5/07/2017

♪ “Master your iPhone : iOS 10” ♫

Image may contain: phone and text

ယခုအချိန်မှာဆိုရင် iPhone အသုံးပြုသူအများစုဟာ iOS 10.3.1ဆီကို အဆင့်မြှင့်တင်မှုတွေပြုလုပ်ပြီးလောက်ပါပြီ။ စမ်းသပ် အသုံးပြုဖူးသူတွေ အနေနဲ့လည်း သူ့မှာထပ်မံထည့်သွင်းပေးထားတဲ့ feature အသစ်တွေ အကြောင်း သိသင့်သလောက်သိ လောက်ပါပြီ။ လာမယ့် june 5ရက်နေ့ မှာကျင်းပမယ့် WWDC 2017မှာလည်း appleအနေနဲ့ iOSနဲ့ပတ်သက်လို့ dark modeနဲ့shapchap-style ဗီဒီယိုဝေမျှတဲ့ appတွေထပ်မံထည့်သွင်း ပေးသွားမယ်လို့ သတင်းတွေထွက်နေပါတယ်။ ဒီတစ်ပတ်အ တွက် apple magazineမှာဖော်ပြခဲ့တဲ့ iOS 10 နဲ့ပတ်သက်တဲ့လုပ်ဆောင်ချက်တွေ အကြောင်းကို အသေးစိတ်သိရအောင်စမ်းသပ်ဖော်ပြပေးလိုက်ပါတယ် . . . . .

<1: Unlock Phone without pressing the home button>

Passcode Screen ကို သွားဖို့ ညာဘက်သို့ လက်နဲ့ ပွတ်ဆွဲရတဲ့ “Swipe to Unlock” ကို ဖယ်ရှားလိုက်ပါတယ်။ Lock Screen မှာ ဘယ်ဘက်သို့ ပွတ်ဆွဲရင် ကင်မရာကို သုံးနိုင်တဲ့အတွက် လျှပ်တစ်ပြက်ဓါတ်ပုံများ ရိုက်ကူးဖို့ လွယ်ကူပါတယ်။ iOS Lock Screen က Touch ID ကို သုံးသူ ဆိုရင် လက်ဗွေရာနဲ့ Unlock လုပ်ဖို့ ညွှန်ကြားပါတယ်။ Lock လုပ်ထား ခြင်းမရှိတဲ့ ဖုန်းမှာတော့ Home Screen ကို သွားဖို့ Home Button ကိုနှိပ်ပါလို့ ညွှန်ကြားမှာပါ။ Home Screen မှာ ရှိနေချိန်မှာ Widgets များကို Notification Center မှာမပြသပေးပါဘူး။ ဒါပေမယ့် App တစ်ခု ကိုသုံးနေစဉ်မှာ Notification Center မှာ ညာဘက်သို့ ပွတ်ဆွဲရင် Widgets များကို ပြသပေးမှာပါ။

<2:Make your flashlight brighter>

Lock Screen ရဲ့ နောက်ဆုံးအစိတ်အပိုင်းဖြစ်တဲ့ Control Center ကို လည်း ပုံစံအသစ်နဲ့ တွေ့ရမှာပါ။ ဓာတ်မီးအလင်းရောင်ကို ပြောင်းဖို့ ၊ Timer ကို သတ်မှတ်ဖို့ ၊ Camera တို့အတွက် 3D Touch Shortcut အသစ်များ ပါလာပါတယ်။ သင့်အနေနဲ့ဖုန်းရဲ့ brightness levels နဲ့ flashlight ရဲ့အလင်းအမှောင်အတွက် control panelမှာဝင်ရောက်ချိန်ညိ နိုင်ပါလိမ့်မယ်။ Control panel ကိုဦးစွာဝင်ရောက်လိုက်ပါ၊နောက်အဆင့် အနေနဲ့ flashlight iconပေါ်မှာ အချိန်အတန်ကြာဖိထားလိုက်ပါ၊ ဒါဆို သုံးစွဲသူအနေနဲ့ bright, Low light သို့ Medium ကိုရွေးချယ် သတ်မှတ်နိုင် ပါလိမ့်မယ်။

