Oppo A77 စမတ်ဖုန်းအသစ် တရားဝင်ထွက်ရှိလာပါပြီ။ Oppo အနေနဲ့
ဒီစမတ်ဖုန်းကို ထိုင်ဝမ် ပြည်တွင်းမှာ မေ (၁၉)ရက်နေ့ကစပြီး pre-order
မှာယူနိုင်ပြီဖြစ်တယ်လို့ ၄င်းရဲ့ ကိုယ်ပိုင် ထိုင်ဝမ် website ပေါ်မှာ
ကြေညာလိုက်တာဖြစ်ပါတယ်။
Specs တွေအနေနဲ့ကတော့ 1920x1080p resolution ရုပ်ထွက်ရှိတဲ့ (၅.၅)မျက်နှာပြင် , 3200mAh battery , octa-core 1.5GHz MediaTek MT6750T chipset နဲ့ RAM 4GB တို့ပါဝင်ပါတယ်။ SIM card (၂) ကဒ် ထည့်သွင်း အသုံးပြုနိုင်ပေမယ့် MicroSD card ထည့်သွင်းအသုံးပြုမယ်ဆိုရင်တော့ SIM card (၁) ကဒ်ပဲ သုံးနိုင်မှာပါ။
ကင်မရာတွေအနေနဲ့ကတော့ အနောက်ဘက်မှာ f/2.2 , PDAF နဲ့ Dual LED flash တို့ပါဝင်တဲ့ 13MP ကိုသုံးထားပြီး အရှေ့ဘက်မှာတော့ f/2.0, Beauty 4.0 နဲ့ Portrait Mode ပါဝင်တဲ့ 16MP ကို အသုံးပြုထားပါတယ်။
သတ္ထုကိုယ်ထည်နဲ့ပြုလုပ်ထားပြီး Gold နဲ့ Rose Gold ဆိုတဲ့ အရောင်နှစ်မျိုးရနိုင်ပါတယ်။ ဈေးနှုန်းကတော့ (၃၆၅) ဒေါ်လာ ဝန်းကျင်ဖြစ်ပြီး ထိုင်ဝမ်ပြည်တွင်းမှာ မေ(၁၉)ရက်နေ့ကစလို့ ကြိုတင်မှာယူနိုင်မှာဖြစ်ပြီး မေ(၂၆) မှာ စတင်ရောင်းချမှာဖြစ်တယ်လို့သိရပါတယ်။