12/31/2014

♪ Gionee Elife S5.1 ရဲ့ အားသာချက် ၊ အားနည်းချက် ၊ နည်းပညာ ၊ ဒီဇိုင်း နှင့် သုံးသပ်ချက်မျာ။ ♫


အားသာချက်
S5.1 မှာ ပါဝင် ဖွဲ့စည်းထားတဲ့ CPU, GPU အစရှိတဲ့ Hardware စနစ်ပိုင်းတွေနဲ့ ဖုန်းထဲမှာ အသုံးပြုနိုင်မယ့် စနစ်တွေဟာ မြင့်မားကောင်း မွန်နေတဲ့အပြင် ကင်မရာ စနစ်ပိုင်းမှာလည်း နည်းပညာ ပိုင်းတွေကို ပိုမိုအဆင့် မြှင့်တင်ပေး ထားတာကြောင့် ဓာတ်ပုံစနစ်ပိုင်းမှာ ကောင်းမွန်စွာ အသုံးပြုနိုင်ပါတယ်။ ရှေ့ကင်မရာ စနစ်ကလည်း Mega Pixel မြင့်မားတဲ့ ကင်မရာ ဖြစ်တာကြောင့် Selfi စနစ်အတွက် အကောင်းဆုံး အသုံးပြုနိုင်တဲ့ အပြင် ဘက်ထရီစနစ်နဲ့ ပါဝါအသုံးပြုခြင်း ပုံစံတွေမှာလည်း ကောင်းမွန်ပြီး ဈေးနှုန်းသင့်တင့်တဲ့ နည်းပညာမြင့် စမတ်ဖုန်း တစ်လုံး ဖြစ်ပါတယ်။ မြန်မာစာ စနစ်လည်း တစ်ပါတည်း ပါဝင်တဲ့အပြင် Power Saving စနစ်မှာလည်း ပြည့်ပြည့်စုံစုံ အသုံးပြုနိုင်ပါတယ်။

အားနည်းချက်
နည်းပညာ ပိုင်းတွေနဲ့ ဖုန်းအသုံးပြု စနစ်ပိုင်းတွေမှာ ပြည့်စုံကောင်းမွန် နေပေမယ့်လည်း မှတ်ဥာဏ် စနစ်ပိုင်းမှာတော့ မှတ်ဥာဏ်ထပ်တိုး အသုံးပြုလို့ မရနိုင်ပါဘူး။ Internal Memory 16GB  နဲ့ 2GB RAM စနစ်တွေဟာ လုံလောက်တဲ့ မှတ်ဥာဏ် စနစ်တွေလို့ ဆိုနိုင်ပေမယ့်လည်း မှတ်ဥာဏ်ထပ်တိုး အသုံးပြုလို့ မရတဲ့အတွက် ဖုန်းထဲမှာ ရှိနေတဲ့ အချက်အလက်တွေကို  SD Card ပေါ်ကိုခွဲခြား သိမ်းဆည်းနိုင်မှာ မဟုတ်ပါဘူး။  ဒါကြောင့် အရေးကြီး အချက်အလက်တွေကို ပျက်မသွားစေဖို့အတွက် Backup စနစ်ကို ကောင်းကောင်း အသုံးပြုနိုင်ဖို့ လိုအပ်ပါလိမ့်မယ်။


