5/03/2017

♪ “အလိုအလျောက် Restart ကျနေတဲ့ Samsung Galaxy S8 Phone များ” ♫

No automatic alt text available.

Samsung က စကရင် အနီရောင် သမ်းနေတဲ့ Galaxy S8 Phone များရဲ့ ပြဿနာကိုဖြေရှင်းပေးမယ့် Software Update ကို ဖြန့်ချိပေးလိုက်ပါ တယ်။ Software Upate ဟာအဲဒီ ပြဿနာကိုပြေလည်စေမလား ဆိုတာ ကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ စကရင် အနီရောင်သမ်းခြင်း ဟာ Galaxy S8 ရဲ့ တစ်ခုတည်းသော ပြဿနာမဟုတ်တော့ပါဘူး။ Galaxy S8 နဲ့ S8 Plus ပိုင်ရှင်များကဖုန်းဟာအလိုအလျောက် Restart ကျနေတယ်လို့ Reddit, XDA Developers Forums , US Community Page များမှာပြောနေကြပါတယ်။

User တစ်ဦးက ၁၀ နာရီအတွင်းမှာဖုန်းဟာ ၅ ကြိမ်ကျော် Restart ကျသွားတယ်လို့ ပြောပါတယ်။ အချို့ Users များကmicroSD Card ကြောင့် ပြဿနာ ဖြစ်ရတာ ဖြစ်ပြီးကဒ်ကိုဖယ်လိုက်ရင်ခဏတာ အဆင်ပြေသွားတယ်လို့ ပြောပါတယ်။ အချို့ကတော့ SD Card ကို ဖယ်လိုက်ရင်တောင် ပြဿနာပြေလည်ခြင်းမရှိဘူးလို့ ပြောကြပါတယ်။

Android Authority က ဖုန်းအသစ်များအဲဒီလို Restart ကျခြင်းဟာပုံမှန် မဟုတ်ဘူးလို့ ပြောပါတယ်။ Samsung ဟာ S8 Phone များ Restart ကျခြင်းကိုလည်းဖြေရှင်းပေးရမယ့် ပုံပေါ်ပါတယ်။ Software မဟုတ်ဘဲ Hardware ကြောင့် ဒီလို ဖြစ်တယ်ဆိုရင် ကုမ္ပဏီဟာဂုဏ်သိက္ခာထပ်မံ ကျဆင်းရဦးမှာ ဖြစ်ပါတယ်။ 



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com