♥:Home app to Control>

တစ်နေရာတည်းကနေ HomeKit Products အားလုံးကိုထိန်းချုပ်ဖို့ပါ။ iPhone, iPad များမှာသုံးနိုင်မယ့် Home မှာ စမတ် နေအိမ်ကိရိယာ များစွာကို တစ်ပြိုင်နက်ထိန်းချုပ်ဖို့ အိမ်ခန်းစာရင်းအားလုံးထည့်သွင်း ပေးထားတယ်။ သတ်မှတ်ထားတဲ့ အချိန် ရောက်ရင်မီးအလိုလို ဖွင့်ခြင်း တို့လို အလုပ်များကိုလည်း ပြုလုပ်နိုင်တဲ့ကဏ္ဍပါပါတယ်။ Home ကို iOS Control Center ကနေ လည်း သုံးနိုင်တဲ့အတွက် App ကို ဖွင့်ဖို့မလိုဘဲ စမတ်နေအိမ်ကိရိယာများကို ထိန်းချုပ်နိုင်ပါတယ်။ ဗီဒီယိုကင်မရာများ၊ လေအေး ပေးစက်များ၊ နေအိမ်တံခါးခေါင်းလောင်းများအပါအ၀င် ကိရိယာ အသစ်များကို ထောက်ပံ့လာပါတယ်။

<4:Use Raise and wake>

ဒီလုပ်ဆောင်ချက်ကိုသုံးနိုင်မယ့်ဖုန်းတွေကတော့ M9 motion coprocessor ပါဝင်တဲ့ဖုန်းတွေဖြစ်တဲ့ 6s, 6s Plus, SE နဲ့ iPhone 7 တို့မှာပဲဖြစ်ပါတယ်။ လုပ်ဆောင်ရမယ့် နည်းလမ်းကတော့ setting ထဲကို ဝင် display & brightness မှာ Raise to wake လုပ်ဆောင်ချက်ကို activate ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ အသုံးမပြုချင်တော့ဘူးဆိုရင်လည်း အရှေ့မှာဖော်ပြထားတဲ့ နည်းလမ်းအတိုင်း ဝင်ရောက်ပြီးတော့ off ပြုလုပ် ပေးရပါလိမ့်မယ်။

<5:Enable and Use Reachability>

iPhone 6 နဲ့ 6 Plus ကစလို့ Phone Size တွေဟာကြီးလာပါတယ်။ လက်သေးတဲ့လူတွေအဖို့ လက်နှစ်ဖက်သုံးမှ အဆင်ပြေမယ့်အနေအထား ပေါ့။ ဒီအတွက် Apple က လက်တစ်ဖက်တည်းနဲ့  Screen တစ်ခုလုံးကို လက်လှမ်းမီနိုင်ဖို့ Reachability ကို ထည့်သွင်းပေးထားပါတယ်။ Settings>General>Accessibility>Reachability ကို On လိုက်ပါ။ ပြီးရင် Home Button ကို နှစ်ချက် ခပ်ဖွဖွပုတ်လိုက်ရုံနဲ့အပေါ်က Apps တွေ အောက်ကိုကျလာပြီး လက်လှမ်းမှီသွားပါပြီ။ ဒီ Features က Touch ID ပါတဲ့ 6,6Plus,6s,6sPlus တို့မှာပဲသုံးနိုင်ပါလိမ့်မယ်။

<6:Clear your home screen>

iOS 10 မှာ ကြိုတင်ထည့်သွင်းထားတဲ့ Apps များစွာကို iOS App Store မှာလည်း တင်ထားပေးပါတယ်။ မသုံးချင်ရင် ဖျက်နိုင်ပြီး စတိုးကနေ ပြန်လည် ဒေါင်းလုပ်လုပ်နိုင်ပါတယ်။ iOS Device ကနေဖျက်လိုက်တဲ့ Apps များဟာ တကယ်တော့ အပြီး တိုင်ဖျက်လိုက်တာမဟုတ်ပါဘူး။ သူတို့ဟာ OS ရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် ကျန်ရှိနေတာပါ။ သူတို့ကို ဖွက်လိုက်တာလို့ ပြောလို့ ရပါတယ်။ Apple ရဲ့ အဆိုအရ Stock Apps အားလုံးဟာ 150MB လောက်သာ Storage မှာ နေရာယူပါတယ်။ ဒီ နည်းလမ်း ကိုသုံးဖို့အတွက် app icon ပေါ်မှာဖိထားပေးရမှာဖြစ်ပြီး၊app တွေရဲ့အပေါ်ဘက်ထောင့်မှာတွေ့တဲ့ ဒီပုံစံလေးကိုထိပြီးမသုံးချင် တော့တဲ့ appကို deleteလုပ်နိုင်ပါတယ်။ camera,Photo,message လိုမျိုး app တွေကိုတော့ ဖယ်ထုတ်ပစ်လို့ရနိုင်မှာ မဟုတ်ပါဘူး။

