5/07/2017

♪ " HTC U11 တွင် အထူးကောင်းမွန်သော spec များ ပါဝင်မည်ဟု သတင်းထွက်ပေါ် " ♫

Image may contain: phone and text

HTC U11 သည် မကြာမီထွက်ရှိလာတော့မည်ဖြစ်ပြီး နောက်ဆုံးပေါက်ကြားခဲ့သော သတင်းအရ အထူးကောင်းမွန်သော ပစ္စည်းများဖြင့် ပွဲထွက်လာဖွယ်ရှိကြောင်း သိရသည်။ ပေါက်ကြားမှုအရ HTCU 11 အား benchmarking test ပြုလုပ်ခဲ့သည်ဟုဆိုသည်။ HTC သည် HTC U 11 ထွက်မည်ဟုမျှော်မှန်းထားကြသည့်ပွဲအတွက် ဖိတ်ကြားမှုများလည်း တရားဝင်ပြုလုပ်ပြီးဖြစ်သည်။

ဖုန်းတစ်လုံး၏ပုံနှင့် “Squeeze for the brilliant” ဟူသောစာသား ဖိတ်စာတွင် ပါဝင်သဖြင့် အားလုံးမှ ထူးခြားသော အသစ်စက်စက်ပစ္စည်းကို မျှော်လင့်လျှက်ရှိ ကြသည်။ သို့သော် ယခုပေါက်ကြားသော သတင်းများအရ ဈေးကွက်တွင် ထိပ်တန်းအဆင့်ရှိ specs များလည်း ပါဝင်လာကြောင်း ထပ်မံသိကြရသည်။ HTC U 11 တွင် Qualcomm ၏ Snapdragon 835CPU ပါဝင်ပြီး 1.9GHz မြန်နှုန်းရှိကာ RAM 4GB ဖြင့် ထောက်ပံ့မှုပေးထားကြောင်း သိရသည်။ စမ်းသပ်မှုများအရ Samsung Galaxy S8 ဖုန်းနှင့် ယှဉ်နိုင်သည်ဟု ဆိုထားသည်။

Benchmarking ရလဒ်အရ တူညီသော်လည်း ဖုန်း၏ OS မှာ မြန်ဆန်မှု ရှိ၊ မရှိကိုမူ ဆက်၍စောင့်ကြည့် ကြရမည်ဖြစ်သည်။ Android 7.0 Nougat ပေါ်တွင် HTC ၏ UX skin ပါဝင်လာပါက ရလဒ်အချို့ ပြောင်းလဲသွားနိုင်သော်လည်း အလွန်မြန်ဆန်သည့် ဖုန်းဖြစ်သည်မှာ သေချာနေခဲ့သည်။


NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com