5/03/2017

♪ “CB Bank ၏ Prestige နှင့် Credit ကတ်ကိုင်ဆောင်သူများ အခမဲ့နှင့် လျှော့ဈေး အခွင့်အရေးများ ရရှိမည်” ♫

Image may contain: text

CB Bank ၏ Prestige နှင့် Credit ကတ်ကိုင်ဆောင်သူများ အနေဖြင့် ဆူးလေရှန်ဂရီလာ၊ Balance Fitness နှင့် Training Ground The Premier Fitness Club တို့တွင် အခမဲ့နှင့် Discount အခွင့်အရေးများ ရရှိမည်ဖြစ် ကြောင်း သိရသည်။ CB Prestige Card နှင့် Platinum Card ကိုင်ဆောင် သူများအတွက် Balance Fitness တွင် တနင်္ဂနွေနေ့တိုင်းကို CB Sports Day “အခမဲ့ရက်” အဖြစ်ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ပါသည်။ 

ပထမဦးဆုံး Member ၀င်လျှောက်ထားသူများ အယောက် (၂၀)အတွက် Gym Membership အား (၃၀%) လျှော့ဈေးနှင့် Member မဟုတ်သူများ အတွက် (၂၀%) လျှော့ဈေး ရယူနိုင်ပြီး အဆိုပါပရိုမိုးရှင်းမှာ မတ်လ ၁၅ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိဖြစ်သည်။ CB Bank ၏ Prestige Member များအတွက်လည်း Training Ground The Premier Fitness Club တွင် အခမဲ့ GYM ကစားခွင့်ပေးအပ်သွားရန် စီစဉ်ထားပြီး အထူး အခွင့်အရေးအနေဖြင့် Prestige Members များ၏ မိသားစုဝင်များ သူငယ်ချင်းများသည်လည်း 7 Day Pass များနှင့် Membership Packages များအတွက် Up to 25% Off Discount များကို ရယူနိုင်မည် ဖြစ်ပါသည်။

CB Bank ၏ Credit Card Holders များအနေဖြင့်လည်း Training Ground The Premier Fitness Club တွင် Member အဖြစ် Gym ကစား လိုပါက လစဉ်ပုံမှန်ကြေးများအတွက် Card အမျိုးအစား အလိုက် Discount များ အသီးသီးရရှိသွားမည်ဖြစ်ပါသည်။ CB Bank ၏ Gold နှင့် Platinum Credit Card ကိုင်ဆောင်သူများသည် လျှော့ဈေးအနေဖြင့် နှစ်ဆယ်ရာခိုင်နှုန်း (20%Off) အထိရရှိနိုင်မည်ဖြစ်ပြီး Classic Credit Card ကိုင်ဆောင် သူများသည် ဆယ့်ငါးရာခိုင်နှုန်း (15% Off) ရရှိမည် ဖြစ်ပါသည်။


၎င်းအပြင် အထူးအစီအစဉ်အနေဖြင့် CB Bank တွင် Gold နှင့် Platinum Credit Card အသစ်လျောက်ထားသူများအတွက် ၂၀၁၇ မေလမှ ဇွန်လ ကုန်အထိ Membership ဈေးနှုန်းများကို နှစ်ဆယ့်ငါး ရာခိုင်နှုန်း (25%Off)အထိဈေးလျှော့ပေးသွားမည်ဖြစ်ကြောင်းသိရ သည်။ ထို့ပြင် Prestige Banking Clients များအနေဖြင့် ဆူးလေရှန်ဂရီလာ ဟိုတယ်တွင် အသုံးပြု မည်ဆိုပါကလည်း Café Sule တွင် အသုံးပြုပါက 20% OFF ၊ Gallery Bar တွင် အသုံးပြုပါက 20% OFF ၊ Hotel အခန်းခများအတွက် 30% OFF ဖြစ်ကာ ဆူးလေရှန်ဂရီလာ အတွက် Promotion ကာလမှာ (Jan 01 2017) မှ (Dec 31 2017) အထိ ပေးထားကြောင်း CB ဘဏ်မှ သတင်းထုတ်ပြန်ထားပါသည်။


ရဲလင်းလင်းသန်း

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com