12/27/2014

♪ မန်းတွင် ပြင်ပမိုဘိုင်း ဆင်းမ်ကတ်ဈေးနှုန်း ကျဆင်းလာ ♫

http://2.bp.blogspot.com/-oY0ObEXHHZ4/UYeUuR_fJbI/AAAAAAAAG1Q/H5xPy-U87Z4/s400/untitled.jpg

မန်းမိုဘိုင်း ဆင်းမ်ကတ်ဈေးကွက်မှာ အေးစက်နေပြီး ဈေးနှုန်းများ ကျဆင်းလာလျက် ရှိကြောင်း Facebook အသုံးချ မန်းမိုဘိုင်း ဆင်းမ်ကတ်ဈေးကွက် Group,Page များမှတစ်ဆင့် သိရ သည်။ ရောင်းမည်/ဝယ်မည် မန္တလေး facebook group တွင် ရောင်းချလျက်ရှိသော အရောင်း အဝယ်သမား တစ်ဦးမှ “ Telenor ဆင်းမ်ကတ်က  ရိုးရိုးသာမန်နံပါတ်ဆို ဘေလ်မပါဘဲ အလွတ် ကျပ် ၃,၀၀၀ အနည်းဆုံး ရှိတယ်။ ဘေလ် ၃,၀၀၀ ကျပ် ပါပြီးသား ဆိုရင်တော့ အနည်းဆုံး ၅,၅၀၀ ကျပ်ဝန်းကျင်ကနေ ဈေးစရှိပါတယ်။ နံပါတ် အလှ၊အပူးအလိုက် ဈေးပိုတာ ရှိပါမယ်။ MPT ကတ်ကတော့ ၄,၅၀၀ ကျပ်လောက်ပျမ်းမျှ ဈေးပေါက် ပါတယ်။ Ooredoo ကတ်တွေဆိုဈေးနှုန်း ၇၀၀ကျပ်၊ ၈၀၀ ကျပ် လောက်တောင် လျှော့ချရောင်း ချနေတာတွေတော့ Group တွေ မှာ တွေ့လာရ ပါတယ်။ ဈေးတွေ ကျလာတာကတော့ ၃ ရက်၊ ၄ ရက်လောက်တော့ ရှိနေပါပြီ" ဟု ပြောသည်။

၇၈ လမ်း ၂၇x ၂၈ x ၂၉ တစ်လျောက်ရှိ လမ်းဘေးတွင် ရောင်းနေသူများထံ၌ Telenor ဆင်းမ်ကတ် ရိုးရိုးနံပါတ်ကို ဈေးဆစ်ရင် ၂,၀၀၀ ကျပ် ၂,၅၀၀ ကျပ် လောက်ထိ ရနိုင်ကြောင်းနှင့် MPT ကတ်ကို ၄၅၀၀ ၀န်းကျင်ဖြင့် ရောင်းချလျှက် ရှိသည်ဟု  သိရသည်။

“လမ်းဘေးဝယ်ရင်တော့ တစ်ခုတော့သတိထားရတယ်။ MPT ကတ် အင်တာနက်ပါပြီးသား ၂၀,၀၀၀ ဆိုပြီး ဝယ်လာတာ အိမ်ရောက်တော့ ဟန်းဆက်ထဲ ထည့်ကြည့်တော့မှ အင်တာနက်လိုင်း မပါသေးတာ ကြုံဖူးတယ်။ ဟန်းဆက်တစ်ပါတည်းယူသွားပြီး ၀ယ်ရင်တော့ အဆင်ပြေနိုင်ပါ တယ် " ဟု လမ်း ၃၀တွင်နေ ထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။

ပြင်ပဈေးကွက်အတွင်း ရောင်းချသော ဆင်းမ်ကတ်အများစုမှာ Activate လုပ်ထားပြီးသား ဆင်းမ်ကတ် များဖြစ်ပြီး မှတ်ပုံတင်မိတ္တူပင် မလိုအပ်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ လက်ရှိ အခြေအနေတွင် Telenor ဆင်းမ်ကတ်များမှာ ဈေးနှုန်းထပ်မံ ကျဆင်းနိုင်ဖွယ် မရှိကြောင်း ဈေးကွက်အတွင်း အရောင်း အဝယ်သမား အချို့က သုံးသပ် ပြောကြားသည်။

Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 


www.pyaephyo.com