MPT
သုံးစွဲသူများအနေဖြင့် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံများသို့
ဈေးနှုန်းအထူးသက်သာသော နိုင်ငံတကာဖုန်းခေါ်ဆိုမှု ပက်ကေ့ခ်ျအသစ်ဖြင့်
ဖုန်းခေါ်ဆိုနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။ သုံးစွဲသူများ အနေဖြင့် အဆိုပါနိုင်ငံနှစ်ခုမှ မည့်သည့်ဖုန်းနံပါတ်ကိုမဆို ဖုန်းခေါ်ဆိုခြင်း၊ စာတို (SMS)
ပေးပို့ခြင်းများကို ပြုလုပ်နိုင်မည်ဖြစ်ပြီး တစ်မိနစ်လျှင် ဖုန်းခေါ်ဆိုခ
50 ကျပ်၊ စာတို (SMS) တစ်စောင်လျှင် 15 ကျပ်နှုန်းသာ ကျသင့်မည်ဖြစ်သည်။
ယခုနှုန်းထားများမှာ ပုံမှန်သတ်မှတ်ထားသော ခေါ်ဆိုခနှုန်းထားများထက် 75 ရာခိုင်နှုန်းနှင့် 90 ရာခိုင်နှုန်းအထိ လျော့ချပေးထားခြင်းဖြစ်သည်။ အဆိုပါအစီအစဉ်ကို ရယူရန်အတွက် MPT ၏ GSM နှင့် WCDMA အသုံးပြုသူများအနေဖြင့် ငွေကျပ် (1,000) နှင့်အတူ ကုန်သွယ်ခွန်ပါဝင်မှာဖြစ်ပြီး
*2050# ကို ဖုန်းခေါ်ဆိုခြင်း (သို့မဟုတ်) MPT4U အက်ပလီကေးရှင်းကို
အသုံးပြု၍သော်လည်းကောင်း၊ (သို့မဟုတ်) *106# ကိုလည်း ဖုန်းခေါ်ဆိုပြီး
ရယူနိုင်သည်။ အဆိုပါအစီအစဉ်ကို ရယူသည့်နေ့မှစပြီး ရက် 30 အတွင်း
အသုံးပြုရမည်ဖြစ်သည်။
“ အခုဆိုရင် ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံသို့ ဖုန်းခေါ်ဆိုတာဟာ ယခင်ကထက် ဈေးနှုန်းပိုမိုသက်သာ လာပါတယ်။
ဒီအစီအစဉ်ကို ရယူထားခြင်းဖြင့် အသုံးပြုသူများဟာ အဆိုပါနိုင်ငံနှစ်ခုက
ဘယ်အော်ပရေတာ ကိုမဆို ဖုန်းခေါ်ဆိုခ တစ်မိနစ်လျှင် 50 ကျပ်၊ စာတို (SMS)
တစ်စောင်လျှင် 15 ကျပ်ဖြင့် ဆက်သွယ်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
သုံးစွဲသူတွေရဲ့ အရေးကြီးတဲ့ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ
ဆက်သွယ်မှုတွေပြုလုပ်တဲ့အခါမှာ
ယခုလို ဈေးနှုန်းသက်သာသော အစီအစဉ်ကတစ်ဆင့် အမြဲမပြတ်
ထိတွေ့ပြောဆိုနိုင်မှာ ဖြစ်ပါတယ် ” ဟု MPT-KSGM Joint Operations ၏ Chief
Commercial Officer ဖြစ်သူ Mr. Reizo Umeda က ပြောကြားခဲ့သည်။
NetGuide Journal (Every Wednesday)
https://www.facebook.com/ officialnetguidejournal
ယခုနှုန်းထားများမှာ ပုံမှန်သတ်မှတ်ထားသော ခေါ်ဆိုခနှုန်းထားများထက် 75 ရာခိုင်နှုန်းနှင့် 90 ရာခိုင်နှုန်းအထိ လျော့ချပေးထားခြင်းဖြစ်သည်။
“ အခုဆိုရင် ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံသို့ ဖုန်းခေါ်ဆိုတာဟာ ယခင်ကထက် ဈေးနှုန်းပိုမိုသက်သာ လာပါတယ
NetGuide Journal (Every Wednesday)
https://www.facebook.com/