12/13/2014

♪ Facebook တြင္ dislike ခလုတ္ ထည့္သြင္းရန္ စဥ္းစားေနေၾကာင္း မာ့ခ္ဇူကာဘက္ခ္ ေျပာၾကား ♫


ကယ္လီဖိုးနီးယားျပည္နယ္ မန္လိုပ့ါခ္ၿမိဳ႕ရိွ ကုမၸဏီ၏ ႐ံုးခ်ဳပ္တြင္ မၾကာေသးမီက ျပဳလုပ္ခဲ့ေသာ အေမးအေျဖ က႑ တစ္ခု၌ Facebook အေနျဖင့္ သံုးစြဲသူမ်ား၏ စိတ္ခံစားမႈကို ေဖာ္ျပရာတြင္ Like ခလုတ္ကဲ့ သို႔ ေဖာ္ျပႏိုင္မည့္ အျခားနည္းလမ္းမ်ားကို စဥ္းစားေနေၾကာင္း အမႈေဆာင္အရာရိွခ်ဳပ္ မာ့ခ္ဇူကာဘက္ခ္ က ေျပာၾကားခဲ့သည္။

အဆိုပါ အေမးအေျဖ က႑တြင္ ကာလအတန္ၾကာကတည္းက ေတာင္းဆိုခဲ့သည့္ dislike ခလုတ္ကို Facebook တြင္ ထည့္သြင္းရန္ အစီအစဥ္ ရိွ၊ မရိွ ေမးျမန္းမႈအေပၚ ဇူကာဘက္ခ္က “ဒီကိစၥအတြက္ ကၽြန္ေတာ္တို႔ စဥ္းစားေနပါတယ္” ဟု ေျဖၾကားခဲ့သည္။

သို႔ေသာ္ အဆိုပါ ခလုတ္ကို dislike အျဖစ္ ေခၚဆိုရန္ မေသခ်ာေၾကာင္း ၎က ရွင္းလင္းေျပာၾကားခဲ့သည္။ လူအမ်ားစုသည္ Facebook ေပၚတြင္ ေတြ႕ျမင္ရသည့္ post မ်ားကို like မဟုတ္ဘဲ အျခားေသာ စိတ္ခံစားခ်က္မ်ားျဖင့္ ေဖာ္ျပရန္ ဆႏၵရိွၾကေၾကာင္း ဇူကာဘက္ခ္က ဆိုခဲ့သည္။

“လူတိုင္းက Like ခလုတ္ကိုႏွိပ္ၿပီး သူတို႔ရဲ႕ စိတ္ခံစားခ်က္ကို ေဖာ္ျပၾကပါတယ္။ ဒါဟာ တစ္စံုတစ္ေယာက္ရဲ႕ စိတ္ခံစားခ်က္နဲ႔ ထပ္တူၾကေၾကာင္း ဒါမွမဟုတ္ စာနာေထာက္ထားေၾကာင္းကို ေဖာ္ျပျခင္း ျဖစ္ပါတယ္။ ဒါေပမဲ့ တစ္ခါတစ္ေလမွာ Like ခလုတ္နဲ႔ မသင့္ေတာ္တဲ့ one-click တံု႔ျပန္မႈမ်ိဳးနဲ႔ လူေတြက သူတို႔ရဲ႕ စိတ္ခံစားခ်က္ကို ေဖာ္ျပလိုၾကပါတယ္။ အဲ့ဒီအတြက္ ကၽြန္ေတာ္တို႔အေနနဲ႔ သင့္ေတာ္မယ့္ နည္းလမ္းနဲ႔ လုပ္ေဆာင္ဖို႔ လိုပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ dislike ဒါမွမဟုတ္ အႏႈတ္လကၡဏာေဆာင္တဲ့ အျခား စိတ္ခံစားခ်က္က လြဲမွားတဲ့ အေၾကာင္းကိစၥရပ္ေတြ အတြက္ အလြယ္တကူ အသံုးျပဳႏိုင္တာေၾကာင့္ပါ” ဟု ဇူကာဘက္ခ္က ေျပာၾကားခဲ့သည္။


For Unicode

ကယ်လီဖိုးနီးယားပြည်နယ် မန်လိုပါ့ခ်မြို့ရှိ ကုမ္ပဏီ၏ ရုံးချုပ်တွင် မကြာသေးမီက ပြုလုပ်ခဲ့သော အမေးအဖြေ ကဏ္ဍ တစ်ခု၌ Facebook အနေဖြင့် သုံးစွဲသူများ၏ စိတ်ခံစားမှုကို ဖော်ပြရာတွင် Like ခလုတ်ကဲ့ သို့ ဖော်ပြနိုင်မည့် အခြားနည်းလမ်းများကို စဉ်းစားနေကြောင်း အမှုဆောင်အရာရှိချုပ် မာ့ခ်ဇူကာဘက်ခ် က ပြောကြားခဲ့သည်။



အဆိုပါ အမေးအဖြေ ကဏ္ဍတွင် ကာလအတန်ကြာကတည်းက တောင်းဆိုခဲ့သည့် dislike ခလုတ်ကို Facebook တွင် ထည့်သွင်းရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းမှုအပေါ် ဇူကာဘက်ခ်က “ဒီကိစ္စအတွက် ကျွန်တော်တို့ စဉ်းစားနေပါတယ်” ဟု ဖြေကြားခဲ့သည်။



သို့သော် အဆိုပါ ခလုတ်ကို dislike အဖြစ် ခေါ်ဆိုရန် မသေချာကြောင်း ၎င်းက ရှင်းလင်းပြောကြားခဲ့သည်။ လူအများစုသည် Facebook ပေါ်တွင် တွေ့မြင်ရသည့် post များကို like မဟုတ်ဘဲ အခြားသော စိတ်ခံစားချက်များဖြင့် ဖော်ပြရန် ဆန္ဒရှိကြကြောင်း ဇူကာဘက်ခ်က ဆိုခဲ့သည်။



“လူတိုင်းက Like ခလုတ်ကိုနှိပ်ပြီး သူတို့ရဲ့ စိတ်ခံစားချက်ကို ဖော်ပြကြပါတယ်။ ဒါဟာ တစ်စုံတစ်ယောက်ရဲ့ စိတ်ခံစားချက်နဲ့ ထပ်တူကြကြောင်း ဒါမှမဟုတ် စာနာထောက်ထားကြောင်းကို ဖော်ပြခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခါတစ်လေမှာ Like ခလုတ်နဲ့ မသင့်တော်တဲ့ one-click တုံ့ပြန်မှုမျိုးနဲ့ လူတွေက သူတို့ရဲ့ စိတ်ခံစားချက်ကို ဖော်ပြလိုကြပါတယ်။ အဲ့ဒီအတွက် ကျွန်တော်တို့အနေနဲ့ သင့်တော်မယ့် နည်းလမ်းနဲ့ လုပ်ဆောင်ဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ dislike ဒါမှမဟုတ် အနှုတ်လက္ခဏာဆောင်တဲ့ အခြား စိတ်ခံစားချက်က လွဲမှားတဲ့ အကြောင်းကိစ္စရပ်တွေ အတွက် အလွယ်တကူ အသုံးပြုနိုင်တာကြောင့်ပါ” ဟု ဇူကာဘက်ခ်က ပြောကြားခဲ့သည်။

Ref: Mashable
Internet Journal

<<< ေအာက္မွာ Click တစ္ခ်က္ေလာက္ႏွိပ္ေပးျခင္းအားျဖင့္ တစ္ဖက္တစ္လမ္းကကူညီရာေရာက္ပါတယ္။ >>>
 



www.pyaephyo.com