5/12/2017

♪ " Samsung Galaxy S8 VS Samsung Galaxy S8 Plus " တို့ရဲ့ ကွာခြားချက်များ ♫

Image may contain: phone and text

စမတ်ဖုန်းဈေးကွက်ထဲမှာ ရေပန်းအစားဆုံး ဖုန်း 2 လုံးဖြစ်နေတဲ့ Samsung Galaxy S8 နဲ့ Galaxy S8 Plus ဆိုတဲ့ အဆင့်မြင့်စမတ်ဖုန်းတွေကို ဒီတစ်ပတ် နှိုင်းယှဉ်ပေးသွားမှာ ဖြစ်ပါတယ်။ ဖုန်း 2 ခုလုံးမှာ တူညီတဲ့ အစိတ်အပိုင်းတွေကို အများကြီးတွေ့ရပြီး ဖုန်းအရွယ်အစား၊ မျက်နှာပြင်အကျယ်နဲ့ ဘက်ထရီစွမ်းအားပိုင်း မှာသာ အနည်းငယ် ကွာခြားမှုရှိတာကို တွေ့ရပါတယ်

Samsung Galaxy S8 Plus က S8 ထက် ပိုမိုအရွယ်အစားကြီးပြီး မျက်နှာပြင်ပိုကျယ်သလို အလေးချိန်လည်း အနည်းငယ် ပိုလေးပါတယ်။ ဖုန်း 2 ခုလုံးက GSM, HSPA နဲ့ LTE networks တွေမှာ အသုံးပြုနိုင်ပြီး Single SIM နဲ့ Dual SIM ဆိုတဲ့ version 2 မျိုးကို ထုတ်လုပ်ပေးထားပါတယ်။ ဖုန်းတွေထဲမှာ နောက်ဆုံးပေါ် specs နဲ့ features တွေ အများကြီးကို ထည့်ပေးထားပြီး ရေစိုလည်း ခံနိုင်ပါတယ်။ ဖုန်း 2 ခုလုံးရဲ့ အနောက်ကင်မရာတွေက 12MP နဲ့ f/1.7 aperture စွမ်းအားပိုင်းတွေကို ထောက်ပံ့ထားပြီး အရှေ့ကင်မရာက 8MP စီ ရှိကြပါတယ်။ S8 Plus မှာ Non-re movable Li-Ion 3500mAh battery ကိုသုံးထားလို့ S8 ထက် 500mAh battery စွမ်းအား ပိုများတာကို တွေ့ရပါတယ်။

* Design *

1. Samsung Galaxy S8
Samsung Galaxy S8 ရဲ့ အရွယ်အစားက 148.9 x 68.1 x 8 mm ရှိပြီး 155g လေးပါတယ်။ ဒီဇိုင်းက ထောင့်ဝိုင်းပုံစံနဲ့ မျက်နှာပြင်က ဘေးဘက်ကိုခုံးပြီး ဆင်းသွားပါတယ်။ အရှေ့ဘက်မှာ Iris scanner နဲ့ အနောက်ဘက်မှာ fingerprint sensor တို့ကို တပ်ဆင်ထားပါတယ်။

2. Samsung Galaxy S8 Plus
Samsung Galaxy S8 Plus ကတော့ 159.5 x 73.4 x 8.1mm အရွယ်အစားရှိပြီး အလေးချိန်က 173g လေးပါတယ်။ ကျန်တဲ့ဒီဇိုင်းအားလုံးက S8 နဲ့ အတူတူပဲဖြစ်တဲ့အပြင် Iris scanner နဲ့ Fingerprint sensor တို့ကို တပ်ဆင်ထားပုံခြင်းလည်း တူညီပါတယ်။

* Processor *

1. Samsung Galaxy S8
ကျစ်လျစ်ပေါ့ပါးတဲ့ ကိုယ်ထည်ထဲမှာ Qualcomm MSM8895 Snapdragon 895 Octa-Core processor နဲ့ Adreno 540 GPU ကိုအသုံးပြုထားပြီး RAM စွမ်းအားပိုင်းမှာ 4GB ပါရှိပါတယ်။ ဒါကြောင့် စက်စွမ်းဆောင်ရည် အလွန်ကောင်းမွန်ပြီး လျင်မြန်တိကျမှုလည်း ရှိပါတယ်။

2. Samsung Galaxy S8 Plus
၎င်းမှာသုံးထားတဲ့ CPU ပိုင်းရော GPU ပိုင်းမှာပါ တူညီတဲ့ အမျိုးအစားနဲ့ စွမ်းအားတွေကို ထောက်ပံ့ထားလို့ ဖုန်းစွမ်းဆောင်ရည်ချင်းလည်း အတူတူပါပဲ။ ဒါ့အပြင် RAM စွမ်းအားချင်းလည်း တူညီမှု ရှိပါတယ်။

* Display *

1. Samsung Galaxy S8
မျက်နှာပြင် 5.8-inch အကျယ်ရှိပြီး Super AMOLED capacitive touchscreen display အမျိုးအစားကို သုံးစွဲထားပါတယ်။ ပြသပေးနိုင်တဲ့ မြင်ကွင်းစွမ်းအားက 1440 x 2960 pixels ရှိပြီး 1 လက်မ သိပ်သည်းဆက ~570 ppi pixel ပမာဏ ရှိပါတယ်။

2. Samsung Galaxy S8 Plus
S8 Plus ကတော့ မျက်နှာပြင်အကျယ် 6.2-inch ရှိပြီး S8 နဲ့ တူညီတဲ့ မျက်နှာပြင်အမျိုးအစားကိုပဲ သုံးထားပါတယ်။ ဒါ့အပြင် ပြသပေးနိုင်တဲ့ မြင်ကွင်းစွမ်းအားချင်းလည်း တူညီပြီး ဖုန်း 2 ခုလုံးမှာ Corning Gorilla Glass 5 နဲ့ ဖုံးအုပ်ကာကွယ်ထားပါတယ်။

* Verdict *

1. Samsung Galaxy S8
Samsung Galaxy S8 ရဲ့ မျက်နှာပြင်မှာ physical button တွေ တစ်ခုမှမရှိတော့ဘဲ ဘေးဘက်ဘောင်ပျောက်ဒီဇိုင်းကြောင့် အရမ်းကို ဆွဲဆောင်မှု ရှိပါတယ်။ ဒီဇိုင်းပိုင်းက အလွန်သေသပ်လှပသလို စက်စွမ်းဆောင်ရည်ပိုင်းနဲ့ ထောက်ပံ့ထားတဲ့ specs တွေနဲ့ features တွေကလည်း အထူးကောင်းမွန်ပါတယ်။

2. Samsung Galaxy S8 Plus
S8 Plus ကတော့ မျက်နှာပြင်ကျယ်ကျယ်၊ ဘက်ထရီစွမ်းအား ကောင်းကောင်းကို သုံးချင်တဲ့သူတွေအတွက် ထပ်မံထုတ်လုပ်ထားတာဖြစ်ပြီး ကျန်တဲ့အပိုင်းတွေအားလုံးကတော့ S8 နဲ့ အတူတူပါပဲ။ ကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေကို မျက်နှာပြင်ကျယ်ကျယ်နဲ့ ကြည့်ချင်တဲ့သူတွေအနေနဲ့တော့ ဝယ်ယူသင့်ပါတယ်။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com