<7:exclusive to the Messages app>

Messages မှာ လင့်များစွာကို ထောက်ပံ့လာပါတယ်။ Chat Window ထဲကနေပဲ website များရဲ့ Previews များကို ကြည့် နိုင်ပါတယ်။ ဓာတ်ပုံ တစ်ပုံကို ရိုက်ကူးပေးပို့နိုင်ပါတယ်။ Messages မှာ ဓာတ်ပုံတစ်ပုံကို ပို့လိုက်ရင် ပုံကိုနှိပ်ကာ Editing Tools , Markup တို့ကိုပါ သုံးနိုင်မှာပါ။ Editing Tools များဟာ Photos App မှ Tools များနဲ့ တူညီပါတယ်။ exposure, saturation, brightness တို့ကို ချိန်ညှိနိုင်မှာပါ။ Markup က ဓာတ်ပုံမှာ စာများ၊ ပုံများကိုရေးဆွဲထည့်သွင်းနိုင်ပါတယ်။ Messages မှာ လက်ရေးစာများကိုလည်း ရေးသားပေးပို့နိုင်ပါပြီ။ ကီးဘုတ်ရဲ့ ညာဘက် အောက်ခြေမှ ဘောပင်ခလုတ်ကိုနှိပ်ရင် လက်ချောင်းနဲ့ စာရေးနိုင်မယ့် Touch Pad ကို ပြသမှာပါ။

<8: you can do with Siri>

Uber App ကနေ အငှားယာဉ်ခေါ်ဖို့၊ ငွေပေးချေဖို့၊ Skype ကနေ သူငယ်ချင်းထံ ဖုန်းခေါ်ဖို့တို့ကို Siri အားခိုင်းနိုင်မှာပါ။ Siri ကို လုပ်ဆောင်ချက် ၆ ခုခိုင်းလို့ရပါတယ်။ ခရီးအတွက် လက်မှတ်များမှာခြင်း၊ စာပို့ခြင်း၊ ဓာတ်ပုံရှာခြင်း၊ ငွေပေးချေခြင်း၊ အင်တာနက်ဖုန်းခေါ်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု လုပ်ခြင်းတို့ဖြစ်ပါတယ်။ CarPlay မှာဆိုရင် လေအေးပေးစနစ်ကို ထိန်းချုပ်ခြင်း၊ ရေဒီယို Settings များကို ချိန်ညှိခြင်း များကိုပါ ပြုလုပ်နိုင်ပါတယ်။ ဒီလို Apps များနဲ့သာ Siri ကို တွဲဖက်အလုပ် လုပ်စေခြင်းမှာ Apple ရဲ့ Privacy ကို လုံခြုံစေချင်တဲ့သဘောပါ။ အနာဂတ်မှာတော့ အခြား Apps အမျိုးအစားများနဲ့ တွဲဖက်မှာပါ။

<9 :Want to Love a song?>

Apple Music ကို ပိုမိုရိုးရှင်းအောင် ဒီဇိုင်းထုတ်ထားပါတယ်။ သီချင်းအသစ် များကို လွယ်ကူစွာရှာဖွေနိုင်ပါပြီ။ Tabs များထဲမှာ Library, For You, Browse, Radio တို့ ပါလာတဲ့အတွက် ရှာရလွယ်ကူလာပါပြီ။ Search Tab အသစ်ကနေ သီချင်းများကို လျင်မြန်စွာရှာနိုင်ပါပြီ။ Fans များက အနုပညာရှင်များကို Follow လုပ်နိုင်တဲ့ လူမှုကွန်ရက်ကို တိုက်ရိုက် ချိတ်ဆက် နိုင်တဲ့ Connect Tab ကိုတော့ ဖယ်ရှားလိုက်ပါတယ်။ ဒါပေမယ့် အနုပညာရှင်များရဲ့ ပို့စ်များကို မြင်တွေ့နိုင်မယ့် ကဏ္ဍကို For You မှာ ထည့်ပေးထားပါတယ်။ Apple Music မှာ သီချင်းတစ်ပုဒ်ကို ဖွင့်ရင်စာသားကိုပြသတဲ့ စွမ်းဆောင်ချက်အသစ်တစ်ခု ပါလာပါတယ်။ Downloaded Music ကဏ္ဍမှာ သင့်ဖုန်းထဲမှ သီချင်းများကို ပြသထားပါ တယ်။

