2/02/2016

WhatsApp ကို သုံးစွဲသူ ၁ ဘီလီယံရှိလာ






Facebook ပိုင်ဆိုင်သော နာမည်ကျော် messaging ဝန်ဆောင်မှုဖြစ်သည့် WhatsApp ကို သုံးစွဲသူ ၁ ဘီလီယံရှိလာကြောင်း သိရသည်။

“ကျွန်တော်တို့ လျှောက်လမ်းနိုင်ခဲ့တဲ့ ခြေလှမ်းတွေအတွက် စိတ်လှုပ်ရှားမိပါတယ်။ ဒါပေမဲ့ WhatsApp ကို နောက်ထပ် လူ ၆ ဘီလီယံ သုံးစွဲနိုင်ဖို့ ကျွန်တော်တို့ ဆက်လက်လုပ်ဆောင်သွားရပါဦးမယ်။ ဆက်လျှောက်ရမယ့်ခရီးက အဝေးကြီး ကျန်ပါသေးတယ်” ဟု WhatsApp မှ ပြောကြားခဲ့သည်။

Facebook သည် WhatsApp ကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလတွင် ဒေါ်လာ ၂၂ ဘီလီယံဖြင့် ဝယ်ယူခဲ့သည်။
WhatsApp သည် ပထမနှစ် အသုံးပြုပြီးနောက် လစဉ်ကြေး ၉၉ ဆင့် ကောက်ခံမည့် အစီအစဉ်ကို ရပ်ဆိုင်းမည်ဟု ယခုလတွင် ပြောကြားခဲ့သည်။ သို့သော်လည်း WhatsApp အနေဖြင့် သုံးစွဲသူများနှင့် လုပ်ငန်းများအကြားရှိ ဆွေးနွေးပြောကြားမှုများမှ ငွေရှာနိုင်မည့်နည်းလမ်းကို ရှာဖွေသွားမည်ဟု Facebook အမှုဆောင်အရာရှိချုပ် မာ့ခ်ဇူကာဘက်ခ်က ရင်းနှီးမြှုပ်နှံသူများနှင့် တွေ့ဆုံပွဲ၌ ပြောကြားခဲ့သည်။

Ref: USAToday
 credit internetjournal
သီဟထိုက်
 www.thihahtike.com
<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download