12/26/2014

♪ ခြောက်လက်မ မျက်နှာပြင် တပ်ဆင်ထားတဲ့ Huawei Ascend GX1 ကို ကြေညာပြီ ♫

gsmarena_001

Huawei က Phablet အမျိုးအစားဖြစ်သော Ascend GX1 ကို တရုတ်တွင် ကြေညာလိုက်ပါသည်။ စွမ်းဆောင်ရည်သင့် စမတ်ဖုန်း ဖြစ်ပြီး ထူးခြားချက်မှာ မျက်နှာပြင်၏ ဘေးဘောင်များကို အလွန်သေး ငယ်စေရန် ပြုလုပ်ထားခြင်း ဖြစ်ပါသည်။

Huawei Ascend GX1 တွင် ခြောက်လက်မ 720p Display , 1GB RAM, 8GB Storage အပြင် MicroSD Card အသုံးပြုနိုင်ပါသည်။ အနောက်ဘက်တွင် 8MP နှင့် မျက်နှာချင်းဆိုင်တွင် 2MP Camera တပ်ဆင် ထားပါသည်။ 1.2GHz Quad-Core CPU တပ်ဆင်ထားသော 64-bit Qualcomm Snapdragon 410 Chipset မောင်းနှင်မည် ဖြစ်သည်။ 4G LTE , WiFi , Bluetooth, NFC , Dual-SIM ဆက်သွယ်မှုများ ပါရှိပြီး 3500mAh Battery တပ်ဆင်ထားပါသည်။ Android 4.4 KitKat ကို Huawei Emotion UI နှင့် တွဲဖက် အသုံးပြုနိုင်ပါသည်။

တရုတ်တွင် Huawei ၏ အွန်လိုင်းစတိုးမှ ရောင်းချပေးနေပြီဖြစ်ပြီး ဒေါ်လာ ၂၅၅ ၀န်းကျင် ကျသင့်ပါသည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com