5/05/2017

♪ PC မှာ YouTube Video များကို Picture-in-Picture Mode ဖြင့် ကြည့်ရှုနည်း ♫

https://i1.wp.com/digitaltimes.com.mm/wp-content/uploads/2017/05/youtube-football-field-ss-1920-800x450.jpg?fit=800%2C450&ssl=1

YouTube Mobile Apps များမှ အကောင်းဆုံး စွမ်းဆောင်ချက် တစ်ခုမှာ Picture-in-Picture Mode ဖြစ်ပါတယ်။ သူက Video တစ်ခုကို အရွယ်သေး Player ဖြင့် ကြည့်နေစဉ်မှာ အခြား ဗီဒီယိုများကို ရှာဖွေနိုင်ပါတယ်။ အဲဒီ စွမ်းဆောင်ချက်ကို ပီစီမှာတော့ အသုံးပြုလို့ မရပါဘူး။ ပီစီမှာ သုံးချင်ရင်တော့ YouTube Picture in Picture (Beta) အမည်ရ Chrome Extension ကို အသုံးပြုရမှာ ဖြစ်ပါတယ်။

အဲဒီ Extension ကို Chrome မှာ အင်စတောလုပ်ပြီးရင် YouTube ၀က်ဆိုက်ကို သွားပါ။ ဗီဒီယို တစ်ခုကို ဖွင့်ပါ။ ဗီဒီယို ပြသနေစဉ်မှာ Search Box ကနေ အခြား ဗီဒီယိုတစ်ခုကို ရှာပါ။ အဲဒါဆိုရင် ဖွင့်ထားတဲ့ ဗီဒီယိုကို စကရင်ရဲ့ ညာဘက်အောက်ထောင့်မှာ အရွယ်သေး Player ဖြင့် ပြသပေးမှာ ဖြစ်ပါတယ်။



Video Player အပေါ်ကို Mouse Cursor တင်ကြည့်ရင် YouTube Controls များကို တွေ့ရမှာ ဖြစ်ပါတယ်။ Video Player ရဲ့ အထက်မှာ ပုံမှန် အရွယ်အစားဖြင့် ကြည့်ခြင်း၊ အနည်းငယ် အရွယ်အစားကြီးမားတဲ့ ပလေယာဖြင့် ကြည့်ခြင်းနဲ့ ပလေယာကို ပိတ်ခြင်း စတဲ့ အလုပ်များအတွက် ခလုတ် ၃ ခု ကို တွေ့ရမှာ ဖြစ်ပါတယ်။

Extension ရဲ့ အခြား စွမ်းဆောင်ချက် တစ်ခုမှာ ဗီဒီယိုတစ်ခုအပေါ် Right-Click နှိပ်၍ ပေါ်လာတဲ့ Options များကနေ Picture-in-Picture Mode ဖြင့် ကြည့်နိုင်ခြင်း ဖြစ်ပါတယ်။




Credit to ==> DigitalTimes.com.mm
 


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com