<10:More Features in maps>

ထိန်းချုပ်ခလုတ်များ၊ တည်နေရာ အကြံပေးချက်များကို အလွယ်တကူ သုံးနိုင်အောင် ဒီဇိုင်းပြင်ဆင်ထားပါတယ်။ လမ်းပိတ်ဆို့မှု အခြေအနေကို လည်း ပြသပေးပါတယ်။ Maps မှာလည်း Siri ပါလာပြီး သွားမယ့်နေရာ များ၊ အမြန်ဆုံးလမ်းကြောင်းများကို အကြံပြုပေးနိုင်ပါတယ်။ အသုံးပြုသူ ရဲ့ အမူအကျင့်၊ တည်နေရာ၊ ပြက္ခဒိန်များအပေါ်မူတည်ပြီး အကြံပြုပေး တာပါ။ မနက် ၈ နာရီမှာအလုပ်သွားနေကျဆိုရင် အလုပ်ကို အမြန်ဆုံး ရောက်မယ့် လမ်းကြောင်းကို အလိုလိုပြသပေးမှာပါ။ သွားနေတဲ့ လမ်း ကြောင်းမှ ဓာတ်ဆီဆိုင်၊ စားသောက်ဆိုင်၊ ကော်ဖီဆိုင်များကို ရှာနိုင်တဲ့ စွမ်းရည်လည်း ပါလာပါတယ်။ ကားရပ်ထားတဲ့ နေရာကို လည်း Apple Maps က အလိုလိုမှတ်သားထားတဲ့အတွက် ကားပျောက်မှာ စိတ်မပူရ တော့ပါဘူး။ Maps ရဲ့ စွမ်းရည်အသစ် များကို CarPlay မှာလည်းသုံးနိုင် ပါတယ်။

<11:Clear your storage>

16GB iPhoneကိုကိုင်ဆောင်သူတွေအတွက်တော့အမြဲလိုလို စိန်ခေါ်မှု တွေနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။ သိမ်းဆည်းနိုင်မှုပမာဏ နည်းပါးတာကြောင့် သင့်အနေနဲ့သီချင်းအသစ်တွေထပ်မံထည့်သွင်းချင်တဲ့ အချိန်မှာဖြစ်လာ နိုင်တဲ့ပြဿနာအတွက် Music Storage Optimization ဆိုတဲ့သိုလှောင် နိုင်စွမ်းကို တိုးမြှင့်ပေးမယ့် နည်းလမ်းတစ်ခု Settings မှာ ပါလာပါတယ်။ နားထောင်လေ့မရှိတဲ့ သီချင်းများကို ဖယ်ရှားပေးမှာပါ။ သီချင်း သိမ်းဆည်းမှု ပမာဏကိုလည်း 8 , 16, 32, 64 GB စသဖြင့် ကန့်သတ် နိုင်ပါတယ်။

<12:Copy & Paste One Device>

Notes Collaborationလုပ်ဆောင်ချက်ကိုအသုံးပြုပြီး မှတ်စုများကို အတူတကွပြုလုပ်နိုင်ပါပြီ။ Notes ထဲမှာ Add People Icon ကိုနှိပ်ပြီး သူငယ်ချင်းများကိုဖိတ်ခေါ်နိုင်ပါတယ်။ Edit အတူတကွလုပ်ထားတာ တွေကို ပါဝင်သူအားလုံးထံမှာလည်း ပြောင်းလဲ ပေးမှာပါ။ Mail မှာ အပြန်အလှန်ပေးပို့ထားတဲ့ အီးမေးများကို ရက်စွဲအလိုက်စုစည်းပြသ ထားတဲ့ Threaded Conversations ပါ လာပါတယ်။ အဟောင်းဆုံး သို့မဟုတ် အသစ်ဆုံးအီးမေးများကို Threaded Conversations မှာ အရင်ဆုံး ပြသပေးဖို့ Settings မှာ ရွေးချယ်နိုင်ပါတယ်။ အလိုမရှိတဲ့ website များမှ အီးမေးများကို အလွယ်တကူ Unsubscribe လုပ်ဖို့ အီးမေးတိုင်းရဲ့ ထိပ်မှာ Unsubscribe Button ပါလာပါတယ်။ 




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com