Huawei ရဲ့အမြင့်ဖုန်းတွေထဲမှာ ဒီ Huawei Mate 9 ဟာ ပေးရတဲ့ဈေးနဲ့ ထိုက်တန်တဲ့အရည်အသွေးတွေကို ပေးစွမ်းနိုင်တဲ့ အဆင့်မြင့်စမတ်ဖုန်းတစ်လုံး ပဲဖြစ်ပါတယ်။
၎င်းက Phablet ဖုန်းအမျိုးအစားဖြစ်ပြီး မျက်နှာပြင် ကျယ်ကျယ်နဲ့
ကင်မရာအရည်အသွေး၊ စက်စွမ်းဆောင်ရည်နဲ့ ဘက်ထရီစွမ်းအားပိုင်းတွေက အထူးကောင်း
မွန်သလို ဒီဇိုင်းပုံစံကလည်း ခန့်ညားလှပတာကြောင့် နိုင်ငံတကာမှာ
လူကြိုက်များခဲ့ပါတယ်။
အနောက်ကင်မရာက dual camera စနစ်ဖြစ်ပြီး အလွန်အသုံးဝင်တဲ့ features တွေအများကြီးပါရှိပါတယ်။ GSM ၊ HSPA နဲ့ LTE networks တွေမှာသုံးစွဲနိုင်ပြီး Single SIM နဲ့ Dual SIM ကိုထည့်သုံးနိုင်ပါတယ်။ ထည့်သွင်းသုံးစွဲနိုင်တဲ့ SIM card အမျိုးအစားကတော့ Nano SIM ပါ။ ထောက်ပံ့ပေးထားတဲ့ Non-removable Li-Po 4000 mAh battery က တစ်နေ့တာလုံး လုံလုံလောက်လောက်ဖုန်းပြောနိုင်တဲ့ စွမ်းအားကိုပေးစွမ်းနိုင် တာ ကြောင့် ဖုန်းအားခဏခဏသွင်းရတဲ့ဒုက္ခက လည်း ကင်းဝေးစေနိုင်ပါတယ်။ Fast Battery Charging စနစ်ကြောင့် ဖုန်းအားသွင်းရတာလည်း အလွန်မြန်ဆန်ပါတယ်။
Design & Build
>>>>>
ကိုယ်ထည်တစ်ခုလုံးကို သတ္ထုနဲ့ပြုလုပ်ထားပြီး အပေါ်ကနေ Corning Gorilla glass 3 ကို ထပ်မံဖုံးအုပ်ပေး ထားလို့ အကြမ်းခံပြီး အစင်းရာအခြစ်ရာတွေကိုလည်း အလွယ်တကူမဖြစ်စေနိုင်ပါဘူး။
ဖုန်းအရွယ်အစားက 156.9 x 78.9 x 7.9 mm ရှိပြီး 190g အလေးချိန်ရှိပါတယ်။
ဒါကြောင့် လက်ထဲမှာ ကိုင်တွယ်ရတာ အနည်းငယ်တော့ အလေးချိန်ရှိပါတယ်။
အနောက်ဘက် Home button မှာ sensor ကို ထည့်သွင်းထားပြီး ၄င်းက
ဖုန်းအတွင်းထဲက data တွေကို အခြားသူတွေဝင်ရောက်ကြည့်လို့ မရအောင် ကာကွယ်ပေးထားနိုင် သလို ဖုန်းကို unlock လုပ်ရတာလည်း အဆင်ပြေပါတယ်။
အနောက်ကင်မရာ 2 လုံးက အပေါ်ဘက်အလယ် တည့်တည့်မှာတည်ရှိပြီး
ဘေးကပ်လျက်မှာတော့ LED Flash မီးလုံးလေးကိုတွေ့ရမှာပါ။ ဖုန်းရဲ့
ညာဘက်ဘေးဘောင်မှာ အသံအတိုး အကျယ်ခလုတ်၊ ပါဝါခလုတ်တို့ကို ထည့်သွင်းထားပြီး
အောက်ခြေမှာစပီကာပေါက်တွေနဲ့  2.0, Type-C 1.0 reversible connector ပေါက်တို့ကိုတပ်ဆင်ထားတာပါတ ယ်။ ၄င်းဖုန်းက ဏမနာငကာ ဖုန်းတစ်လုံးရဲ့အသွင် အပြင်တွေအားလုံးရှိပြီး အမြင်နဲ့တင် အကြိုက်တွေ့စေမှာပါ။ ဒီဇိုင်းပုံစံတည်ဆောက်ပုံနဲ့ လိုက်ဖက်ညီတဲ့ မီးခိုး ရောင်၊ ရွှေရောင်၊ ငွေရောင်၊ အညိုရောင်၊ အဖြူရောင်နဲ့ အမဲရောင် 2 မျိုးတို့ကို ထုတ်လုပ်ပေးထား ပါတယ်။
Display
>>>>>
5.9-inch အကျယ်ရှိတဲ့ မျက်နှာပြင်ကို AIPS LCD capacitive touch screen display အမျိုးအစားနဲ့ပြုလုပ်ထားပြီး
1080 x 1920 pixels ရှိတဲ့ မြင်ကွင်းစွမ်းအားတွေကို ပြသပေးနိုင်ပါတယ်။
၁လက်မအတိုင်းအတာမှာ ရရှိနိုင်မယ့် သိပ်သည်းဆပမာဏက ~373 ppi pixels
ရှိတဲ့အတွက် ကြည်လင်ပြတ် သားတဲ့ရုပ်ထွက်တွေကို မြင်တွေ့ရမှာပါ။
မျက်နှာပြင်ပေါ်မှာလည်း multitouch စနစ်ကိုသုံးစွဲနိုင်လို့ အလွန်
အဆင်ပြေပါတယ်။
Operating System and Camera
>>>>>
အထဲမှာ Android 7.0 (Nougat) ကို run ထားပြီး EMUI 5.0 UI ကလည်း သုံးစွဲလို့ကောင်းပါ တယ်။ အနောက် dual camera က 20 MP+ 12 MP နဲ့ f/ 2.2 aperture စွမ်းအားတွေကိုပေးစွမ်းနိုင်လို့
