ကမ္ဘာနဲ့အဝှမ်း လူကြိုက်အများဆုံးနဲ့ ရေပန်းအစားဆုံး mobile strategy 
games တွေထဲက တစ်ခုဖြစ်တဲ့ Clash of Clans ဂိမ်းမှာ ထူးထူးခြားခြား 
ပြောင်းလဲမှုတွေပါဝင်လာတဲ့ Major Update ထွက်ရှိလာပြီဖြစ်ပါတယ်။ ဒီ Major update မှာတော့ အဓိက ပြောင်းလဲမှုတွေအဖြစ် စိတ်လှုပ်ရှားစရာ Mode
 အသစ်နှစ်ခု ပါဝင်လာပါတယ်။ ပထမတစ်ခုကတော့ ကမ္ဘာသစ်တစ်ခု ကို 
နယ်မြေချဲ့ထွင်ရတဲ့ပုံစံမျိုးဖြစ်ပြီး ဒီ mode ကိုရရှိဖို့အတွက် အနည်းဆုံး 
Town Hall Level 4 ရှိဖို့လိုအပ်ပါတယ်။
Town Hall Level 4 ရရှိတာနဲ့ လှေကိုဆောက်လုပ်ကာ ကမ်းစပ်ကနေ ကမ်းတစ်ဖက်ကိုကူးပြီး ကမ္ဘာသစ်တစ်ခု တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ တစ်ခုသတိပြုရမှာက ကမ္ဘာသစ်ကိုရောက်တဲ့အခါ Gems တွေကတော့ မူလ အရေအတွက်အတိုင်း ပါလာမှာဖြစ်ပေမယ့် Base အဟောင်းတုန်းက Gold တွေနဲ့ Elixir တွေကတော့ ပျောက်ကွယ်သွားမှာဖြစ်ပါတယ်။ ကမ္ဘာသစ်မှာတော့ feature အသစ်တွေအဖြစ် combat techniques အသစ်တွေ၊ buildings အသစ်တွေ၊ troop abilities အသစ်တွေနဲ့ အခြားသော အသစ်တွေ ပါဝင်လာပါတယ်။
ဒုတိယ Mode ကတော့ “vs Battle Mode” ဖြစ်ပြီး ဒါဟာ ရွှေနဲ့ elixir တွေရှာဖို့အကောင်းဆုံး နည်းလမ်းတစ်ခုဖြစ်လာပါတယ်။ ဒီ mode နဲ့ အခြားသူတွေရဲ့ base တွေကို တိုက်ခိုက်တဲ့အခါ သင့် base ရဲ့ ကာကွယ်နိုင်စွမ်းတွေနဲ့ head-to-head ယှဉ်ပြိုင်စေပြီး အနိုင်ပမာဏကို သတ်မှတ်ပေးမှာဖြစ်ပါတယ်။