ဒီဇိုင်း
S 5.1 ဟာပုံစံ ဒီဇိုင်းပိုင်းမှာ ဆွဲဆောင်မှုတဲ့ ပုံစံမျိုး ရှိနေပါတယ်။ လေးထောင့်ဆန်ဆန် ပုံစံမျိုးဖွဲ့စည်း တည်ဆောက်ထားပြီး အရွယ်အစား ပိုင်းကလည်း ကြီးမားလွန်းခြင်း မရှိပါဘူး။ ဖုန်းကိုယ်ထည် ရဲ့ ဘေးဘောင် ဟာ သတ္တုကိုယ်ထည် ဖွဲ့စည်းတည်ဆောက်မှု ပုံစံဖြစ်ပြီး နောက်ဘက် ကာဗာကတော့ ပလတ်စတစ် ကာဗာပုံစံမျိုး ပြုလုပ်ထားတာ ဖြစ်ပေမယ့် Groilla Glass နဲ့ ဖုံးအုပ်ထားတဲ့ အတွက် နောက် ဘက်ကာဗာဟာလည်း ရှေ့မျက်နှာပြင်လိုပဲ ပြောင်လက်နေတဲ့ မြင်ကွင်းပုံစံမျိုးကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဖုန်းတစ်ခုလုံးရဲ့ အရွယ်အစားကတော့ အထက် အောက်အမြင့် ၁၃.၉၈ စင်တီမီတာရှိပြီး ဘေးတိုက် အကျယ်ကတော့ ၆.၇၄ စင်တီမီတာ ရှိပါတယ်။ ထုထည်ကတော့ ၀.၅၂ စင်တီမီတာ ရှိတဲ့အတွက် တော်တော်လေး ပါးလွှာတယ်လို့ ဆိုနိုင်တဲ့ ဖုန်းပါပဲ။ လက်ရှိ ပြည်တွင်း ဈေးကွက်ထဲမှာ ရှိနေတဲ့ ဖုန်းတွေထဲမှာတော့ ပါးလွှာမှုအဆင့် ကောင်းမွန်တဲ့ ဖုန်းအမျိုးအစား တစ်ခုဖြစ်ပြီး အလေးချိန်ကလည်း ၉၇.၇ ဂရမ်သာ ရှိတဲ့အတွက် ပေါ့ပါးမှုလည်း ရှိနေပါတယ်။ ဖုန်းတစ်ခုလုံးရဲ့ အရွယ်အစားပိုင်းနဲ့ အလေးချိန်ပိုင်းဟာ စိတ်ကျေနပ်စရာ အကောင်းဆုံး ပုံစံမှာရှိနေပြီး ထိတွေ့အသုံးပြုတဲ့ နေရာမှာလည်း လက်တစ်ဖက်တည်းနဲ့ ကောင်းကောင်း ထိန်းကျောင်း အသုံးပြုနိုင်ပါတယ်။ Screen အရွယ်အစားကတော့ ၄.၈ လက်မ အရွယ်အစားရှိပြီး Screen ဘေးဘောင်တွေဟာလည်း သေးငယ် ပါးလွှာတဲ့အတွက် မြင်ကွင်းအပြည့် ပုံစံမျိုး ခံစားရစေမှာပါ။ စပီကာတွေကတော့ ဖုန်းရဲ့နောက်ကျောဘက် အောက်ခြေနားမှာ ရှိနေပြီး ပါဝါခလုတ်နဲ့ အသံအတိုးအကျယ် ခလုတ်တွေ ကတော့ဖုန်းရဲ့ ဘယ်ဘက် ဘေးဘောင်မှာ ရှိနေပါတယ်။ Sim Card Slot ကတော့ ဖုန်းရဲ့ ညာဘက်ဘေးဘောင်မှာ ရှိနေပြီး Micro Sim စနစ်ကို အသုံးပြုရမှာ ဖြစ်ပါတယ်။ GSM 2G/ 3G ကွန်ရက်တွေမှာ အသုံးပြုနိုင်မယ့် ဖုန်းပါ။

