5/04/2017

♪ ဖေဖေ ပြန်လာပြီ NOKIA 8 ၊ Nokia P1 - ခန့်မှန်း ဈေးနှုန်း – $800 ♫

https://i0.wp.com/digitaltimes.com.mm/wp-content/uploads/2017/05/Nokia_P1.jpg?fit=800%2C518&ssl=1

ဖေဖေပြန်လာပြီ ..တဲ့ ..။
အဲဒီလို စာသားတွေနဲ့ ကြော်ငြာခဲ့ပြီး ပြိုင်ဆိုင်မှု ပြင်းထန်လှတဲ့ စမတ်ဖုန်း ဈေးကွက်ထဲကို တကြော့ပြန် ၀င်ရောက်လာခဲ့တဲ့ သူကတော့ အားလုံး မျှော်လင့်ထားတဲ့အတိုင်း Nokia ပဲ ဖြစ်ပါတယ်။
Nokia ဟာ NOKIA 8 ၊ Nokia P1 တွေ နဲ့အတူတူ ပြန်လာခဲ့တာ ပဲ ဖြစ်ပါတယ်။ ခန့်မှန်းသတင်းတွေ အရ ဆိုရင်တော့

Display

၅.၃ လက်မ မျက်နှာပြင် IGZO Screen သုံးစွဲထားပါတယ်။ IGZO မျက်နှာပြင် ဟာ Indium gallium zinc oxide (IGZO) ကို ခေါ်ဆိုတာ ဖြစ်ပြီး indium (In), gallium (Ga), zinc (Zn) and oxygen (O). တွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ မျက်နှာပြင် တစ်ခု ဖြစ်ပြီး Super AMOLED နဲ့ ယှဉ်ပြိုင်နိုင်စွမ်း ရှိတဲ့ အရည်အသွေးမြင့် မျက်နှာပြင် နည်းပညာ တစ်ခု ပဲ ဖြစ်ပါတယ်။ 4K အရည်အသွေး ရှိ ပုံရိပ်တွေနဲ့ လှုပ်ရှားမှု ပုံရိပ်တွေကို ကောင်းကောင်း ပုံဖော်ပေးနိုင်မှာ ဖြစ်တယ် လို့ ဆိုပါတယ်။

 

6GB RAM

မိုဘိုင်းဖုန်း တစ်လုံး ရဲ့ အသင့်တော်ဆုံး RAM ဟာ ဘယ်လောက် အထိ ဖြစ်သင့်သလဲ ဆိုတာကတော့ နောက်မှပဲ ဆွေးနွေးရမှာဖြစ်ပြီး အခု လက်ရှိ ၂၀၁၇ ခုနှစ် ဧပြီလ နောက်ပိုင်းမှာတော့ ထွက်ရှိလာတဲ့ မိုဘိုင်းဖုန်းတွေ ရဲ့ အနည်းဆုံး RAM ဟာ 6GB ပဲ ဖြစ်ပါတယ်။

Internal Memory

အတွင်းပိုင်းကတော့ 128 GB နဲ့ 256GB နှစ်မျိုး ထုတ်လုပ်သွားပါမယ် လို့ ဆိုပါတယ်။

Processor

Chipset ပိုင်းကတော့ တော်တော်လေး နိမ့်တယ် လို့ ဆိုရမှာ ဖြစ်ပါတယ်။ Snapdragon 430 Chipset သုံးစွဲထားမယ် လို့ သတင်းထွက်ပေါ်နေပြီး အဲဒီ အဆင့်ဟာ တော်တော်လေး နည်းပါးလွန်းပြီး Nokia ရဲ့ လက်ရှိပြိုင်ဘက်တွေ ဖြစ်လာမယ့် Galaxy S8 , LG G6, HTC11 , OnePlus4 တွေဟာ 835 Processor သုံးစွဲကြပြီး အဲဒီဝန်းကျင် သာ ရှိသင့်တယ် လို့ ဆိုပါတယ်။

Camera

အားလုံးမျှော်လင့် စိတ်ဝင်စားနေကြတာ က Nokia P1 ရဲ့ ခန့်မှန်းး အရည်အသွေး 22.6 megapixels ကို ဖြစ်ပါတယ်။ Google Pixel XL က 12.3 Megapixel အရည်အသွေး ရှိနေတဲ့အချိန်မှာ ဖြစ်လာနိုင်စွမ်း ရှိတဲ့ ခန့်မှန်း Specs တစ်ခု တော့ ရှိပါတယ်။

ကျန်တဲ့ ခန့်မှန်း Specs ကတော့ ဘက်ထရီ 3500mAH battery၊ Quick Charge 4.0၊ fingerprint scanner, Android 7.0 Nougat.

Price
ခန့်မှန်း ဈေးနှုန်း – $800
မြန်မာငွေ – ၉ သိန်း ၀န်းကျင်
နိုကီယာ ဟာ မိုဘိုင်းဖုန်း သမိုင်းကြောင်း မှာ မေ့ဖျောက်ထားလို့ မရတဲ့ သူရဲကောင်းတစ်ယောက် ပါ။ အခု အချိန်အထိ ကမ္ဘာပေါ်မှာ လိုင်းဆွဲအား အကောင်းဆုံး အမျိုးအစားတစ်ခု ဖြစ်နေဆဲ၊ ရှိနေဆဲ နိုကီယာ ကုမ္ပဏီ ဟာ အခု N8,N9 , P1 တွေနဲ့ အတူတူ အများမြင်ကွင်း ရှေ့မှောက်ကို ပြန်လည်လို့
ရောက်ရှိလာခဲ့ပါပြီ။ သူ့အတွက်တော့ အိမ်အပြန်ပါပဲ။ သူတို့ တင်စားထားခဲ့သလို ” ဖခင် ” လို့ ဆိုရလောက်တဲ့ အောင်မြင်တဲ့ ၊ စွန့်ဦးတီထွင်မှုတွေ အများကြီး နဲ့ လမ်းသစ်တွေ
ဖောက်ခဲ့တဲ့ ခေါင်းဆောင်တစ်ယောက်ပါပဲ။ ဒါပေမယ့် သူ ရဲ့ အိမ်အပြန် ကို ကြိုဆိုကြပါ့မလား ဆိုတာကတော့ ပရိသတ်တွေ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။



Credit to ==> DigitalTimes.com.mm



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com