Google က I/ O Developer Conference မှာစွမ်းဆောင်ချက် အသစ်များ ကိုမိတ်ဆက်လိုက်ပါတယ်။ Android O မှာဖုန်းထုတ်လုပ်သူများကသူတို့ ရဲ့
Device များအတွက် Android Update ကို လျင်မြန်စွာထည့်သွင်းပေး နိုင်မယ့်
Project Treble ပါလာပါတယ်။ ဘက်ထရီသက်တမ်းဟာလည်း ပိုမိုတိုးတက်ကောင်းမွန်လာမှာပါ။
Smart Text Selection က လိပ်စာ၊ တည်နေရာ၊ ဖုန်းနံပါတ်များကို Copy/ Paste ပြုလုပ်တဲ့အခါမှာတိုးတက်လာ ပါတယ်။
O မှာလိပ်စာ တစ်ခု မှ စကားလုံးတစ်ခုကို နှစ်ချက် နှိပ်လိုက်တာနဲ့
လိပ်စာတစ်ခုလုံးကို Select လုပ်ပေးမှာပါ။ ဖုန်းနံပါတ်တစ်ခုကို
နှစ်ချက်နှိပ်လိုက်ရင် ဖုန်းခေါ်မယ့် စွမ်းရည်လည်းပါလာပါတယ်။ Google Play
Protect ကို Play Store မှာထည့်သွင်းပေးထားပြီးသင့် ရဲ့ Apps များသံသယဖြစ်စရာအပြုအမူ များကိုစစ်ဆေးပေးမှာပါ။
Autofill API က လည်း စိတ်ဝင်စားစရာကောင်းပါတယ်။ ဥပမာအားဖြင့် Chrome မှာသင့် Facebook အကောင့်ရဲ့ Username , Password များကိုသိမ်းထားတယ်ဆိုပါစို့ ။
Facebook App ကိုအင်စတောလုပ်ပြီး Signinလုပ်ရင် Username, Password
များကိုအလိုအလျောက် ဖြည့်ပေး မှာပါ။ Notification Channels က Notification
Content များအတွက် ကဏ္ဍများကို Developers များကသတ်မှတ်နိုင်မှာ ဖြစ်ပြီး
Users များက နှစ်သက်တဲ့ Channel ကိုသာ Subscribe လုပ်နိုင်မှာပါ။
Picture-in-Picture Mode ကတော့ အခြားအရာများကိုအသုံးပြုနေစ ဉ်မှာ
YouTube Video ကို Floating Video Player ဖြင့် ကြည့်နိုင်မှာပါ။
Notification ၀င်လာရင် App Icon မှာအစက်ကလေးဖြင့် အသိပေးမယ့် Notification
Dots လည်းပါလာပါတယ်။ O မှာ Boot Time ၂ ဆ လျင်မြန် လာခြင်း၊ App
Performance တိုးတက်လာခြင်း အပါအ၀င် အဖက်ဖက်က တိုးတက်လာမှုများရှိပါတယ်။
Mobile Guide Journal (Every Monday)
https://www.facebook.com/ officialmobileguidejournal
Smart Text Selection က လိပ်စာ၊ တည်နေရာ၊ ဖုန်းနံပါတ်များကို Copy/ Paste ပြုလုပ်တဲ့အခါမှာတိုးတက်လာ
Autofill API က လည်း စိတ်ဝင်စားစရာကောင်းပါတယ်။ ဥပမာအားဖြင့် Chrome မှာသင့် Facebook အကောင့်ရဲ့ Username , Password များကိုသိမ်းထားတယ်ဆိုပါစို
Picture-in-Picture Mode ကတော့ အခြားအရာများကိုအသုံးပြုနေစ
Mobile Guide Journal (Every Monday)
https://www.facebook.com/