5/04/2017

♪ " Vivo မှ 20MP ရှေ့ကင်မရာပါဝင်သော V5s အား ကြော်ငြာ " ♫

Image may contain: phone

Vivo သည် ဖုန်းအသစ်တစ်လုံးကို အိန္ဒိယဈေးကွက်တွင် မိတ်ဆက်ခဲ့ပြီး V5s ဖြစ်ကာ INR 18990 ($296) ဈေးသတ်မှတ်ထားပြီး Flipkart တွင် Pre-order စတင်မှာယူနိုင်ပြီဟု သိရှိရသည်။ အဆိုပါဖုန်းသည် 153.8 x 75.5 x 7.6 mm အရွယ်ရှိပြီး 154g လေးသည်။

Dual-SIM အသုံးပြုနိုင်မည်ဖြစ်သည်။ 5.5” IPS Display ပါဝင်ပြီး 720 x 1280 pixels (267ppi) ရှိသည်။ အကာအကွယ်အတွက် Corning Gorilla Glass 3 ကိုသုံးစွဲထားကာ 3D Touch Display ဖြစ်ပြီး Android 6.0 (Marshmallow) အား Funtouch OS 3.0 နှင့် တွဲဖက်သုံးစွဲပေးထားသည်။ MediaTek MT 6750 Chipset ကိုသုံးစွဲထားပြီး Octa-core ဖြစ်ကာ 1.5GHz မြန်နှုန်းရှိပြီး ဂရပ်ဖစ်အတွက် Mali-T860 MP2 အား သုံးစွဲထားသည်။ RAM 4GB နှင့် ထောက်ပံ့ပေးထားပြီး Storage 64GB ပါဝင်ကာ လိုအပ်ပါကလည်း ဒုတိယ SIM Slot နေရာအား Micro SD သဖွယ်သုံးနိုင်ပြီး 256GB ထိ ထောက်ပံ့ပေးနိုင်သည်။

 ကျောဘက်တွင် 13MP f/2.2 ကင်မရာပါဝင်ပြီး Phase Detection Autofocus ကိုသုံးထားကာ ရှေ့ဘက်တွင် 20MP f/2.0 ကင်မရာပါဝင်ပြီး 1/2.8” Sensor ကိုသုံးစွဲထားသည်။ Connectivity အနေဖြင့် WiFi 802.11 a/b/g/n, Bluetooth 4.0 ပါဝင်သည်။ Fingerprint Sensor ပါဝင်ပြီး 3000 mAh ဘက်ထရီအားသုံးစွဲထားသည်။


NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com