12/13/2014

♪ Memory Stick အရြယ္ ကြန္ပ်ဴတာမ်ားကို ျပည္တြင္း ေစ်းကြက္သို႔ ျဖန္႔ခ်ိမည္ဟု Intel ေျပာ ♫


Memory Stick အရြယ္သာရွိသည့္ ကြန္ပ်ဴ တာအေသးစားမ်ားကို ၂၀၁၅ ခုႏွစ္ ဧၿပီလ သို႔မဟုတ္ ေမလ အတြင္း ျပည္တြင္း ေစ်းကြက္သို႔ ျဖန္႔ခ်ိ ေပးသြားမည္ျဖစ္ေၾကာင္း Intel မွတာဝန္ရွိသူ Ms. Chantana Suwannawong က ေျပာသည္။

ကြန္ပ်ဴ တာ အေသးစားမ်ားသည္ HDMI Cable ႏွင့္ ခ်ိတ္ဆက္၍ တီဗီ သို႔မဟုတ္ အျခားေသာ Device တစ္ခုခုႏွင့္ တြဲဖက္ကာ ကြန္ပ်ဴတာအျဖစ္ ေနရာအႏွံ႔သို႔ သယ္ေဆာင္အသံုးျပဳႏိုင္မည္ဟု သိရသည္။ Memory Stick အရြယ္ရွိသည့္ အဆိုပါ ကြန္ပ်ဴတာအေသးစားမ်ားတြင္ USB Cable အေပါက္တစ္ခု ပါဝင္ၿပီး Keyboard ႏွင့္ Mouse အတြက္ Bluetooth ႏွင့္ ခ်ိတ္ဆက္၍ အသံုးျပဳႏိုင္မည္ဟု သိရသည္။ Intel Brand အေနျဖင့္ ထုတ္လုပ္ထားသည့္ ကြန္ပ်ဴတာအေသးစားမ်ား၏ ေစ်းႏႈန္းႏွင့္ Specification အေသးစိတ္ကို တိက် စြာ မသိရွိရေသးေသာ္လည္း ေစ်းအေပါဆံုးေသာ ကြန္ပ်ဴ တာအေသးစားမ်ား ျဖစ္လာလိမ့္မည္ဟု Intel မွ တာဝန္ရွိသူက ေျပာဆိုသည္။

“Computer Stick က Windows အေနနဲ႔ေကာ Linux အေနနဲ႔ ႏွစ္မ်ဳိးစလံုး ထည့္သြင္းအသံုးျပဳႏိုင္မွာပါ။ ဒါက ျမင္ေနက် PC ေတြမွာရွိတဲ့ တာဝါေတြကို ေသးေအာင္ ခ်ံဳ႕လိုက္တဲ့ သေဘာပါပဲ။ ဒါကို HDMI နဲ႔ ခ်ိတ္ဆက္လိုက္ရင္ ကြန္ပ်ဴ တာတစ္လံုး ျဖစ္သြားမွာပါ” ဟု Ms. Chantana Suwannawong က ေျပာသည္။

Intel သည္ လက္ရွိအခ်ိန္၌ Monitor မ်ားႏွင့္ တြဲဖက္အသံုးျပဳရသည့္ လက္တစ္ဖဝါးစာ အရြယ္အစားရွိသည့္ Computer System ငယ္မ်ားကို ျပည္ပေစ်းကြက္အတြင္း ျဖန္႔ခ်ိထားၿပီးျဖစ္ေသာ္လည္း ျမန္မာႏိုင္ငံေစ်း ကြက္အတြင္းသို႔ ၂၀၁၅ ခုႏွစ္မွသာ ျဖန္႔ခ်ိသြားမည္ဟု ေၾကညာခဲ့သည္။

Internet Journal
 For Unicode
Memory Stick အရွယ်သာရှိသည့် ကွန်ပျူ တာအသေးစားများကို ၂၀၁၅ ခုနှစ် ဧပြီလ သို့မဟုတ် မေလ အတွင်း ပြည်တွင်း ဈေးကွက်သို့ ဖြန့်ချိ ပေးသွားမည်ဖြစ်ကြောင်း Intel မှတာဝန်ရှိသူ Ms. Chantana Suwannawong က ပြောသည်။



ကွန်ပျူ တာ အသေးစားများသည် HDMI Cable နှင့် ချိတ်ဆက်၍ တီဗီ သို့မဟုတ် အခြားသော Device တစ်ခုခုနှင့် တွဲဖက်ကာ ကွန်ပျူတာအဖြစ် နေရာအနှံ့သို့ သယ်ဆောင်အသုံးပြုနိုင်မည်ဟု သိရသည်။ Memory Stick အရွယ်ရှိသည့် အဆိုပါ ကွန်ပျူတာအသေးစားများတွင် USB Cable အပေါက်တစ်ခု ပါဝင်ပြီး Keyboard နှင့် Mouse အတွက် Bluetooth နှင့် ချိတ်ဆက်၍ အသုံးပြုနိုင်မည်ဟု သိရသည်။ Intel Brand အနေဖြင့် ထုတ်လုပ်ထားသည့် ကွန်ပျူတာအသေးစားများ၏ ဈေးနှုန်းနှင့် Specification အသေးစိတ်ကို တိကျ စွာ မသိရှိရသေးသော်လည်း ဈေးအပေါဆုံးသော ကွန်ပျူ တာအသေးစားများ ဖြစ်လာလိမ့်မည်ဟု Intel မှ တာဝန်ရှိသူက ပြောဆိုသည်။



“Computer Stick က Windows အနေနဲ့ကော Linux အနေနဲ့ နှစ်မျိုးစလုံး ထည့်သွင်းအသုံးပြုနိုင်မှာပါ။ ဒါက မြင်နေကျ PC တွေမှာရှိတဲ့ တာဝါတွေကို သေးအောင် ချုံ့လိုက်တဲ့ သဘောပါပဲ။ ဒါကို HDMI နဲ့ ချိတ်ဆက်လိုက်ရင် ကွန်ပျူ တာတစ်လုံး ဖြစ်သွားမှာပါ” ဟု Ms. Chantana Suwannawong က ပြောသည်။



Intel သည် လက်ရှိအချိန်၌ Monitor များနှင့် တွဲဖက်အသုံးပြုရသည့် လက်တစ်ဖဝါးစာ အရွယ်အစားရှိသည့် Computer System ငယ်များကို ပြည်ပဈေးကွက်အတွင်း ဖြန့်ချိထားပြီးဖြစ်သော်လည်း မြန်မာနိုင်ငံဈေး ကွက်အတွင်းသို့ ၂၀၁၅ ခုနှစ်မှသာ ဖြန့်ချိသွားမည်ဟု ကြေညာခဲ့သည်။

<<< ေအာက္မွာ Click တစ္ခ်က္ေလာက္ႏွိပ္ေပးျခင္းအားျဖင့္ တစ္ဖက္တစ္လမ္းကကူညီရာေရာက္ပါတယ္။ >>>
 



www.pyaephyo.com