5/04/2017

♪ Samsung Galaxy S8 ကို ၀ယ်မယ့် လူတွေအတွက် Tips များ ♫

https://i0.wp.com/digitaltimes.com.mm/wp-content/uploads/2017/05/Samsung-Galaxy-S8-and-S8-Plus.jpg?fit=800%2C450&ssl=1

Samsung Galaxy S8 ဟာ စွမ်းဆောင်ရည်မြင့်မားပြီး ဒီဇိုင်းကလည်း အလွန် စွဲဆောင်မှု ရှိပါတယ်။ Samsung Galaxy S8 ကို တောင်ကိုရီးယားနဲ့ အခြားနိုင်ငံ များမှာ ရောင်းချ ပေးလိုက်ပြီဖြစ်ပေမယ့် မြန်မာနိုင်ငံမှာတော့ မရောင်းသေးပါဘူး။ Galaxy S8 ကို ၀ယ်ဖို့ စောင့်ဆိုင်းနေသူများ အတွက် ၀ယ်ပြီးပြီးချင်းမှာ ပြုလုပ်ရမယ့် Tips များကို ဖော်ပြလိုက်ပါတယ်။

၁။ Unlock နည်းလမ်း အားလုံးကို Set Up လုပ်ပါ။
S8 ကို ၀ယ်ပြီးတာနဲ့ Unlock နည်းလမ်း အားလုံးကို Set Up လုပ်သင့်ပါတယ်။ သူ့မှာ Fingerprint Scanner အပြင် Iris Scanner နဲ့ Face Unlock များ ပါပါတယ်။ အဲဒါ အားလုံးကို Set Up လုပ်ထားပြီး သင့်အတွက် အဆင်အပြေဆုံး နည်းလမ်းကို သုံးရမှာပါ။ Settings> Lock Screen > Security ထဲသွားပြီး Set Up လုပ်ပါ။

၂။ On-Screen Button များကို နေရာပြောင်းပါ။


S8 မှာ Recents, Home , Back စတဲ့ On-Screen Button များကို အစဉ်လိုက် နေရာချထားပါတယ်။ အဲဒီ နေရာချမှုဟာ သင်နဲ့ အဆင်မပြေရင် သင် နှစ်သက်သလို နေရာချနိုင်ပါတယ်။ Settings> Display > Navigation Bar မှာ ပြုလုပ်ပါ။

၃။ Edge Notification ကို သုံးပါ။


S8 မှာ Notification တစ်ခု ၀င်လာရင် စကရင်ရဲ့ ညာဘက်ထောင့်စွန်းမှာ မီးအလင်းဖြင့် အချက်ပြတဲ့ စွမ်းဆောင်ချက် ပါပါတယ်။ အဲဒီ စွမ်းဆောင်ချက်ဟာ ဆန်းသစ်ပြီး လှပပါတယ်။ ဒါပေမယ့် သူ့ကို Default အားဖြင့် Disable လုပ်ထားပါတယ်။ Settings > Display > Edge Screen ထဲမှာ Enable လုပ်ပါ။

၎။ Display Scaling ကို ပြောင်းပါ။
၅.၈ လက်မ S8 မှာ စာသား၊ အိုင်ကွန်၊ ခလုတ်တို့လို အရာများဟာ အရွယ် ကြီးမားနေပါတယ်။ Settings> Display > Screen zoom and font မှာ သင်နှစ်သက်တဲ့ အရွယ်ကို ပြောင်းနိုင်ပါတယ်။

၅။ Theme ပြောင်းပါ။


S8 ရဲ့ User Interface ဟာ လှပပြီး စွဲဆောင်မှု ရှိပါတယ်။ Default Theme ကို မနှစ်သက်လို့ပဲ ဖြစ်ဖြစ်၊ ရိုးအီသွားရင်ပဲ ဖြစ်ဖြစ် Settings> Wallpapers and Themes ထဲမှာ ပြောင်းနိုင်ပါတယ်။

၆။ Always on Display အတွက် Themes များကို သုံးပါ။

S8 ရဲ့ Always on Display မှာ အချိန်၊ နေ့ရက်၊ ဘက်ထရီ သက်တမ်း၊ Notifications Icons နဲ့ Virtual Home Button ကို ပြသပေးထားပါတယ်။ သူ့ရဲ့ Theme ကိုလည်း ပြောင်းသုံးနိုင်ပါတယ်။ Settings> Wallpapers and Themes မှာ သင်နှစ်ရာကို ဒေါင်းလုပ်လုပ်ပါ။ Always on Display ရဲ့ Options ကို Settings> Lock Screen and Security မှာ တွေ့နိုင်ပါတယ်။



Credit to ==> DigitalTimes.com.mm





<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com