Flexible phones တွေကို အမှန်တကယ်မြင်တွေ့ရမယ့်နေ့ရက်တွေ နီးကပ်လာပါပြီ။ လာမယ့်
(၂၃)ရက်နေ့ကနေ (၂၅)ရက်နေ့အထိ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မှာ
ကျင်းပပြုလုပ်မယ့် Display ပြပွဲကြီး ( SID- the Society for Information
Display) မှာ Samsung အနေနဲ့ (၉.၁)လက်မ ရှိတဲ့ stretchable display
ကိုပြသမှာဖြစ်ကြောင်း Korea Herald သတင်း website မှာဖော်ပြထားပါတယ်။
ဒီ display ဟာ stretchable ဖြစ်တဲ့အတွက် ကွေးနိုင်၊ ခေါက်နိုင် ၊ လိပ်နိုင်မှာဖြစ်ပြီး အနာဂတ်မှာထွက်ရှိမယ့် wearables တွေနဲ့ foldable phones တွေအတွက်တော့ အကောင်းဆုံး display ဖြစ်လာနိုင်ပါ တယ်။ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ “ ကျွန်တော်တို့အခုရှာတွေ့ထားတာဟာ ဒီနည်းပညာရဲ့ အခြေခံအဆင့်ပဲရှိပါသေးတယ်။ ဒါကြောင့် stretchable phones တွေကိုမြင်တွေ့ရမယ့် အချိန်ကိုတော့ ခန့်မှန်းရ ခက်နေဦးမှာပါ “ လို့ပြောကြားသွားခဲ့ပါတယ်။
အခုလိုပြောကြားသွားခဲ့ပေမယ့် နည်းပညာစောင့်ကြည့်လေ့လာသူတွေကတော့ foldable စမတ်ဖုန်းတွေ မြင်တွေ့ရတော့မယ့်ရက် သိပ်မဝေးတော့ကြောင်း အခိုင်အမာယုံကြည်လျက်ရှိနေကြပါတယ်။