ဓာတ်ပုံတွေနဲ့ ဗီဒီယိုရဲ့အရည် အသွေးက အံ့မခန်းပါပဲ။ အရှေ့ကင်မရာကတော့ 8MP
resolution နဲ့ f/1.9 aperture စွမ်းအားရှိတာမို့ လှပတဲ့ selfie
ဓာတ်ပုံတွေကို ရိုက်ယူနိုင်သလို video call တွေခေါ်ဆိုရတာလည်း အဆင်ပြေပါတယ်။
Performance
>>>>>
ဖုန်းရဲ့ စွမ်းဆောင်ရည်ပိုင်းကိုကြည့် မယ်ဆိုရင်
Hisilicon Kirin 960 chipset နဲ့ Octa-core (4x2.4 GHz Cortex-A73 &
4x1.8 GHz Cortex-A53) processor တို့က အကောင်းဆုံးထောက်ပံ့ပေးထားတာကို တွေ့ရပါတယ်။ ယာယီမှတ်ဥာဏ်စွမ်းအားအနေနဲ့ RAM ကလည်း 4 GB တောင်ပါရှိတဲ့အတွက် နောက်ဆုံးပေါ် ဂိမ်းတွေနဲ့ apps တွေအကုန်လုံးကို ထည့်သွင်းသုံးစွဲနိုင်ပါတယ် ။ ဒါ့အပြင် ထောက်ပံ့ပေးထားတဲ့ Mali-G71 MP8 graphics card ကလည်း ရုပ်ထွက်ပိုင်းကိုအကောင်းဆုံးပံ့ပိုးပေးနိုင်လို့ သဘာဝကျတဲ့ ရုပ်ထွက်မျိုးကိုရရှိနိုင်ပါတယ်။
ဒါကြောင့် ဒီဇိုင်းပုံစံ၊ စက်စွမ်းဆောင်ရည်၊ ဘက်ထရီစွမ်းအား၊
ကင်မရာအရည်အသွေးအားလုံးကို ဘာမှပြောစရာမလိုအောင် ပြီးပြည့်စုံပြီးသား
အဆင့်မြင့်စမတ် ဖုန်းတစ်လုံးပဲဖြစ်ပါတယ်။
**Specification**
Display : 5.9 inch, IPS LCD capacitive touchscreen
Memory : 64 GB, 4 GB RAM, microSD, up to 256GB
Camera : Dual 20MP+12MP, OIS, 2x zoom, auto focus LED Flash OS : Android OS, v 7.0 (Nougat)
Phone : 09-73222888 (Win Mobile World)
Price : 899,000/-
NetGuide Journal (Every Wednesday)
https://www.facebook.com/ officialnetguidejournal
အနောက်ကင်မရာက dual camera စနစ်ဖြစ်ပြီး အလွန်အသုံးဝင်တဲ့ features တွေအများကြီးပါရှိပါတယ်။ GSM ၊ HSPA နဲ့ LTE networks တွေမှာသုံးစွဲနိုင်ပြီး Single SIM နဲ့ Dual SIM ကိုထည့်သုံးနိုင်ပါတယ်။ ထည့်သွင်းသုံးစွဲနိုင်တဲ့ SIM card အမျိုးအစားကတော့ Nano SIM ပါ။ ထောက်ပံ့ပေးထားတဲ့ Non-removable Li-Po 4000 mAh battery က တစ်နေ့တာလုံး လုံလုံလောက်လောက်ဖုန်းပြောန
Design & Build
>>>>>
ကိုယ်ထည်တစ်ခုလုံးကို သတ္ထုနဲ့ပြုလုပ်ထားပြီး အပေါ်ကနေ Corning Gorilla glass 3 ကို ထပ်မံဖုံးအုပ်ပေး ထားလို့ အကြမ်းခံပြီး အစင်းရာအခြစ်ရာတွေကိုလည်း အလွယ်တကူမဖြစ်စေနိုင်ပါဘူး။
အနောက်ကင်မရာ 2 လုံးက အပေါ်ဘက်အလယ် တည့်တည့်မှာတည်ရ
Display
>>>>>
5.9-inch အကျယ်ရှိတဲ့ မျက်နှာပြင်ကို AIPS LCD capacitive touch screen display အမျိုးအစားနဲ့ပြုလုပ်ထားပြီ
Operating System and Camera
>>>>>
အထဲမှာ Android 7.0 (Nougat) ကို run ထားပြီး EMUI 5.0 UI ကလည်း သုံးစွဲလို့ကောင်းပါ တယ်။ အနောက် dual camera က 20 MP+ 12 MP နဲ့ f/
Performance
>>>>>
ဖုန်းရဲ့ စွမ်းဆောင်ရည်ပိုင်းကိုကြည်
**Specification**
Display : 5.9 inch, IPS LCD capacitive touchscreen
Memory : 64 GB, 4 GB RAM, microSD, up to 256GB
Camera : Dual 20MP+12MP, OIS, 2x zoom, auto focus LED Flash OS : Android OS, v 7.0 (Nougat)
Phone : 09-73222888 (Win Mobile World)
Price : 899,000/-
NetGuide Journal (Every Wednesday)
https://www.facebook.com/