ကလေးသရုပ်ဆောင်ကနေ အနုပညာလောကထဲကို ဝင်ခဲ့တဲ့သူ၊ အခုဆိုရင် တက္ကသိုလ်ကျောင်းသူ ကြီးတောင်ဖြစ်နေပါပြီ။ သူကတော့ သရုပ်ဆောင်
ယွန်းယွန်းပဲဖြစ်ပါတယ်။ ယွန်းယွန်းတစ်ယောက် လတ်တလောမှာ
ဇာတ်ကားရုပ်ကူးမှုတွေကို ခဏတာ နားထားပြီးကျောင်းတတ်နေတဲ့အတွက် သူရဲ့ရှေ့ဆက်အနုပညာလှုပ်ရှားမှုတွေနဲ့အတူ ဖုန်းအကြောင်းကို အခုလို မေးဖြစ်ခဲ့ပါတယ်။
Q. လက်ရှိအနုပညာ လှုပ်ရှားမှုတွေအနေနဲ့ ဘာတွေလုပ်နေလဲ။
ကြော်ငြာတွေ ရိုက်ဖြစ်တယ်။ မဂ္ဂဇင်းတွေအတွက် ဓါတ်ပုံတွေရိုက်ဖြစ်တယ်။
Q. ဇာတ်ကားတွေရော ပြန်မရိုက်သေးဘူးလား။
မရိုက်ဖြစ်သေးဘူး။ နောက်နှစ်လောက်မှ ပြန်ရိုက်ဖြစ်မယ်။ ညီမက ကလေးသရုပ်ဆောင်ကနေ လူကြီးသရုပ်ဆောင် အနေနဲ့ ပြန်ရိုက်ရမှာဆိုတော့ အချိန်လေးတစ်ခု အနေနဲ့ စောင့်ချင်သေးလို့ပါ။
Q. အခု ကျောင်းကရော ဘာတတ်နေတာလဲ။
စိတ်ပညာ အထူးပြုကို ရန်ကုန်တက္ကသိုလ်ထဲမှာ တတ်နေပါတယ်။ အဲဒါအပြင် UK ကBusincess Management ကိုလည်း ဒီကနေ လှမ်းတက်နေပါတယ်။
Q. အခုကိုင်နေတဲ့ ဖုန်းBand ကိုပြောပြပေးပါလား။
Samsung S7 edge နဲ့ OPPO F3 ကိုင်ထားပါတယ်။
Q. ဖုန်းကိုကိုယ်ရဲ့တစ်နေ့တာမှာ ဘာတွေသုံးဖြစ်လဲ။
ဖုန်းနဲ့ ညီမနဲ့ကတော့ မိုးလင်းတာနဲ့ မျက်နှာခြင်းဆိုင်ဖြစ်ပြီး မိုးချုပ်တဲ့အထိ မျက်လုံးနှစ်လုံး မပိတ်တဲ့အထိ သုံးဖြစ်တယ်။ ညီမက ဖုန်းကို အရမ်းစွဲတယ်။ ဖုန်းက ညီမအတွက် မရှိမဖြစ်ကို အရေးပါတယ်။ မရှိပဲလည်း
နေတတ်ပါတယ်။ ရှိရင်တော့ မသုံးပဲကို မနေနိုင်ဘူး။
Q. ဖုန်းမှာအဓိက ဘာတွေသုံးဖြစ်လဲ။
ဖုန်းပြောတာထက် အင်တာနက်သုံးတာ များတယ်။ အင်တာနက်သုံးတဲ့အခါ Google သုံးတယ်၊ YouTube သုံးတယ်။ တစ်ခြား Social website တွေအများကြီး သုံးဖြစ်တယ်။ အဲဒါတွေသုံးနေရင်းနဲ့ အချိန်က ဘယ်လိုကုန်သွားမှန်းကို မသိဘူး။
Q. ဖုန်းထဲမှာရော ဘယ်လို APP တွေသုံးလဲ။
Social Network တွေပဲ သုံးတာများတယ်။ ဂိမ်းလည်းမဆော့ ဖြစ်ဘူး။ Download ဆွဲလိုရတဲ့ app တွေသုံးဖြစ်တယ်။
Q. ဆိုရှယ်မီဒီယာတွေ ခေတ်စားလာတဲ့အပေါ် ညီမလေးအမြင်ကို ပြောပြပါလား။
ဆိုရှယ်မီဒီယာတွေ ခေတ်စားလာတာတော့ ကောင်းပါတယ်။ ကိုယ်သိချင်တာကို အလွယ်တကူသိ နိုင်တယ်။ တချို့သတင်းတွေနဲ့ ပတ်သက်တဲ့အရာတွေကိုတော့ ကိုယ်တိုင်စဉ်းစားပြီး ယုံသင့်တာတွေရှိ တယ်။ အဲဒီလို စဉ်းစားတတ်ဖို့အတွက် စာများများဖတ်သင့်တယ်။
Q. အင်တာနက်သုံးတဲ့အခါ ကိုယ်ပိုင်ဒေတာနဲ့သုံးလား။ Package တွေရော ဝယ်သုံးဖြစ်လား။
နှစ်မျိုးသုံးတော့ သုံးဖြစ်တယ်။ Download ဆွဲတဲ့အခါကျရင်တော့ Package နဲ့သုံးတာပိုအဆင်ပြေ တယ်။ ကိုယ်ဆွဲမယ့်ဟာက ဘယ်လောက် MB ရှိတယ်ဆိုတာကို ကြည့်ပြီး ဆွဲလိုရတယ်။ ကိုယ်ပိုင်
ဒေတာကကျတော့ Download ဆွဲတဲ့အခါဘယ်လောက်ကုန်တယ်ဆိုတာကို မှန်းလို့မရဘူး။