နည်းပညာ
ကင်မရာ စနစ်ပိုင်းမှာ နည်းပညာပိုင်း တိုးမြှင့်မှုတွေကို မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ ကင်မရာ စနစ်နှစ်မျိုး ပါဝင်ပြီး သာမန်ရိုးရိုး ကင်မရာစနစ် တစ်ခုနဲ့အတူ CharmCam ဆိုတဲ့ ကင်မရာ စနစ်တစ်ခု ထပ်မံဖြည့်စွက် ထည့်သွင်းပေးထားပြီး CharmCam ကင်မရာစနစ်မှာ နည်းပညာ သစ်တွေကို ပေါင်းစပ်ပေးထားတာပါ။ ဓာတ်ပုံရိုက်ချိန်မှာ ပုံမှန်ရိုးရိုး ဓာတ်ပုံတစ်ခုကိုသာ ရိုက်လိုက်ပြီး ဓာတ်ပုံရရှိချိန်တွင် ပါးနီ၊ မိတ်ကပ်နှင့် မျက်လုံး မျက်ခုံးများကို အရောင်များ ထည့်သွင်းနိုင်သော Makeup စနစ်၊ ဓာတ်ပုံကို ကြိုက်နှစ်သက်ရာ အရောင်တွေနဲ့ ရိုက်ကူးနိုင်မယ့် Live Filters စနစ်၊ ဓာတ်ပုံပေါ်မှာ စတေကာ ပုံစံတွေကို ထည့်သွင်းရိုက်ကူး နိုင်မှာဖြစ်တဲ့ Stamps စနစ်၊ စာအုပ်၊ စာတန်း၊ သတင်းစာ၊ ဂျာနယ်တွေကို ဓာတ်ပုံရိုက်တဲ့အခါမှာ ကိုယ်ကရိုက်ချင်တဲ့ ရှုထောင့် ပုံစံမျိုးနဲ့ ဓာတ်ပုံကို ကိုယ်က ရိုက်လိုက်ပေမယ့် ဓာတ်ပုံကို ပြန်လည်ဖော်ပြချိန်မှာ စာတွေကို ကောင်းကောင်း ဖတ်ရှုနိုင်ဖို့အတွက် ပုံနဲ့စာတွေကို အနီးစပ်ဆုံး တည့်မတ်တဲ့ ပုံစံနဲ့ပြန်လည် ဖော်ပြပေးနိုင်မယ့် PPT စနစ်၊ လူပုံတွေကို ချောမော ပြေပြစ်စေမည့် Face Beauty စနစ်အစရှိတဲ့ စနစ်တွေဟာ S 5.1 အသုံးပြု သူတွေ ထိတွေ့ အသုံးပြုနိုင်မယ့် ကင်မရာ နည်းပညာတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Selfie စနစ်မှာလည်း ဓာတ်ပုံရိုက်ခံသူက ပြုံးမှအလိုအလျောက် ဓာတ်ပုံရိုက်မယ့် Smile Shot, ဓာတ်ပုံ ရိုက်ခံသူက လက်နှစ်ချောင်း ထောင်လိုက်ချိန်မှာ အလိုအလျောက် ဓာတ်ပုံရိုက်ပေးမယ့် Gesture Shot စနစ်နဲ့ Touch Shot စနစ်တွေကိုလည်း အသုံးပြုနိုင် ပါလိမ့်မယ်။ မြန်မာစာ စနစ်ကလည်း ဖုန်းထဲမှာ System ဖောင့်တစ်ခု အနေနဲ့ ပါဝင်လာမှာပါ။


