5/03/2017

♪ “Acer က Aspire Laptop အသစ်များကို မိတ်ဆက်” ♫

Image may contain: laptop and screen

Acer က Aspire 1, Aspire 3, Aspire 5, Aspire 7 များ အပါအ၀င် လက်တော့ အသစ်များကို မိတ်ဆက်လိုက်ပါတယ်။ Aspire 1 မှာ ၁၄ လက်မ မျက်နှာပြင် တပ်ဆင်ထားပြီး Intel Celeron သို့မဟုတ် Pentium Processor များ ရွေးချယ်နိုင်ပါတယ်။ 32GB or 64GB Storage , 4GB RAM တပ်ဆင်ထားပြီး ဇွန်လမှာ ၂၁၉ ဒေါ်လာဖြင့် ရောင်းချပေးမှာပါ။

Aspire 3 အတွက် Intel Core, Celeron နဲ့ Pentium Processors များကို ရွေးချယ်နိုင်ပါတယ်။ 12GB RAM အထိ ရွေးချယ်နိုင်ပါတယ်။ ၁၄ လက်မ HD Display , ၁၅.၆ လက်မ HD Display နဲ့ ၁၅.၆ လက်မ Full HD Display များ ရွေးချယ်နိုင်ပါတယ်။ ဇွန်လတွင် ရောင်းချမှာ ဖြစ်ပြီး တန်ဖိုး အနည်းဆုံး မော်ဒယ်မှာ ၂၉၉ ဒေါ်လာ တန်ကြေးရှိပါတယ်။

Aspire 5 မှာ သတ္တမမျိုးဆက် Intel Core Processor တပ်ဆင်ထားပြီး 20GB RAM အထိ ရွေးချယ်နိုင်ပါတယ်။ ၁၅.၆ လက်မ Full HD Display တပ်ဆင်ထားပြီး 2TB HDD နဲ့ 256GB SSD အထိ ရွေးချယ်နိုင်ပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်မှာ ၄၄၉ ဒေါ်လာ ဖြစ်ပြီး ဇွန်လတွင် ရောင်းချ မှာပါ။

Aspire 7 အတွက် ၁၅ လက်မနဲ့ ၁၇ လက်မ မော်ဒယ်များ ထုတ်လုပ် ပေးထား ပါတယ်။ 2TB HDD , 512GB SSD နဲ့ 32GB RAM အထိ ရွေးချယ်နိုင်ပါတယ်။ ဇွန်လတွင် ရောင်းချမှာ ဖြစ်ပြီး တန်ဖိုးအနည်းဆုံး မော်ဒယ်မှာ ၇၉၉ ဒေါ်လာ ဖြစ်ပါတယ်။ 




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com