12/29/2014

♪ GSM/ WCDMA အသုံးပြုသူများအတွက် ဝန်ဆောင်မှုမြှင့်မည်ဟုဆို ♫


GSM/ WCDMA အသုံးပြုသူများအတွက် MPT ၏ မိုဘိုင်းဆက်သွယ်ရေး ကွန်ရက်နှင့် ဝန်ဆောင်မှုများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို ဆောင်ရွက်မည် ဖြစ်ကြောင်း၊ GSM/ WCDMA သုံးစွဲသူများ အနေဖြင့် ဒီဇင်ဘာလ ၂၈ ရက် ည ၁၂ နာရီမှ နံနက် ၁ နာရီအထိ လည်းကောင်း၊ ဒီဇင်ဘာလ ၃၁ ရက် နံနက် ၃ နာရီခွဲမှ ၅ နာရီခွဲအထိလည်းကောင်း၊ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၅ ရက် နံနက် ၃ နာရီခွဲမှ ၄ နာရီခွဲအထိ လည်းကောင်း အဆိုပါ အချိန်များတွင် အသုံးပြုရာ၌ အခက်အခဲရှိနိုင်ကြောင်း ကြေညာထားသည်။

အဆိုပါ ဖုန်းများ၏ ဖုန်းငွေဖြည့်ကတ် ထည့်သွင်းခြင်း၊ စာတိုပေးပို့ခြင်း၊ မိုဘိုင်းအင်တာနက် အသုံးပြုခြင်း၊ ငွေလက်ကျန် စစ်ဆေးခြင်း၊ SIM ကတ်အသစ် ဝန်ဆောင်မှုလျှောက်ထားခြင်း၊ အင်တာနက် ဝန်ဆောင်မှု လျှောက်ထားခြင်း စသည့်ဝန်ဆောင်မှုများ အသုံးပြုရာ၌ ယင်းအချိန်များတွင် အခက်အခဲ အနည်းငယ် ရှိနိုင်ကြောင်း အသိပေးထားသည်။

Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com