12/29/2014

♪ ZTE က အသံဖြင့် ခိုင်းစေနိုင်သော Star 2 စမတ်ဖုန်းကို ကြေညာ ♫

1

ZTE က စမတ်ဖုန်းအသစ်တစ်လုံးကို ကြေညာလိုက်ပါသည်။ Star 2 ဟု အမည်ပေးထားပြီး ဧပြီလ တွင် ပြသခဲ့သော ပထမမျိုးဆက် Star 1 နှင့် ဒီဇိုင်းအပိုင်းတွင် ဆင်တူပါသည်။

Star 2 ၏ အဓိကစွမ်းရည်မှာ ဖုန်းကိုအသံဖြင့်ခိုင်းစေနိုင်ခြင်း ဖြစ်ပါသည်။ App အခြေပြု စွမ်းဆောင်ချက် မဟုတ်ဘဲ ဖုန်းကို အသံဖြင့် အလုပ်များစွာ ခိုင်းစေနိုင်ပါသည်။ Apps များ ဖွင့်ခြင်း၊ ပိတ်ခြင်း၊ ပြောင်းလဲ အသုံးပြုခြင်း၊ ဓါတ်ပုံရိုက်ခြင်း၊ သီချင်းဖွင့်ခြင်း အပြင် အခြားအလုပ်များစွာကို အသံဖြင့် ခိုင်းစေနိုင်ပါသည်။ ဥပမာ အားဖြင့် ဖုန်းကို နား အနားသို့ ထားရှိလျှင် ဖုန်းက မည်သူ့ကို ဖုန်းခေါ်ချင်သလဲဟု မေးမြန်း မည်ဖြစ်သည်။ Contact အမည်ကို ပြောပြရုံဖြင့် ဖုန်းခေါ်ဆိုနိုင်မည် ဖြစ်သည်။

အသံဖြင့် ထိန်းချုပ်စနစ်ကို အသုံးပြုရန် အင်တာနက် ဆက်သွယ်မှု မလိုအပ်ပါ။ ZTE က အသံဖြင့် ထိန်းချုပ်စနစ်၏ တုန့်ပြန်မှုသည် ၁.၂ စက္ကန့်သာ ကြာမြင့်ပြီး အသံဆူညံသော နေရာများတွင်တောင် ၉၀ ရာခိုင်နှုန်း အောင်မြင်သည်ဟု ပြောပါသည်။

Star 2 တွင် ငါးလက်မ 1080p Display, 13MP Rear-Camera နှင့် LED Flsah နှစ်လုံး , 5MP Front Camera, 2.3GHz Quad-Core Qualcomm Snapdragon 801 Chipset , 2GB RAM, 16GB Storage, MicroSD Card Slot တို့ ပါရှိပါသည်။

ZTE Star 2 တွင် 4G LTE ကို အထောက်အပံ့ပေးပါသည်။ 2300mAh Battery တပ်ဆင်ထားပြီး Android 4.4 KitKat ကို ZTE ၏ MiF avor 3.0 UI ဖြင့် တွဲဖက် အသုံးပြုထားပါသည်။ ပါးလွှာပြီး ၆.၉ မီလီမီတာအထူရှိပါသည်။ ဒေါ်လာ ၄၀၂ နှင့်ညီမျှသောတရုတ်ယွမ်ငွေ ၂၄၉၉ ဖြင့် ရောင်းချမည်ဖြစ်သည်။

Myanmar DigitalLife Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com