12/31/2014

♪ Samsung Galaxy Note Edge အကြောင်းအသေးစိတ်ဖော်ပြချက်များ ♫


မိုဘိုင်းဈေးကွက်မှာ နာမည်ရှိတဲ့ Super AMOLED နည်းပညာနဲ့ ပြုလုပ်ဖုန်တီးထားတဲ့ ဖုန်းရဲ့မျက်နှာပြင်ကို Samsung Galaxy Note Edge မှာ ပါရှိမှာဖြစ်ပြီး Samsung ရဲ့ ထူးခြားတဲ့အသွင်နဲ့ Note Edge ရဲ့ Design ဟာ သုံးစွဲသူအများအပြားကို ဆွဲဆောင်နိုင်ပါလိမ့်မယ်။ ဘေးဘောင်သွယ်ဝိုက်နေတဲ့ ပုံစံ မျက်နှာပြင်ကို အသားပေးဖွဲ့စည်းတည်ဆောက်ထားတာဖြစ်ပြီး တစ်မူထူးခြားတဲ့ စမတ်ဖုန်းတစ်လုံးဆိုလည်း မမှားပါဘူး။ Qualcomm Snapdragon 805 processor ပါဝင်တာမို့ ဖုန်းအတွက် အလုပ်ကောင်းကောင်း ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်။

* Design and build
Galaxy Note Edge ရဲ့ မျက်နှာပြင်ဟာ Note 4 ထက်အနည်းငယ်မျှ သေးငယ်သော်လည်း ဘေးဘောင် သွယ်ဝိုက်နေတဲ့ အနေအထားဒီဇိုင်းကြောင့် လူအများရဲ့ အာရုံစူးစိုက်ခြင်းကို ခံနေရပါတယ်။ မျက်နှာပြင် ကြည်လင်ပြတ်သားပြီး အရောင်အသွေး စုံလင်အောင် ပေးစွမ်းနိုင်တာတွေက Samsung ရဲ့ အားသာ ချက်တွေ ဖြစ်ပါတယ်။ နည်းပညာအဆင့်အတန်းမြင့်မားပြီး သုံးစွဲမှုအပိုင်း အဆင်ပြေအောင် ပြုလုပ်ပေး ထားဖြစ်ပါတယ်။ Screen အရွယ်အစား ကြီးမားပြီး သုံးစွဲရခက်ခဲမှုမရှိအောင် Samsung Note Edge ကို လက်နှစ်ဖက်လုံး ကိုင်တွဲအသုံးပြုနိုင်အောင် ဖန်တီးပေးထားပါတယ်။ Note Edge ရဲ့ ကျောဘက်ကို Leather Coating နဲ့ ဒီဇိုင်းအရလှပပြီး ဆွဲဆောင်မှုရှိစေအောင်တည်ဆောက်ပေးထားပါတယ်။ အခြား Samsung ရဲ့ စမတ်ဖုန်းများနဲပ မတူညီတဲ့အချက်ကတော့ Note Edge ရဲ့ Power/Lock Button ကို ဖုန်းရဲ့ ညာဘက်အပေါ်နားမှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။

* Display
မျက်နှာပြင်အရွယ်အစားမှာ အရင် Note 4 ရဲ့မျက်နှာပြင် 5.7 လက်မထက် 0.1 လက်မနည်းတဲ့ 5.6 လက်မ display ဖြစ်ပြီး ရုပ်ထွက် ပိုမိုကောင်းမွန်တဲ့ 1600 x 2560 pixel ကို အသုံးပြုထားပါတယ်။ အဆင့်မြင့်မျက်နှာပြင် သိပ်သည်းဆ 524 ppi ပါရှိပြီး Gorilla Glass 3နဲ့ စင်းရာခြစ်ရာတွေမှ ကာကွယ်ပေးပါတယ်။ Flashlight, Voice Recorder, Timer, Rules စတဲ့ app တွေလွယ်ကူစွာအသုံးပြုဖို့ Edge Windows ကို တွဲဖက်အသုံးပြုနိုင်ပါတယ်။Fingerprint sensor နဲ့ S Pen Stylus features တွေကိုလည်း ကောင်းကောင်း အသုံးချနိုင်ပါတယ်။ ဘေးဘောင်သွယ်ဝိုက်ပြီး သီးခြား Display တစ်ခုအနေနဲ့ ပါဝင်တာက ထူးခြားချက်လို့ ဆိုနိုင်ပါါတယ်။

* Operating System and Software
Galaxy Note Edge မှာ Android 4.4.4 (KitKat) version ပါဝင်ပြီး Google ရဲ့ နောက်ဆုံးပေါ် Android 5.0 (Lollipop) ကိုပါ မြှင့်တင်အသုံးပြုနိုင်ဦးမှာ ဖြစ်ပါတယ်။ 5.6 လက်မ QHD display နဲ့ 16MP rear camera ကို ရုပ်ထွက်ကောင်းကောင်းမွန်အောင်ဆောင်ရွက်နိုင်ပြီး 4K video တွေ ရိုက်ကူနိုင်ပါတယ်။ Frontcamera က Full HD 1440p ဗီဒီယိုကို ရိုက်ကူးပေးနိုင်မယ့် 3.7 MP ပါဝင်ပါတယ်။ ဓာတ်ပုံရိုက်ရာတွင် Curved section မှ shortcut များကိုပါ တွဲဖက် အသုံးပြုနိုင်ပြီး ဓာတ်ပုံဝါသနာပါသူများ အတွက် အသုံးဝင်စေပါလိမ့်မယ်။

* Performance
Qualcomm Snapdragon 805 chipset ကို သုံးထားပြီး Qual-core 2.7GHz Krait 450 clock speed နဲ့ မြန်နှုန်းမြင့် စွမ်ဆောင်ပေးနိုင်ပါတယ်။ RAM 3GB ကို ပြည့်ပြည်၀၀ အသုံးပြုလို့ ရအောင် ထောက်ပံ့ပေးထားပါတယ်။ Memory storage ကို 16GB နဲ့ 32GB (၂) မျိုး ရွေးချယ်နိုင်ပြီး micro SD နဲ့ 128GB ထိ တိုးမြှင့်နိုင်ပါတယ်။ ဘက်ထရီစွမ်းဆောင်ရည် မြင့်မားတဲ့ Li-Ion 3000mAh Battery သုံးစွဲပေးထားပါတယ်။

Netguide Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com