12/13/2014

♪ မိုဘိုင်းဖုန်းကွန်ရက် အဆင့်မြှင့်တင်ခြင်းများ ဒီဇင်ဘာ ၂၆ ရက်နေ့အထိ ဆောင်ရွက်မည် ♫






Internet Journal
 
For Unicode
 
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မိုဘိုင်းဖုန်း ကွန်ရက်စက်ပစ္စည်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ဒီဇင်ဘာလ ၂၆ ရက်နေ့အထိဆောင်ရွက်မည် ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။



မိုဘိုင်းဖုန်းကွန်ရက် စက်ပစ္စည်းများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို (၆-၁၂-၂၀၁၄)၊(၉ -၁၂-၂၀၁၄)၊ (၁၁ -၁၂-၂၀၁၄) နှင့် (၁၂-၁၂-၂၀၁၄)ရက်နေ့ တို့တွင် မန္တလေးအနီး ဝန်းကျင်ဒေသများ၊ (၁၂ -၁၂- ၂၀၁၄) နှင့် (၁၆-၁၂-၂၀၁၄)ရက်နေ့ တို့တွင် မကွေးအနီး ဝန်းကျင်ဒေသများ၊ (၁၈-၁၂-၂၀၁၄) ရက်နေ့ တွင် မုံရွာအနီး ဝန်းကျင်ဒေသများ၊ (၁၉-၁၂-၂၀၁၄)ရက်နေ့တွင် မြစ်ကြီးနားအနီး ဝန်းကျင်ဒေသများ တွင် ဆောင်ရွက်မည် ဖြစ်ကြောင်း ကြေညာသည်။



(၂၃-၁၂-၂၀၁၄) ရက်နေ့တွင် လားရှိုးအနီး ဝန်းကျင်ဒေသများ၊ (၂၃ -၁၂-၂၀၁၄) နှင့် (၂၅-၁၂-၂၀၁၄)ရက်နေ့ တို့တွင် မိတ္ထီလာအနီး ဝန်းကျင်ဒေသများ၊ (၂၆-၁၂-၂၀၁၄)ရက်နေ့ တွင် ပခုက္ကူ နှင့် မူဆယ်အနီး ဝန်းကျင်ဒေသများ တွင် ည (၁၂)နာရီ အချိန်၌ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။



လုပ်ငန်းဆောင်ရွက်နေစဉ် အချိန်အတွင်း ဆက်သွယ်မှုကွန်ရက် ချိတ်ဆက်မှုများ ယာယီပြတ် .တောက်နိုင်ပြီး ပြတ်တောက်နိုင်သော အချိန်ကာလမှာ ခန့်မှန်းခြေ (၂၀)မိနစ် ခန့်ဖြစ်ကြောင်းမြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ကြေညာသည်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com