5/17/2017

♪ " 6 လက်မ display နှင့် ZTE Blade X Max " ♫

Image may contain: phone and text

ယခင်လက ပေါက်ကြားခဲ့သော ZTE Blade X Max အား ယခုအခါ တရားဝင်ကြေညာသွားခဲ့ပြီဖြစ်သည်။ အဆိုပါဖုန်းတွင် ကြီးမားသော 6လက်မအရွယ် Full HD display ပါဝင်ကာ Snapdragon 435 SoC အား သုံးစွဲ ထားခဲ့သည်။ US တွင် ကြေညာသွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ စမတ်ဖုန်းသည် နောက်ဆုံး Android OS 7.1.1 Nougat ကို သုံးထားပြီး ဈေးမှာလဲ 149.99 $ သာရှိခဲ့သည်။

Cricket Wireless online နှင့် ဆိုင်များတွင် စတင်ရောင်းချသွားမည်ဖြစ်သည်။ 1080x 1920p x display သည် LCD အမျိုးအစားဖြစ်ကာ Snapdragon 435 သည် 1.4GHz မြန်နှုန်းရှိ octa-core processor ဖြစ်ပြီး RAM 2GB ဖြင့် ထောက်ပံ့ပေးထားသည်။ Blade x Max တွင် အဓိကကင်မရာမှာ 13MP ဖြစ်၍ ရှေ့ဘက်တွင် 5MP ကင်မရာပါဝင်သည်။ Storage 32GB ပါဝင် ပြီး micro SD ဖြင့် 128GB ထိ ထပ်မံမြှင့်တင်နိုင်သည်။

4G LTE, WiFi 802.11 b/g/n, Bluetooth 4.2, USB Type-C တို့ပါဝင်ကာ 3400mAh ဘတ္ထရီကို သုံးစွဲထားပြီး အားအမြန်သွင်းနိုင်သော Qualcomm Quick Charge 2.0 အား ထောက်ပံ့ပေးထားသည်။ 165.1 x 83 x 9.4 mm အရွယ်အစားရှိကာ 196g လေးသည်။ ကျောဘက်တွင် Fingerprint Scanner ပါဝင်သည်ကို တွေ့ရသည်။ 


NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com