12/29/2014

♪ လက်အရွယ်အစားသေးငယ်သူများအတွက် iPhone 6s Mini ကို Apple ဖြန့်ချိဖွယ်ရှိဟုဆို ♫


Apple သည် ၂၀၁၅ ခုနှစ်တွင် လက်အရွယ်အစား သေးငယ်သူများ အသုံးပြုနိုင်သော ၄ လက်မ အရွယ်ရှိ iPhone 6s Mini ကိုဖြန့်ချိသွားဖွယ်ရှိကြောင်း ကောလာဟလသတင်းများ ထွက်ပေါ်လာသည်။

Apple ကုမ္ပဏီသည် ၂၀၁၅ ခုနှစ်တွင် iPhone ဗားရှင်းသုံးမျိုးကို ဖြန့်ချိသွားဖွယ်ရှိပြီး ၎င်းတို့မှာ ၄.၇ လက်မ iPhone 6s, ၅.၅ လက်မအရွယ်ရှိ iPhone 6s Plus နှင့် iPhone 6s Mini ဟုအမည်ရသည့် ၄ လက်မမော်ဒယ်ကို ဖြန့်ချိသွားဖွယ်ရှိကြောင်း Cowen ကုမ္ပဏီ၏ လေ့လာဆန်းစစ်သူ တီမိုသီအာကျူရီ က ပြောကြားသွားခဲ့သည်။ Apple အနေဖြင့် iPhone 5s နှင့် specs ဆင်တူသော 6s mini ကိုထုတ်လုပ် ဖွယ်ရှိပြီး iPhone 6 ကဲ့သို့ မျက်နှာပြင်ကွေးအစွန်းများအပြင်  တန်ဖိုးနည်း အစိတ်အပိုင်းများဖြင့် တည်ဆောက်ထားဖွယ် ရှိကြောင်း အာကျူရီကပြောကြားခဲ့သည်။

အဆိုပါကောလာဟလ သတင်းများနှင့် ပတ်သက်၍  Apple သည် မည်သည့်မှတ်ချက်မှ မပေးခဲ့ကြောင်း သိရသည်။ အကယ်၍ ကုမ္ပဏီ အနေဖြင့် ဖော်ပြပါ စမတ်ဖုန်းများ ထုတ်လုပ်ခဲ့ပါက ၎င်းဟန်းဆက်များသည် Apple ၏တန်ဖိုးနည်း iPhone 5c နေရာတွင် အစားဝင်လာဖွယ် ရှိနေသည်။

လေ့လာဆန်းစစ်သူတစ်ဦးဖြစ်သူ အာကျူရီသည် ယခင်က Apple မှထုတ်လုပ်မည့် စမတ်ဖုန်းများနှင့် ပတ်သက်၍ခန့်မှန်းခဲ့ဖူးသူဖြစ်သည်။ ၎င်းက iPhone 6 တွင် ပိုမိုကြီးမားသောမျက်နှာပြင် ပါဝင်လာနိုင်
ကြောင်း  အဆိုပါဖုန်း မထွက်ရှိမီက ခန့်မှန်းခဲ့သေးသည်။

Ref: PCMag

Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 







**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download