ရိုးရှင်းသောဖုန်းတစ်လုံးကိုသာ
အလိုရှိသည်ဆိုပါက အသစ်စက်စက်ပြသသွားခဲ့သော Samsung Z4 အား လေ့လာကြည့်ရန်
လိုအပ်မည်ဖြစ်သည်။ Social Media ပေါ်တွင် အဓိကထားပြီး သုံးစွဲရလွယ်ကူစေမည့်
Tizen အခြေခံသော စမတ်ဖုန်းသည် Android ဖုန်းများနှင့်
ယှဉ်ပြိုင်မည့်ပုံစံမျိုး မဟုတ်ခဲ့ပေ။ Z4 တွင် 4.5” Screen ပါဝင်ပြီးလက်ရှိအချိန် ဈေးကွက်ထဲရှိ ဖုန်းများနှင့်ယှဉ် ပါက သေးငယ်သော ဖုန်းတစ်ခုဖြစ်သည် ဟု
ဆိုနိုင်သည်။
Screen အား 2.5D Curved Glass ဖြင့် ဖန်တီးပေးထားပြီး 480 x 800 Pixel Resolution ရှိသည်။ အတွင်းပိုင်း Hardware များမှလည်း သင့်တင်မျှတရုံသာ သုံးစွဲထားပြီး Quad-core 1.5GHz Processor အား RAM 1GB ဖြင့် ထောက်ပံ့ပေးထားပြီး Tizen 3.0 OS ကို သုံးစွဲထားခဲ့သည်။ Selfie အတွက် 5MP Camera ကို သုံးစွဲထားပြီး f/ 2.2
Aperture ပါဝင်ကာ Flash ပါဝင်သည်။ ကျောဘက်ရှိအဓိကကင်မရာမှာ 5MP
ကင်မရာသာဖြစ်သည်။ Video Flip Feature ကြောင့် ကင်မရာနှစ်ခုစလုံးကို
တစ်ပြိုင်ထဲသုံးနိုင်စေသည်။
ကင်မရာနှင့်ဖုန်းကို Gesture နှင့်အသံတို့ဖြင့်ပါ ထိန်းချုပ်နိုင်ဦးမည်ဖြစ်သ ည်။ WiFi (2.4GHz b/g/ n)
နှင့် LTE Cat 4, VoLTE တို့ကို ထောက်ပံ့ပေးထားကာ ဒေသအချို့တွင် Dual SIM
အမျိုးအစား ကိုပါ ရောင်းချပေးသွားမည်ဖြစ်သည်။ Samsung Z4 အား အိန္ဒိယတွင်
စတင်ဖြန့်ချိရောင်းချသွားမည်ဖြစ် ပြီး နောက်ပိုင်းတွင် အခြားဒေသများသို့ပါ တင်ပို့ရောင်းချမည်ဖြစ်ကာ ဈေးနှုန်းအတိအကျကို မသိရသေးပေ။
NetGuide Journal (Every Wednesday)
https://www.facebook.com/ officialnetguidejournal
Screen အား 2.5D Curved Glass ဖြင့် ဖန်တီးပေးထားပြီး 480 x 800 Pixel Resolution ရှိသည်။ အတွင်းပိုင်း Hardware များမှလည်း သင့်တင်မျှတရုံသာ သုံးစွဲထားပြီး Quad-core 1.5GHz Processor အား RAM 1GB ဖြင့် ထောက်ပံ့ပေးထားပြီး Tizen 3.0 OS ကို သုံးစွဲထားခဲ့သည်။ Selfie အတွက် 5MP Camera ကို သုံးစွဲထားပြီး f/
ကင်မရာနှင့်ဖုန်းကို Gesture နှင့်အသံတို့ဖြင့်ပါ ထိန်းချုပ်နိုင်ဦးမည်ဖြစ်သ
NetGuide Journal (Every Wednesday)
https://www.facebook.com/