ဆိုနီကုမ္ပဏီအနေနဲ့ ရောင်းအားနည်းနေတဲ့ premium စီးရီးစမတ်ဖုန်းရောင်းချမှုကိုရပ်တန့်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။ အကြောင်းရင်းကတော့ ဈေးနှုန်းမြင့်စမတ်ဖုန်းတွေ ရောင်းချရမှုပိုင်းမှာတစ်ခြား brand တွေထက် အားနည်းပြီး ဈေးကွက်ဝေစုလည်းလျော့ကျခဲ့ တာကြောင့်လို့ ကုမ္ပဏီကဆိုပါတယ်။
ကုမ္ပဏီရဲ့ 2017 investor day မှာ Mobile chief ဖြစ်သူ Hiroki Totoki က " လတ်တလောထွက်ထားတဲ့ Xperia XZ နဲ့ယှဉ်ရင် Xperia X နဲ့ Xperia X compact တွေရဲ့ လုပ်ဆောင်နိုင်စွမ်းကအရမ်းကိုကွာသွားပြီ။ ဒီ premium အဆင့် စမတ်ဖုန်းတွေကဂျပန်မှာရောင်းအားကောင်းပေမယ့် တကမ္ဘာလုံးအတိုင်းအတာနဲ့ယှဉ် ရင်တော့ ဆိုနီကရောင်းအားနည်းတယ်။ ကုမ္ပဏီရဲ့ ရှေ့လုပ်ငန်းစဉ်တွေထဲမှာဆုံးရှုံးသွားတဲ့ ဈေးကွက်ဝေစုတွေ ပြန်ရဖို့၊ ဆိုနီကနေပဲထုတ်လုပ်နိုင်တဲ့ display လိုမျိုးပစ္စည်းတွေ ပိုတိုးပြီးထုတ်လုပ်သွားဖို့  ရည်ရွယ်ထားပါတယ်" လို့ ပြောပါတယ်။
ရောင်းချမှုပုံစံကိုလည်း ပြုပြင်သွားမယ်လို့ သိရပြီး လက်ကားဈေးကွက်ဦးစားပေးစနစ်ကနေ လက်လီစနစ် ကိုပါ တိုက်ရိုက်ရောင်းချပေးနိုင် ဖို့ ကြိုးစားမယ်လို့သိရပါတယ်။ ဆိုနီရဲ့နာမည်ကြီးထုတ်ကုန်ေ တွဖြစ်တဲ့ display၊ နားကြပ်နဲ့ ကင်မရာပိုင်းထုတ်ကုန်တွေကို ပိုပြီးအာရုံစိုက်သွားဖို့ စီစဉ်နေပါတယ်။
NetGuide Journal (Every Wednesday)
https://www.facebook.com/ officialnetguidejournal
ကုမ္ပဏီရဲ့ 2017 investor day မှာ Mobile chief ဖြစ်သူ Hiroki Totoki က " လတ်တလောထွက်ထားတဲ့ Xperia XZ နဲ့ယှဉ်ရင် Xperia X နဲ့ Xperia X compact တွေရဲ့ လုပ်ဆောင်နိုင်စွမ်းကအရမ်းက
ရောင်းချမှုပုံစံကိုလည်း ပြုပြင်သွားမယ်လို့ သိရပြီး လက်ကားဈေးကွက်ဦးစားပေးစနစ
NetGuide Journal (Every Wednesday)
https://www.facebook.com/