ပြည်တွင်းတွင် ပျံ့နှံ့နေ သော ကျပ်တစ်သောင်းတန်ငွေ စက္ကူအတုအချို့သည် နည်းပညာမြင့်မား သဖြင့် ပြည်သူများသိထားရန် အခက်အခဲများရှိနေကြောင်း ပုဂ္ဂလိကဘဏ်များမှ ပညာရှင်များကပြောကြား သည်။
‘‘စက်တွေနဲ့ စစ်ရုံနဲ့မပေါ်လို့ ၀န်ထမ်းတွေက အကြိမ်ကြိမ်စစ် ဆေးရတာတွေရှိတယ်’’ ဟု မြန်မာ့ရှေ့ဆောင် ဘဏ်မှ မန်နေဂျင်းဒါရိုက်တာ ဦးကျော်စိုးမင်းက ပြောသည်။
ပြည်တွင်းတွင် ကျပ်တစ် သောင်းတန်ငွေစက္ကူအတုများ မ ကြာခဏတွေ့နေရပြီး ဘဏ်များ ၌ တွေ့ရှိ ပါကသုံးမရအောင် ဖျက်ဆီးပစ်သည့်အတွက် ငွေကြေး ဆုံးရှုံးမှုများလည်းရှိနေသည်။ ကျပ်တစ်သောင်း တန်ငွေစက္ကူတု များနှင့်ပတ်သက်၍ မြန်မာနိုင်ငံရဲ တပ်ဖွဲ့မှ ဖမ်းဆီးရရှိမှုသည် ယခု နှစ်တွင်အနည်း ဆုံးလေးကြိမ်ထက်မနည်းရှိနေသည်ဟုဆိုသည်။
ထို့အပြင် ကျပ်တစ်သောင်း တန်ငွေစက္ကူအတုကျပ်သိန်းတစ် ထောင်နီးပါးကို ကျပ်သိန်းသုံး ဆယ်နှင့် အရောင်းအ၀ယ်ရှိနေ သည်ဟုသိရသည်။ ငွေစက္ကူအတုများသည် နိုင်ငံတိုင်းတွင်ရှိသော်လည်း တာဝန် ရှိသော အဖွဲ့အစည်းများက စနစ်တကျစစ်ဆေးဆောင်ရွက် ပေးရန်လိုအပ်ကြောင်း ကမ္ဘောဇ ဘဏ်အကြီး တန်းအကြံပေးဦး သန်းလွင်ကပြောသည်။ ငွေစက္ကူ အသစ်များထုတ်လုပ်ရာတွင် လည်း အရောင်ကို လေး ငါးမျိုး ထည့်သွင်းရန်လိုကြောင်း၎င်းက အကြံပြုသည်။
‘‘အတုနဲ့အစစ်ကတော့ လိုက်တမ်းပြေးတမ်းကစားနေသ လိုပဲ’’ဟု ဦးသန်းလွင်ကပြောကြားသည်။ ငွေစက္ကူ အတုတိုက်ဖျက် ရေးသည် အစိုးရနှင့်သက်ဆိုင်ရာ အဖွဲ့အစည်းများသာမက သုံးစွဲသူ ပြည်သူများလည်း ပါဝင်ရန်လို အပ်ကြောင်း ဘဏ်လုပ်ငန်းရှင် များကအကြံပြုသည်။
ကျပ်တစ်သောင်းတန်ကဲ့သို့ တန်ဖိုးကြီးငွေစက္ကူအတုနှင့် အ စစ်ကို ခွဲခြားရန်အလွယ်ကူဆုံးအ ချက်မှာ အဖြူ ကွက်တွင်ပါဝင် သောရေစာနှင့်ငွေမင်ကြိုးတို့သည် အတုပြုရန်မလွယ်ကူသဖြင့် ၎င်းတို့ကို သေချာကြည့် ရှု လေ့လာ သင့်ကြောင်း ဦးသန်းလွင်ကပြော သည်။ကျပ်တစ်သောင်းတန်ငွေ စက္ကူကို ၂၀၁၂ဇွန်လတွင် စတင် ထုတ်ဝေပြီး နောက်တစ်နှစ်ကျော် အကြာ၌ အတုများထွက်ပေါ် လာခြင်းဖြစ်သည်။ ယခင်က ငါး ထောင်ကျပ်တန်အတုများသာ ထွက်ပေါ်ခဲ့သော်လည်း ပုံစံပြောင်းလဲပြီးနောက်တွင် ကျပ် တစ်သောင်း တန်များကို ပိုမိုအတု ထုတ်လာခြင်းဖြစ်သည်။
ကျပ်တစ်သောင်းတန်ငွေ စက္ကူအတုထုတ်လုပ်မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံဗဟိုဘဏ်က ယနေ့အထိ ကြေ ညာချက်များ မ ထုတ်ပြန်သေးသော်လည်း ကျပ်ငါးထောင်တန်ကိုအတုနှင့်အစစ် ခွဲခြားရန် လမ်းညွှန်ချက်များ ကို နိုင်ငံပိုင်သတင်းစာများ၌ ကြေ ညာပေးခဲ့သည်။
နိုင်ငံတစ်ခုတွင်အသုံးပြုနေသော ငွေကြေးကိုအတုများပေါများစွာ ပြုလုပ်ခြင်းဖြင့်တန်ဖိုးကျဆင်းအောင်ပြုလုပ် နိုင်ကြောင်းစီး ပွားရေးပညာရှင်အချို့က ပြော ကြားပြီး လူအများယုံကြည်မှုကင်း မဲ့ကာ နိုင်ငံခြားငွေကြေး များအပေါ်ပိုမိုယုံကြည်လာရန်ရည်ရွယ် ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ် သည်ဟု ၎င်းတို့ကပြောသည်။
7Day Daily