12/29/2014

♪ အနောက်ဘက် ကင်မရာနှစ်လုံးပါသည့် Huawei Honor 6 Plus ကို ရောင်းပြီ ♫

2

Huawei Honor 6 Plus ကို တရုတ်တွင် ကြေညာလိုက်ပြီ ဖြစ်သည်။ HTC One M8 ကဲ့သို့ပင် Honor 6 Plus တွင် 8MP Rear Camera နှစ်လုံးတပ်ဆင်ထားပါသည်။

Huawei Honor 6 Plus တွင် ၅.၅ လက်မ IPS 1080p Display နှင့် Huawei ၏ Kirin 925 Chipset ကိုတပ်ဆင်ထားပါသည်။ Chipset တွင် Cortex-A15 လေးလုံးနှင့် Cortex-A7 လေးလုံးတပ်ဆင်ထားပြီး Octa-Core Processor ဖြစ်ပါသည်။ 3GB RAM ပါရှိပြီး 32GB Storage အထိ တိုးမြှင့် အသုံးပြုနိုင်ပါသည်။

Huawei Honor 6 Plus ၏ ထူးခြားချက်မှာ အနောက်ဘက် 8MP ကင်မရာနှစ်လုံးဖြစ်ပါသည်။ Software နှင့် ကင်မရာကို ပေါင်းစပ်ထားပြီး 13MP ဓါတ်ပုံများကို ရိုက်ကူးနိုင်ပါသည်။ ကင်မရာနှစ်လုံးက ကင်မရာတစ်လုံးထက် အလင်းရောင်ကို နှစ်ဆ ဖမ်းယူပေးနိုင်ပါသည်။ ၀.၁ စက္ကန့်ဖြင့် Autofocus ပြုလုပ်ပေးနိုင်ပါသည်။

Huawei Honor 6 Plus တွင် 3600mAh Battery ပါရှိပြီး Android 4.4.4 KitKat ကို Emotion UI 3.0 နှင့် တွဲဖက် အသုံးပြုထားပါသည်။ Dual-SIM အမျိုးအစားရှိ Slot နှစ်ခုလုံးသည် 4G LTE ကို အထောက်အပံ့ပေးပြီး ယွမ် ၂၄၉၉ သတ်မှတ်ထားပါသည်။ Single-SIM အမျိုးအစားကို ယွမ် ၁၉၉၉ သတ်မှတ်ထားပါသည်။

Myanmar DigitalLife Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com