5/04/2017

♪ " Sony Xperia Z5 VS Sony Xperia Z5 Premium " ♫

Image may contain: phone and screen

ဒီတစ်ပတ်မှာတော့ 2015 ခုနှစ် နှစ်ကုန်ပိုင်းလောက်က ထုတ်လုပ်ခဲ့တဲ့ Sony ရဲ့ Xperia Z5 နဲ့ Z5 Premium ဆိုတဲ့ အဆင့်မြင့်ဖုန်း 2 လုံးရဲ့ ကွာခြားချက်တွေကို နှိုင်းယှဉ်ရေးသားပေးသွားမှာပဲ ဖြစ်ပါတယ်။ Z5 Premium က Z5 ကို အနည်းငယ် ထပ်မံအဆင့်မြှင့်တင်ပေးထား တာဖြစ်ပြီး ဒီဇိုင်းပုံစံ၊ စက်စွမ်းဆောင်ရည်၊ Internal memory ၊ ကင်မရာစွမ်းအားတွေနဲ့ Display အမျိုးအစားတွေကတော့ အကုန်လုံးအတူတူပါပဲ။

 ပြောင်းလဲသွား တာက ဖုန်းအရွယ်အစား၊ မျက်နှာပြင်အကျယ်၊ မျက်နှာပြင်အရည်အသွေးနဲ့ ဘက်ထရီစွမ်းအားတွေပဲ ဖြစ်ပါတယ်။ ဖုန်း 2 ခုလုံးက GSM, HSPA နဲ့ LTE networks တွေမှာ အသုံးပြုနိုင်ပြီး Nano SIM card ကို ထည့်သုံးနိုင်ပါတယ်။ Z5 မှာ Non-removable Li-Ion 2900mAh battery ကို သုံးထားပြီး Z5 Premium မှာတော့ Non-removable Li-Ion 3430mAh battery ကို ထည့်သွင်းထားတာကို တွေ့ရပါတယ်။ ဒါပေမဲ့ ဖုန်း 2 ခုလုံးမှာ (Quick Charge 2.0) Fast Battery Charging စနစ်တွေပါရှိလို့ မိနစ် 30 အတွင်းမှာ ဘက်ထရီစွမ်းအား 60 ရာခိုင်နှုန်း လောက်ကို စွမ်းအားပြန်ဖြည့်ပေးနိုင်ပါတယ်။

Design
>>>>>

1. Sony Xperia Z5

Sony Xperia Z5 ရဲ့ အရွယ်အစားက 146 x 72 x 7.3 mm ရှိပြီး အလေးချိန်က 154g လေးပါတယ်။ တည်ဆောက်ထားတဲ့ ဒီဇိုင်းပုံစံက ခေတ်မီဆန်းသစ်ပြီး ရေဒဏ်နဲ့ဖုန်ဒဏ်တွေကို ကာကွယ်ပေးနိုင်လို့ ရေအနက် 1 မီတာခွဲအထိ ယူဆောင်သွားနိုင်ပါတယ်။

2. Sony Xperia Z5 Premium

Sony Xperia Z5 Premium ရဲ့ အရွယ်အစားက 154.4 x 75.8 x 7.8 mm ရှိပြီး အလေးချိန်က 180g လေးပါတယ်။ တည်ဆောက်ပုံ ဒီဇိုင်းက Z5 အတိုင်းပဲဖြစ်ပြီး မျက်နှာပြင်အနည်းငယ် ပိုကျယ်ပြီး ပိုလေးသွားတာကို တွေ့ရပါတယ်။

Processor
>>>>>

1. Sony Xperia Z5

Z5 ရဲ့ ကိုယ်ထည်ထဲမှာ Qualcomm MSM8994 Snapdragon 810 Octa-core processor နဲ့ Adreno 430 GPU တို့ကို အသုံးပြုထားပြီး RAM စွမ်းအားပိုင်းမှာတော့ 3GB ပါရှိပါတယ်။ ဒါကြောင့် လုပ်ဆောင်ချက် တွေက လျင်မြန်တိကျလှပါတယ်။

2. Sony Xperia Z5 Premium

၎င်းမှာလည်း တူညီတဲ့ Chipset, Processor နဲ့ Graphics Card တွေကို ထောက်ပံ့ထားတဲ့အပြင် ထည့်သွင်းထားတဲ့ RAM စွမ်းအားချင်းလည်း အတူတူပဲမို့ လုပ်ဆောင်နိုင်စွမ်းတွေကတော့ အတူတူပဲ ဖြစ်ပါတယ်။

Display
>>>>>

1. Sony Xperia Z5

မျက်နှာပြင်အကျယ် 5.2-inch ရှိပြီး IPS LCD capacitive touchscreen display အမျိုးအစားကို သုံးစွဲထားပါတယ်။ ပြသပေးနိုင်တဲ့ မြင်ကွင်းစွမ်းအားက 1080 x 1920 pixels ရှိပြီး 1 လက်မသိပ်သည်းဆ က ~428 ppi pixel ပမာဏ ရှိပါတယ်။

2. Sony Xperia Z5 Premium

Z5 Premium ရဲ့ မျက်နှာပြင်အကျယ်က 5.5-inch ရှိပြီး IPS LCD capacitive touchscreen ကိုပဲ သုံးထားပါတယ်။ မျက်နှာပြင်က 2160 x 3840 pixels ရှိတဲ့ မြင်ကွင်းစွမ်းအားတွေကို ပေးစွမ်းနိုင်တာကြောင့် Z5 ထက် တော်တော်လေးပိုကောင်းပါတယ်။

Verdict
>>>>>

1. Sony Xperia Z5

Sony Xperia Z5 ဟာ ဒီဇိုင်းပုံစံလှပပြီး ရေစိုခံနိုင်တဲ့ဖုန်းတစ်လုံး ဖြစ်သလို စက်စွမ်းဆောင်ရည်ပိုင်းလည်း ပြောစရာမလိုအောင် ကောင်းမွန်တဲ့အဆင့်မြင့်စမတ်ဖုန်းတစ်လုံး ဖြစ်ပါတယ်။ ရရှိနိုင်တဲ့ အရောင်တွေကတော့ အဖြူရောင်၊ အမည်းရောင်၊ ရွှေရောင်၊ အစိမ်း ရောင်နဲ့ ပန်းရောင်တို့ပဲ ဖြစ်ပါတယ်။

2. Sony Xperia Z5 Premium

Sony Xperia Z5 Premuim ကိုတော့ မျက်နှာပြင်ကျယ်ကျယ်နဲ့ resolution ကောင်းကောင်းဖုန်းတွေကို အသုံးပြုချင်တဲ့သူတွေအတွက် ထပ်မံအဆင့်မြှင့်တင် ထုတ်လုပ်ပေးထားတာဖြစ်သလို ဘက်ထရီ စွမ်းအားလည်း ပိုမိုကောင်းမွန်တာကို တွေ့ရပါတယ်။ အရောင်တွေ အနေနဲ့တော့ ရွေးချယ်စရာ 4 မျိုး ရှိပါတယ်။




NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com