5/03/2017

♪ “အမေရိကန်ဒေါ်လာ သုညကျပ်ဖြင့် ၀ယ်ယူနိုင်မည့် လက်မှတ် စောင်ရေ ၁သန်း ပရိုမိုးရှင်းပေးမည့် Vietjet” ♫

Image may contain: 7 people, people smiling, text

အမေရိကန်ဒေါ်လာ သုညကျပ်ဖြင့် ၀ယ်ယူနိုင်မည့် လက်မှတ်စောင်ရေ ၁သန်းအား Vietjet မှ “Free summer, Fly for free” အမည်ဖြင့် ပရိုမိုးရှင်းပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ လက်မှတ် များအား www.vietjetair.com တွင် နေ့လည် ၁၁း၃၀ မှ ၁း၃၀အတွင်း ဝယ်ယူရရှိနိုင်ပြီး စိတ်ဝင်စားဖွယ်ရာ အခြား အစီအစဉ်များလည်း ပါဝင် မည်ဖြစ်သည်။

ပရိုမိုးရှင်းကာလ၏ ပထမအပတ်အတွင်း ၂၀၁၇ခုနှစ် ဧပြီ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိတွင် (၃)ရက်တိုင်တိုင် ပြည်တွင်း ခရီးစဉ်များအပြင် ဗီယက်နမ်မှဆိုးလ်နှင့် ဘူဆန် (တောင်ကိုရီးယား)၊ ဟောင်ကောင်၊ Kaohsiung၊ တိုင်ပေ၊ Taichung နှင့် ထိုင်ဝမ်၊ စင်ကာပူ၊ ဘန်ကောက်၊ ကွာလာလမ်ပူ(မလေးရှား)၊ Siem Reap (ကမ္ဘောဒီးယား)နှင့် ရန်ကုန်စသောမြို့ကြီးများသို့ ပြည်ပလေကြောင်း ခရီးစဉ်များကို ရောင်းချ ပေးသွားမည်ဖြစ်သည်။ သတ်မှတ်ထားသော ခရီးစဉ်ကာလမှာ ၂၀၁၇ ခုနှစ်မေလ ၁၅ရက်နေ့မှ ဒီဇင်ဘာ ၃၁ရက်နေ့အထိ (အမျိုးသား အားလပ်ရက်များမပါဝင်ဘဲ) ရရှိနိုင်မည်ဖြစ်သည်။ ပရိုးမိုးရှင်းလက်မှတ် များကို နေ့လည် ၁၁း၃၀ မှ ၁း၃၀အတွင်း www.vietjetair.com (ဖုန်းဖြင့် အသုံးပြုပါက https:// m.vietjetair.com) တွင်လည်းကောင်း www.facebook.com/vietjetvietnam (“Booking” ခလုတ်ကိုနှိပ်၍) တွင်လည်းကောင်း ကြိုတင်စာရင်း ပေးထားနိုင်ပါသည်။

ငွေပေးချေခြင်းကို Visa, MasterCard, JCB, KCP, နှင့် American Express တို့မှ debit ကတ်နှင့် credit card(အကြွေးဝယ်ကတ်များ) မှတစ်ဆင့် ပေးချေနိုင်ကြောင်း သိရသည်။ အထူးသဖြင့် မေလ ၈ရက် နေ့မှ ဇွန်လ ၄ ရက်အတွင်း Vietjet’s ၏ freesummer.vietjetair.com မှတစ်ဆင့် “Free summer–Fly for Free” အစီအစဉ်တွင် ပါဝင်သူများ သည် အပတ်စဉ်တစ်ပတ်လျှင် အပြန် ခရီးစဉ် ၅ ကြောင်း၊ ခရီးစဉ် တစ်ကြောင်းလျှင် လူငါးဦးပါဝင်သော အဖွဲ့တစ်ဖွဲ့အတွက် လက်မှတ် ၅စောင်နှင့် ကံထူးရှင်မှ မိမိသွားလိုသောနေရာတစ်ခုကို အခမဲ့သွားနိုင် မည့် free package tour ဆုကြီးတစ်ခုလည်း ထည့်သွင်းထားပါသည်။



ရဲလင်းလင်းသန်း

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com