5/04/2017

♪ " Xiaomi Mi 5s Plus " Price - 395,000 Ks အကြောင်းအသေးစိတ်ဖော်ပြချက်များ ♫

Image may contain: phone and screen

ဒီတစ်ပတ်မှာ Xiaomi ထုတ်လုပ်ခဲ့တဲ့ ဖုန်းတွေထဲက တတိယမြောက် Screen အကြီးဆုံးဖုန်းဖြစ်တဲ့ Xiaomi Mi 5s Plus ကို ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းလောက်က ထုတ်လုပ်ခဲ့ပါတယ်။ Mi Note နဲ့ Mi Max ပြီးရင် ၄င်းက screen အကျယ်ဆုံး ဖုန်းတစ်လုံးလို့ ပြောနိုင်ပါတယ်။ ဒါ့အပြင် ၄င်းဟာလည်း Mi Note တို့လိုပဲ လူကြိုက်များတဲ့ ဖုန်းတစ်လုံး ဖြစ်ခဲ့ပါတယ်။ အနောက်ကင်မရာစွမ်းရည်ကလည်း Huawei P9 ရဲ့ စွမ်းရည်နဲ့ အတူတူပါပဲ။ GSM ၊ CDMA ၊ HSPA ၊ EVDO နဲ့ LTE networks တွေကို ထောက်ပံ့ပေးထားပြီး Nano SIM card 2 card ကို တစ်ပြိုင်နက်တည်း ထည့်သုံးနိုင်ပါတယ်။ Data တွေ သိမ်းဆည်းဖို့အတွက်လည်း Internal memory 64GB ပါရှိပါတယ်။ ထည့်သွင်းထားတဲ့ Non-removable 3800 mAh battery စွမ်းအားက တစ်နေ့တာလုံး စိတ်ကြိုက်သုံးစွဲဖို့အတွက် လုံလောက်တဲ့ ဘက်ထရီစွမ်းအားကို ပေးစွမ်းနိုင်ပြီး (Quick Charge 3.0) Fast Battery Charging စနစ်ပါရှိတာကြောင့် မိနစ် ၃၀ အတွင်းမှာ ဘက်ထရီစွမ်းအား ၈၃ ရာခိုင်နှုန်းလောက် ပြန်လည်အားသွင်းပေးနိုင်ပါတယ်။ ၄င်းဖုန်းဟာ သူ့ဈေးနှုန်းနဲ့ ထိုက်တန်မှုရှိတယ်လို့ ပြောလို့ရပါတယ်။

* Design & Build *

ဖုန်းကို တည်ဆောက်ထားတဲ့ ဒီဇိုင်းပုံစံက တောင့်တင်းခိုင်မာမှုရှိပြီး ရိုးရှင်းတဲ့ ဒီဇိုင်းနဲ့ ခေတ်မီဆန်းသစ်မှုလည်း ရှိပါတယ်။ ကိုယ်ထည်တစ်ခုလုံးက သစ်လွင်တောက်ပနေပြီး Silver ၊ Gray ၊ Gold နဲ့ Rose Gold ဆိုတဲ့ အရောင် ၄ မျိုးကို ရွေးချယ်နိုင်ပါတယ်။ ထုတ်လုပ်ထားတဲ့ အရောင်တွေအကုန်လုံးက တည်ဆောက်ပေးထားပြီး ဒီဇိုင်းပုံစံနဲ့လည်း လိုက်ဖက်မှုရှိပါတယ်။ ဖုန်းအရွယ်အစားက 154.6 x 77.7 x 8 mm ရှိတာကြောင့် အနည်းငယ်ထူတဲ့ ဖုန်းတစ်လုံးဖြစ်ပြီး အလေးချိန်က 168g လေးတဲ့အတွက် ကိုင်တွယ်သုံးစွဲလို့ကောင်းတဲ့ အနေတော်အလေးချိန်လေးပါပဲ။ ဖုန်းရဲ့မျက်နှာပြင်အပေါ်ဘက်မှာ အရှေ့ကင်မရာ Lens နဲ့ အောက်ခြေဘက်မှာ capacitive button ၃ ခု ပါရှိပါတယ်။ နောက်ကျောဘက်ရဲ့ အပေါ်ဘက်အလယ်တည့်တည့်မှာ အနောက်ကင်မရာ ၂ လုံးကို ထားပေးထားပြီး သူ့ရဲ့ဘေးနားမှာ flash မီးလုံးလေး တည်ရှိပါတယ်။ ဖုန်းရဲ့ ညာဘက်ဘေးဘောင်မှာ ပါဝါခလုတ်နဲ့ အသံအတိုးအကျယ်ခလုတ်တို့ရှိပြီး ဘယ်ဘက်ဘေးဘောင်မှာတော့ Dual SIM Tray ကို တွေ့မြင်နိုင်ပါတယ်။ တည်ဆောက်ထားတဲ့ ဒီဇိုင်းလေးက ခံ့ညားထည်ဝါတဲ့ အဆင့်မြင့်ဖုန်းတစ်လုံးအသွင်ကို ဆောင်နေပြီး ဖုန်းကိုမြင်လိုက်တာနဲ့ ပေးရတဲ့ဈေးနှုန်းထက် အများကြီးသာလွန်ကောင်းမွန်တယ်လို့ မြင်မိမှာပါ။