အသေးစိတ်ဖော်ပြချက်
Gionee Elife S 5.1 မှာတော့ Octa-core 1.7 GHz Cortex-A7 CPU ကိုအသုံးပြု ထားတာဖြစ်တဲ့ အတွက် ဖုန်းကို အသုံးပြုချိန်မှာ မြန်ဆန်တဲ့ တုံ့ပြန်မှုတွေကို ထိတွေ့ခံစားနိုင်မှာ ဖြစ်တဲ့အပြင် ဂရပ်ဖစ် စနစ်အတွက်လည်း Mali-450MP4 GPU ကို ထည့်သွင်း အသုံးပြုထားတဲ့အတွက် ဂရပ်ဖစ် စနစ်ပိုင်းမှာလည်း အဆင်ပြေပါတယ်။ ဖုန်းမှတ်ဥာဏ် အတွက်တော့ Internal Memory 16GB ပါဝင်ပြီး RAM ကတော့ 1GB RAM တွေဖြစ်တဲ့အတွက် မှတ်ဥာဏ်ပိုင်းမှာလည်း အဆင်ပြေပါတယ်။ ဒါပေမဲ့ မှတ်ဥာဏ်ထပ်တိုး အသုံးပြုဖို့ အတွက်တော့ Card Slod မပါဝင်တဲ့အတွက် Micro SD Card ထပ်စိုက်လို့ မရနိုင်ပါဘူး။ Android OS Version 4.4.2 ကိုအသုံးပြုထားပြီး မြန်မာစာ စနစ်ကလည်း ဖုန်းထဲမှာ System Font တစ်ခုအနေနဲ့ ပါဝင် လာတဲ့အတွက် ဖုန်းတစ်ခုလုံးမှာ ရှိနေတဲ့ စနစ်အားလုံးကို မြန်မာလို မြင်တွေ့ အသုံးပြုနိုင်ပါတယ်။ ကင်မရာကတော့ ရှေ့ကင်မရာမှာ 5Mega Pixel ရှိတဲ့ကင် မရာကို တပ်ဆင်ထားတာဖြစ်ပြီး နောက်ကင်မရာ ကတော့ 8Mega Pixel ကင်မရာ ဖြစ်တဲ့အတွက် ကင်မရာ စနစ်ကလည်း မြင့်မားပါတယ်။ USB 2.0, Bluetooth 4.0 စနစ်တွေ ပါဝင်ပြီး  Screen ကတော့ AMOLED Screen ကိုအသုံးပြု ထားတာကြောင့် ကြည်လင် ကောင်းမွန်တဲ့ရုပ် ထွက်မြင်ကွင်းတွေကို မြင်တွေ့နိုင်ပါတယ်။ Screen Pixel တွေအနေနဲ့ 720x1280 Pixel ထိရရှိ နိုင်မှာဖြစ်ပြီး အသုံးပြုထားတဲ့ ဘက်ထရီကတော့ Li-Ion 2050 mAh ဘက်ထရီပါ။

 

သုံးသပ်ချက်
ဖုန်းတစ်ခုလုံး ကိုခြုံငုံသုံးသပ် ကြည့်မယ်ဆိုရင်တော့ ဖုန်းမှာဖွဲ့စည်း တည်ဆောက်ထားတဲ့ Hardware စနစ်ပိုင်းတွေဟာ ကောင်းမွန်ပါ တယ်။ ဖုန်းကိုကိုင်တွယ် အသုံးပြုချိန်မှာလည်း ကောင်းမွန်တဲ့ ထိတွေ့မှုကို ခံစားနိုင်မှာဖြစ်ပြီး အရွယ်အစား ကောင်းမွန်ခြင်းနဲ့ အလေးချိန် ပေါ့ပါးခြင်း ပါးလွှာခြင်းတွေဟာ သုံးစွဲသူတွေအတွက် စိတ်ကျေနပ်စရာ ဖြစ်မှာပါ။ ကင်မရာ စနစ်ပိုင်းမှာလည်း စုံလင်တဲ့ စနစ်တွေကို အသုံးပြုနိုင်မှာ ဖြစ်တဲ့အတွက် ဓာတ်ပုံ ဝါသနာရှင်တွေ အတွက်လည်း အဆင်ပြေစေ နိုင်ပါ တယ်။ ဈေးနှုန်းကလည်း နည်းပညာမြင့် စမတ်ဖုန်း တစ်ခုအနေနဲ့ ဆိုရင်တော့ သင့်တင့်တဲ့ ဈေးနှုန်းလို့ ဆိုရမှာပါ။ မှတ်ဥာဏ် ပိုင်းမှာလည်း Memory Card ထပ်စိုက်ပြီး အသုံးပြုလို့ မရပေမယ့် Memory Card နဲ့ Stick တွေကို ဖုန်းမှာ အလွယ်တကူ ချိတ်ဆက် အသုံးပြုနိုင်မယ့် USB Connector ပါဝင်ပါတယ်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com