ်ရက်ကျော် အသုံးခံပါသည်။ 4G LTE ဆက်သွယ်မှုကို ထောက်ပံ့သော SIM Card Slot နှစ်ခုပါရှိပါသည်။ ရူပီး ၈၄၉၉ တန်ကြေးရှိပြီး Flipkart နှင့် Amazon India တို့မှ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ရောင်းချမည်ဖြစ်သည်။

Holly 2 Plus အပြင် Honor 5X ကိုလည်း ကုမ္ပဏီက မိတ်ဆက်လိုက်ပါသည်။ ရူပီး ၁၂ ၉၉၉ တန်ကြေးရှိပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် Flipkart နှင့် Amazon India တို့တွင် ရောင်းချမည်ဖြစ်သည်။ ၅.၅ လက်မ 1080p IPS Display , Qualcomm Snapdragon 616 Octa-Core SoC , 2GB RAM, 16GB Internal Storage , 13MP Rear Camera, 5MP Selfie Camera , 3000mAh Battery တပ်ဆင်ထားပါသည်။ ဘက်ထရီတွင် Quick Charge 3.0 ပါရှိပါသည်။ လက်ဗွေရာ စစ်ဆေးသည့် စနစ်နှင့် 4G LTE ဆက်သွယ်မှုများကို ထောက်ပံ့ပါသည်။ ငွေနှင့် ရွှေရောင်များ ရွေးချယ်နိုင်ပါသည်။


Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com