5/12/2017

♪ “Offline စွမ်းရည်များပါလာတဲ့ Google Chrome” ♫

Image may contain: phone

Google က ယခင်နှစ် ဒီဇင်ဘာလမှာ Web Pages များကိုဒေါင်းလုပ်လုပ်၍ Offline ကြည့်ရှုနိုင်တဲ့ စွမ်းဆောင်ချက်ကိုထည့်သွင်းပေးခဲ့ပါတယ်။ အခုတော့ ပိုမို အသုံးဝင်အောင် အဲဒီစွမ်းဆောင်ချက်ကို ပြင်ဆင်ပေးလိုက်ပါတယ်။

ပထမအချက်မှာလင့်များကိုဖိထားပြီးဒေါင်းလုပ်ပြုလုပ်နိုင်ခြင်း ဖြစ်ပါတယ်။ အဲဒီအတွက် စာမျက်နှာကို ဖွင့်ပြီးမှ ဒေါင်းလုပ်လုပ်စရာမလိုတော့ပါဘူး။ ဥပမာအားဖြင့် လင့်များစွာပါတဲ့ Wikipedia မှ ဆောင်းပါးများကို သိမ်းဆည်း ချင်သူများအတွက် အဆင်ပြေစေပါတယ်။

ဒုတိယအချက်မှာ Offline ဖြစ်နေစဉ်မှာ Web Page များကိုဒေါင်းလုပ်လုပ် နိုင်တဲ့ စွမ်းရည် ဖြစ်ပါတယ်။ အင်တာနက် မရချိန်မှာ ၀က်စာမျက်နှာတစ်ခု ကိုဖွင့်ပြီး Download Page Later ကို နှိပ်ရင် အင်တာနက် ရချိန်မှာအဲဒီ စာမျက်နှာကိုဒေါင်းလုပ်လုပ်ပေးမှာ ဖြစ်ပါတယ်။ နောက်ဆုံးစွမ်းဆောင်ချက် ကတော့ New Tab Page ကိုဖွင့်ရင် ဒေါင်းလုပ်လုပ်ထားတဲ့ ဆောင်းပါးများကို ပြသပေးမှာ ဖြစ်ပါတယ်။

ယခုစွမ်းဆောင်ချက် အသစ်များဟာအလွန် ဆန်းသစ်ခြင်းမရှိပေမယ့် အင်တာနက် မရရှိချိန်မှာ အသုံးဝင်ကြပါတယ်။ အင်တာနက် ဆက်သွယ်မှု အားနည်းတဲ့ နေရာဒေသများအတွက်လည်းအဆင်ပြေစေပါတယ်။ အဲဒီ စွမ်းဆောင်ချက် အသစ်များဟာအင်တာနက်မှ သတင်း၊ ဆောင်းပါးများ ကိုသိမ်းဆည်းပြီး Offline ကြည့်ရှုနိုင်တဲ့ Pocket နဲ့ Instapaperတို့လို Apps များကိုယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ယခုစွမ်းဆောင်ချက်များကိုနောက်ဆုံးထုတ် Chrome ( Android ) မှာထည့်သွင်းပေးနေပါပြီ။ iOS အတွက် ဖြန့်ချိပေးမယ့် အချိန်ကိုမသိရသေးပါဘူး။ 



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com