5/07/2017

♪ " ကိုယ်တိုင်အားဖြည့်နေစဉ် စမတ်ဖုန်းကို အားသွင်းပေးမည့် Power Bank " ♫

Image may contain: phone and text

Power Bank များဟာ သူတို့ ကိုယ်တိုင်အားဖြည့်ပြီးမှ စမတ်ဖုန်း၊ တက်ဘလက်များကို အားသွင်းပေးနိုင် ပါတယ်။ အခုတော့ ကိုယ်တိုင်အားဖြည့်နေစဉ် စမတ်ဖုန်းကိုပါ အားသွင်းပေးမယ့် Power Bank ပေါ်လာပါပြီ။ Uiee အမည်ရ ကုမ္ပဏီက တီထွင်လိုက်တာဖြစ်ပြီး သူ့မှာပလက်ပေါက်တွင် ထိုးနိုင်တဲ့အားသွင်းငုတ်တပ် ဆင်ထားပါတယ်။ 

အားသွင်းငုတ်ကို ပလက်ပေါက်မှာတပ်ဆင်၍ ကိုယ်တိုင် အားဖြည့်နေစဉ် မှာ စမတ်ဖုန်းများကိုပါ အားသွင်းပေးနိုင်ပါတယ်။ အဲဒီအတွက် အလုပ် 2 ခုကို တစ်ပြိုင်နက် ပြီးမြောက်စေပါတယ်။ Power Bank ဟာ အားပြည့်နေတဲ့အခါမှာ စမတ်ဖုန်းထံသို့ စွမ်းအင်ကို အပြည့်အ၀လွှတ်ပေးမှာဖြစ်ပါတယ်။


အမေရိကန်တွင် အများစုအသုံးပြုတဲ့ Type A Plugs ကို သူ့မှာတပ်ဆင်ထားပြီး micro USB ,Lightning Cable Models များလည်း ထုတ်လုပ်ပေးထားပါတယ်။ 1050 mAh သိုလှောက်ထားနိုင်ပြီး သူ့ကိုအားအပြည့် သွင်းချင်ရင် မိနစ် 90 ကြာမြင့်ပါတယ်။ အဲဒီ စွမ်းအင်ပမာဏဟာ ဒီနေ့ခေတ် စမတ်ဖုန်းဘက်ထရီများရဲ့ သုံးပုံပုံတစ်ပုံကို အားဖြည့်ပေးနိုင်ပါတယ်။ စမတ်ဖုန်းများကို အရေးပေါ်အားသွင်းဖို့နဲ့ ခရီးသွားဖို့အတွက် အဆင်ပြေပါတယ်။ 

သူ့ရဲ့ ဒီဇိုင်းဟာ စက်ဝိုင်းပုံသဏ္ဍာန်ဖြစ်ပြီး အရွယ်သေးငယ်တဲ့အတွက် သွားလေရာယူဆောင်သွားနိုင်ပါတယ်။ ဒါပေ မယ့် အားသွင်းကြိုးက တစ်ပေခွဲသာရှိတဲ့အတွက် နံရံပလက်ပေါက်မှာ သူ့ကိုတပ်ဆင်ထားရင် စမတ်ဖုန်းနဲ့ချိတ်ဆက်ဖို့ အခက်တွေ့စေပါတယ်။ 25 ဒေါ်လာတန်ကြေးရှိပြီး ကုမ္ပဏီရဲ့ဝက်ဆိုက်ကနေ မှာယူနိုင်ပါပြီ။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com