5/03/2017

♪ “Huawei Mate 9” Price - 899,000 Ks ♫

Image may contain: phone

ဒီဇိုင်းပိုင်းအနေနဲ့ ၅.၉ လက်မမျက်နှာပြင်ရှိမှာဖြစ်ပြီး Mate 9 ကို အလွန် ပါးလွှာအောင် ဒီဇိုင်းထုတ်ထားပြီး အလွန် ကြည်လင်ပြတ်သားတဲ့ 2.5D Glass Screen တပ်ဆင်ထားပါတယ်။ လှပတဲ့ သတ္တုကိုယ်ထည် တပ်ဆင် ထားတာကလူတိုင်းကို မှင်သက်သွားစေမှာပါ။ Display ရဲ့ ဘေးဘောင် များဟာလည်း Mate 8 ထက် ၃၀ ရာခိုင်နှုန်းပါးလွှာပါတယ်။ မျက်နှာပြင်ရဲ့ ပုံရိပ်ဖော်ပြနိုင်စွမ်းကတော့ 1080 x 1920p ဖြစ်တာကြောင့် ပုံရိပ်တွေကို အသေးစိတ်ဖော်ပြနိုင်စွမ်းရှိပါလိမ့်မယ်။

ဖုန်းရဲ့ ဘေးဘက်များကိုလည်း လှပတောက်ပြောင်အောင် ဖန်တီးထားပါတယ်။ Mate 9 မှာ 4 Level Fingerprint နဲ့ 3D Fingerprint Recognition နည်းပညာများပါပါတယ်။ ဖိုင်များကိုဖွက်ထားနိုင်ပြီး သင့်လက်ဗွေရာနဲ့မှ ဖွင့်နိုင်ပါတယ်။ Mate 9 ရဲ့ EMUI 5.0 နဲ့ လှပစမတ်ကျတဲ့ User Interface က အလွန်ဆန်းသစ်ပါ တယ်။ စမတ်ဖုန်းနယ်ပယ်မှ ပညာရှင်အဖွဲ့ရဲ့ဆန်းသစ်တဲ့ ဒီဇိုင်းက Mate 9 ကို အခြားစမတ်ဖုန်းများထက် သာလွန်စေတာပါ။ Mate 9 မှာအလွန် လှပတဲ့ Animations များ၊ Transitions များနဲ့ အသံစွမ်းရည်များကိုခံစား ရမှာပါ။ စွမ်းရည်ကောင်းမွန်ဖို့ အာရုံစိုက်ထားတဲ့ Interface ဒီဇိုင်းကြောင့် အဆင့်သုံးဆင့်တည်းနဲ့ သင်နှစ်သက်ရာ Menu Options အားလုံးကိုသုံး နိုင်ပါတယ်။

EMUI 5.0 က သင့်ရဲ့ Message, Alerts, Photos, Videos များကို နေရာ ချပေးပါတယ်။ အသုံးဝင်တဲ့ Shortcuts များက WiFi ကိုဖွင့်ခြင်း၊ Apps များရှာခြင်း၊ Notification များအား Block ခြင်းများကို လျင်မြန်စွာပြုလုပ် ပေးပါတယ်။ Huawei Mate 9 မှာ Kirin 960 Processor အသစ်တပ်ဆင် ထားပြီး ဥာဏ်ရည်မြင့် Machine Learning Algorithm ပါတဲ့အတွက် အမြန်နှုန်းကတော့ အံ့မခန်းပါပဲ။ Hardware နဲ့ Software တို့ သင့်တင့် အချိုးကျစွာပူးပေါင်းအလုပ်လုပ်နိုင်တဲ့ စွမ်းရည်ကြောင့် Huawei Mate 9 ဟာ အလွန်လျင်မြန်နေပါတယ်။ Apps များအသုံးပြုခြင်း၊ ဗီဒီယိုကြည့်ခြင်း နဲ့ HD Games များ ကစားခြင်းတို့ပြုလုပ်ရင် စွမ်းဆောင်ရည်အလွန် ကောင်းမွန်ပါတယ်။


ပရိုဆက်ဆာပိုင်းမှာဆိုရင်တော့ 2.4GHz လေးလုံးနဲ့ Core A53 1.8GHz 4 လုံး တပ်ဆင်ထားသော ဆန်းသစ်တဲ့ ARM Cortex A73 CPU ကို အသုံးပြုထားပါတယ်။ စွမ်းဆောင်ရည်အပိုင်းမှာ ၁၈ ရာခိုင်နှုန်း ပိုမိုမြန်ဆန်လာပါတယ်။ GPU ပိုင်းမှာလည်း အံ့မခန်း Mali-G71 MP8 ကို သုံးထားပါတယ်။ LPDDR4 RAM အသစ်ကအမြန်နှုန်းကို ၄၀ ရာခိုင်နှုန်းပိုမိုကောင်းမွန်စေပါ တယ်။ ဘက်ထရီအမျိုးအစားကတော့ Li-Po 4000mAh ဖြစ်ပြီး၊ အားသွင်းမြန်ဆန်သောစနစ်လည်း ပါရှိပါတယ်။


<Specifications>

Network - GSM/HSPA/LTE
Processor - Octa Core
Screen - 5.9 inches
Camera - Dual 20MP+12MP
Bluetooth - v4.2
Storage - 64GB
OS - Android OS, v7.0
Contact - 09-73171212

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com