5/04/2017

♪ Xiaomi Mi 6 အကြောင်း သိသင့်သမျှ ♫

https://i1.wp.com/digitaltimes.com.mm/wp-content/uploads/2017/05/wgq.jpg?fit=800%2C450&ssl=1

မြင့်မားတဲ့ Specs တွေနဲ့ စမတ်ဖုန်းတွေကို ချိုသာတဲ့ ဈေးနှုန်းတွေနဲ့ ထုတ်လုပ်ရောင်းချလေ့ရှိတဲ့ Xiaomi ဟာ မကြာခင်ကမှ ၄င်းတို့ရဲ့ 2017 Flagship စမတ်ဖုန်းအဖြစ် Mi 6 ကိုမိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။ Full HD display ကစလို့  Snapdragon 835 chipset နဲ့ dual rear cameras အဆုံး စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နှက် နေတဲ့ Xiaomi Mi 6 ဟာ ဈေးနှုန်းအနေနဲ့ကလည်း ဒေါ်လာ(၄၂၀) သာရှိတဲ့အတွက် ပိုပြီး စိတ်ဝင်စားစရာ ကောင်းနေတာဖြစ်ပါတယ်။
Mi 6 ကို စိတ်ဝင်စားနေတဲ့ သူတွေရော လက်ရှိအသုံးပြုနေတဲ့ စမတ်ဖုန်းနေရာမှာ Mi 6 ကို အစားထိုးချင်နေပေမယ့် ဝယ်သင့် ၊ မဝယ်သင့် စဉ်းစားနေတဲ့ သူတွေပါ Mi 6 နဲ့ ပတ်သတ်လို့ တိတိကျကျ လေ့လာနိုင်ဖို့နိုင်အတွက် Mi 6 အကြောင်း သိသင့်သမျှကို ဖော်ပြပေးလိုက်ပါတယ်။

Full HD Display


Xiaomi ရဲ့ Mi 6 ဟာ Mi 5 ရဲ့ မျက်နှာပြင်အရွယ်အစားအတိုင်း (၅.၁၅) လက်မ နဲ့ ထွက်ရှိလာတာဖြစ်ပြီး ရုပ်ထွက်အရည်အသွေးကလည်း ထူးမခြားနားပါပဲ။ လိုအပ်တာထက် ကျော်လွန်တဲ့ 428ppi pixel density နဲ့အတူ ကောင်းမွန်တဲ့ အရောင် အရည်အသွေးတွေနဲ့ brightness level တွေပါဝင်တဲ့ IPS LCD ကိုပဲ သုံးထားတာဖြစ်ပါတယ်။

ပုံမှန်အတိုင်း MIUI feature တွေပါဝင်ပြီး display ကို စိတ်တိုင်းကျ အလွယ်တကူ ပုံဖော်နိုင်ပါတယ်။ Color balance ကိုချိန်ညှိဖို့ option တွေပါဝင်ပြီး ညအချိန်စာဖတ်တဲ့အခါ မျက်စိထိခိုက်မှုကို ကာကွယ်နိုင်မယ့် blue light filter လည်းပါဝင်ပါတယ်။

10nm Snapdragon 835



Samsung ရဲ့ Galaxy S8 ဟာ Snapdragon 835  အသုံးပြုထားတဲ့ပထမဦးဆုံးဖြစ်ပေမယ့် International variants တွေမှာတော့ Exynos 8895 ကိုသာသုံးထားတာဖြစ်ပါတယ်။ ဒါ့ကြောင့် Xiaomi ရဲ့ Mi 6 ဟာ အာရှဈေးကွက်အတွင်း Snapdragon 835 SoC ပါဝင်တဲ့ ပထမဦးဆုံး စမတ်ဖုန်း ဖြစ်လာပါတယ်။

Dual Rear Cameras



လက်ရှိမှာ ရေပန်းစားလျက်ရှိတဲ့ dual camera ကို Mi 6 ရဲ့ ကျောဘက်မှာ တပ်ဆင်ထားပါတယ်။ f/1.8 lens နဲ့ 1.25-micron pixels ထောက်ပံ့တဲ့ 12MP imaging sensor နဲ့အတူ f/2.6 lens နဲ့ 1.0-micron pixels ထောက်ပံ့တဲ့ secondary 12MP shooter ကိုတွဲဖက်အသုံးပြုထားတာဖြစ်ပါတယ်။ Secondary sensor ရဲ့ အဓိက အားသာချက်တွေက 2x lossless zoom ထောက်ပံ့တဲ့ telephoto lens ပဲဖြစ်ပါတယ်။

4-axis optical image stabilization (OIS) ကြောင့် အလင်းအားနည်းတဲ့ အခြေအနေတွေမှာ အကောင်းဆုံး ရုပ်ထွက်ကို ပေးစွမ်းနိုင်မှာဖြစ်ပြီး manual shooting mode တွေ ၊ filter တွေ နဲ့ beautification effect တွေ built-in ပါဝင်တဲ့အတွက် အခြား app ထပ်မံထည့်သွင်းစရာမလိုတော့ပါဘူး။

Memory , Storage and Price



Mi 6 က RAM 6GB နဲ့ ထွက်ရှိလာတဲ့အတွက် စိတ်ကျေနပ်စရာကောင်းပါတယ်။ Storage အနေနဲ့လည်း 64GB နဲ့ 128GB ဆိုပြီး version နှစ်မျိုးထုတ်လုပ်ထားပြီး 64GB ရဲ့ဈေးက ဒေါ်လာ(၃၆၀) နဲ့ 128GB ရဲ့ ဈေးက ဒေါ်လာ (၄၂၀) သာရှိပါတယ်။ အရေအတွက် အကန့်အသတ်နဲ့ အထူးထုတ်လုပ်ထားတဲ့ မာကျောခိုင်ခံ့တဲ့ ceramic model ရဲ့ ဈေးနှုန်းကတော့ (၄၇၅) ဒေါ်လာ ဖြစ်ပါတယ်။

Android 7.1.1 နဲ့ MIUI 8



Xiaomi ရဲ့ နောက်ဆုံးထွက် Flagship စမတ်ဖုန်းဖြစ်တာနဲ့အညီ Android 7.1.1 (Nougat) နဲ့ MIUI 8 ကို တွဲဖက် အသုံးပြုထားတာတွေ့ရပါတယ်။

Headphone jack မပါ


Mi 6 မှာ ခါတိုင်းလို့ 3.5mm headphone jack ပေါက် မပါဝင်တော့ပါဘူး။ ဒီတော့ ပရိသတ်တွေအနေနဲ့ wiereless headphone ကို ထပ်မံဝယ်ယူရဦးမှာပါ။



Credit to ==> DigitalTimes.com.mm





<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com