12/29/2014

♪ Facebook က Groups များတွင် ကုန်ပစ္စည်းများ ရောင်းဝယ်နိုင်မည့် နည်းလမ်းကို စမ်းသပ်နေ ♫

3

Facebook က Groups များတွင် ကုန်ပစ္စည်းများ ရောင်းချနိုင်မည့် နည်းလမ်းကို စမ်းသပ်နေပြီး ယခု အခါတွင် အချို့ Facebook User များအနေဖြင့် စတင်အသုံးပြုနိုင်ပြီ ဖြစ်သည်။

အဆိုပါ စွမ်းဆောင်ချက်ကို Facebook Group အနည်းငယ်တွင် ထည့်သွင်းပေးထားပြီး Write Post ခလုတ်၏ ဘေးတွင် Sell Something ခလုတ်ကို ထည့်သွင်းပေးထားပါသည်။ Sell Something ခလုတ်ကို နှိပ်လျှင် ရောင်းချမည့် ပစ္စည်းကို စာသား၊ ဓါတ်ပုံနှင့် ဈေးနှုန်းများဖြင့် ဖော်ပြနိုင်မည် ဖြစ်သည်။ ထို့အပြင် ကုန်ပစ္စည်းကို ပေးပို့မည့် နည်းလမ်းများကိုလည်း ပံ့ပိုးပေးနိုင်ပါသည်။

ရောင်းချမည့် ကုန်ပစ္စည်းနှင့် ပတ်သက်၍ ပို့စ်တင်ပြီးလျှင် သာမာန် ပို့စ်များ ကဲ့သို့ပင် Group အတွင်းရှိ လူများနှင့် Comment Box မှ တဆင့် စကားပြောနိုင်မည် ဖြစ်သည်။ Facebook က အရောင်း အ၀ယ် ပြုလုပ်သော Group များအတွက် ရည်ရွယ်ပြုလုပ်ပေးပုံပေါ်ပါသည်။

Facebook က အဆိုပါစွမ်းဆောင်ချက်ကို ယခုအခါတွင် ရောင်းဝယ်ဖောက်ကားမှုကို တွင်တွင်ကျယ်ကျယ်ပြု လုပ်နေသော Group အနည်းငယ်တွင် စမ်းသပ်ဆဲဖြစ်သည်ဟု သိရပါသည်။

Myanmar DigitalLife Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 


www.pyaephyo.com