* Display *

ဖုန်းမျက်နှာပြင်ကို 5.7-inch အကျယ်ရှိတဲ့ IPS LCD Capacitive touch screen display အမျိုးအစားနဲ့ ပြုလုပ်ထားပြီး 1080 x 1920 pixels ရှိတဲ့ full HD မြင်ကွင်းစွမ်းအားတွေကို ပြသပေးနိုင်ပါတယ်။ ၁ လက်မမှာ သိပ်သည်းဆပမာဏက ~386 ppi pixels ရှိပြီး မျက်နှာပြင်ပေါ်မှာ multitouch စနစ်ပါရှိတာကြောင့် လုပ်ဆောင်ချက်တွေကို လျင်မြန်စွာ ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။

* Operating System and Camera *

လှပခိုင်ခံ့တဲ့ ကိုယ်ထည်အတွင်းထဲမှာ Android OS, v 6.0 (Marshmallow) ကို run ထားပြီး MIUI 8.0 ကို အသုံးပြုထားပါတယ်။ အနောက်ကင်မရာက 13 MP ပါရှိတဲ့ dual camera စနစ်ဖြစ်ပြီး f/2.0 aperture စွမ်းအားရှိပါတယ်။ အရှေ့ကင်မရာကတော့ 4 MP သာပါရှိပြီး aperture စွမ်းအားကတော့ အတူတူပါပဲ။ ဒါကြောင့် ကင်မရာ 2 ခုလုံးက ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို ရိုက်ကူးနိုင်ပါတယ်။

* Performance *

ဖုန်းလုပ်ဆောင်နိုင်စွမ်းတွေအတွက်ကတော့ ထည့်သွင်းပေးထားတဲ့ Quad-core (2x2.35 GHz Kryo & 2x2.2 GHz Kryo) Processor ၊ Qualcomm MSM8996 Snapdragon 821 Chipset နဲ့ Adreno 530 GPU တို့က တာဝန်ယူစွမ်းဆောင်ပေးနိုင်ပါတယ်။ ဒါ့အပြင် RAM 4GB လည်း စွမ်းဆောင်ရည်ပိုင်းနဲ့ ယာယီမှတ်ဥာဏ်စွမ်းအားပိုင်းကို ထောက်ပံ့ပေးထားနိုင်ပါတယ်။ ဒါကြောင့် ဂိမ်းတွေနဲ့ apps တော်တော်များများကို အဆင်ပြေပြေ ကစားနိုင်မှာပါ။ စွမ်းဆောင်ရည်ကောင်းကောင်းနဲ့ စာရိုက်ရတာလည်း မြန်ဆန်မှုရှိတာကြောင့် အလွန်သုံးစွဲလို့ကောင်းတဲ့ ဖုန်းတစ်လုံးပဲ ဖြစ်ပါတယ်။

Specification
Display : 5.7 inch, IPS LCD capacitive touchscreen
Memory : 64 GB, 4 GB RAM
Camera : Dual 13MP, autofocus, dual LED (dual tone) flash
OS : Android OS, v 6.0 (Marshmallow)

Phone - 09-774788861 (C4E Computer & Mobile)

Price - 395,000 Ks

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com