12/27/2014

♪ Samsung Galaxy Mega 2 ရဲ့စွမ်းဆောင်ချက်များ ♫


မကြာမီနှစ်သစ်ကူးရုံးပိတ်ရက်များကို တတိယနိုင်ငံများမှ လူများခံစားရမှာဖြစ်ပြီး၊ သက်ဆိုင်သောပျော်ပွဲ ရွှင်ပွဲများကို ကျင်းပကြတော့မှာဖြစ်ပါတယ်။ တစ်ဦးနှင့်တစ်ဦး လက်ဆောင်များပေးအပ်သည့် ခရစ္စမတ် ကာလကလည်း ရောက်ရှိလာပါတော့မယ်။ ဒီလိုလက်ဆောင်ပေးခြင်းထဲတွင် လိုအပ်သောအသုံးဆောင် ပစ္စည်းများ၊ စားသောက်ဖွယ်ရာများကို ပေးအပ်ခြင်းများရှိသလို ခေတ်မီသော လှပသည့် ပစ္စည်းများကိုလည်း အဆန်းတကြယ်အဖြစ် ပေးကြပါတယ်။

အခုအခါတွင် နည်းပညာပစ္စည်းများကိုလည်း လက်ဆောင်ပစ္စည်း သဘောမျိုးပေးလာနိုင်ကြပြီ ဖြစ်ပါ တယ်။ နှစ်သစ်ကူးကာလဖြစ်ခြင်းကြောင့် စမတ်ဖုန်းနှင့် တက်ဘလက်များ ကို ဈေးနှုန်းများ လျော့ချ၍ ရောင်း ချပေးခြင်းများလည်း ရှိပါတယ်။ အချို့ဆိုင်များဆိုလျှင် ၀န်ဆောင်မှုအနေဖြင့် ဆင်းကတ်နှင့် အခြား Accessories များကို ထပ်ပေါင်း၍လက်ဆောင်သဘောမျိုးပေးကြပါတယ်။ Samsung တံဆိပ်ထဲမှ ပထမ တန်းစားဟန်းဆက်ကို အသုံးပြုချင်တယ်ဆိုရင် Grand Series ဖုန်းအသစ်များနှင့် Mega ဖုန်းအသစ်တို့ ရှိပါတယ်။ Mega 2 ဟာ 2G,3G,4G Network အထောက်အပံ့များရရှိမှာဖြစ်ပြီး၊ တရုတ်နိုင်ငံအတွက် ထုတ်လုပ်ပေးသော Mega 2 ဖုန်းသည် ဆင်းကတ်နှစ်ခု ထည့်သွင်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဖုန်းရဲ့ အရွယ်အစားပမာဏကတော့ 163.6x8.6mm ဖြစ်ကာ အလေးချိန်ကတော့ 194 g ရှိပါတယ်။ 

Capacitive touchscreen ဟာ 6 inches အကျယ်အ၀န်းရှိပါတယ်။ Mega ဖုန်းများရဲ့ မျက်နှာပြင်များသည် ကျယ်ဝန်းတာကြောင့် အရွယ်အစားကြီးမားတဲ့ စမတ်ဖုန်းများကို သုံးစွဲချင်သူများအတွက် အဆင်ပြေစေပါ လိမ့်မယ်။ ပုံရိပ်ဖော်ပြမှုအပိုင်းတွင် ကောင်းမွန်သော ရုပ်ထွက်ရရှိနိုင်စေဖို့အတွက် ထောက်ပံ့ပေး ထားသော pixesl ပမာဏကတော့ 720x1280 ဖြစ်ပါတယ်။ တစ်လက်မမှာရှိမယ့် pixel ပမာဏသိပ် သည်းဆသည် 245 ppi ပါ။ အသံပိုင်းစနစ်လည်း ကောင်းမွန်သောဖုန်းတစ်လုံးဖြစ်ပါတယ်။ 

ဓာတ်ပုံရိုက်ကူးနိုင်စေဖို့အတွက် ကင်မရာနှစ်မျိုးတပ်ဆင်ပေးထားပြီး၊ အဓိကကင်မရာသည် 8 MP စွမ်းရည် ရှိပါတယ်။ ရှေ့က်ငမရာငယ်ကတော့ 2.1 MP စွမ်းရည်ပါ။ 1080 p စွမ်းရည်ဖြင့် ဗီဒီယို ရိုက်ကူးပါက တစ်စက္ကန့်ကို 30 Frames နှုန်းရရှိပါမယ်။ ထည့်သွင်းပေးထားသော Chitpset နှင့် CPU, GPU အမျိုးအစား တို့သည် မော်ဒယ်နံပါတ်ပေါ်မူတည်၍ကွဲပြားနိုင်ပါတယ်။ CPU စွမ်းရည်တွင် Quad Core 1.5 GHz နှင့် 1.2 GHz ဆိုပြီး၊ ကွဲပြားနိုင်ပါတယ်။ ထည့်သွင်းပေးထားသော RAM ပမာဏကတော့ 1.5GB ဖြစ်ပါတယ်။ မှတ်ညဏ်ပမာဏကို 64 GB အထိ အများဆုံးချဲ့ထွင်နိုင်ပါမယ်။ အားသွင်း အသုံးပြုရမယ့် ဘက်ထရီအမျိုးအစားကတော့ Li-Lon 2800 mAh ဖြစ်ပါတယ်။


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com