
အထူ 5.1mm သာရှိသောကြောင့် အပါးလွှာဆုံးမိုဘိုင်းဖုန်းအဖြစ် လူသိ များခဲ့သော KENBO ရဲ့ Dream One (B18) စမတ်ဖုန်းဖြစ်ပါတယ်။ ဖုန်းရဲ့ချစ်စဖွယ်ကောင်းသောကိုယ်ထည်တစ်ခုလုံးကို လေယာဉ်ကိုယ် ထည်ရဲ့အတွင်းဘက်ပိုင်းမှာသာ အသုံးပြုသော Aircraft Aluminium ဆိုသော သတ္တုတစ်မျိုးနဲ့ပြုလုပ်ထားသောကြောင့် သာမန်ဖုန်းတွေထက် ပိုမိုအကြမ်းခံတာ ကိုတွေ့ရမှာပါ။
ပါးလွှာသော ဖုန်းဖြစ်သည့်အပြင် 98g သာအလေးချိန်ရှိသောကြောင့် ပေါ့ပါးတဲ့ဖုန်းတစ်လုံးလည်းဖြစ်ပါတယ်။ ဖုန်းရဲ့မျက်နှာပြင်အရွယ်အစားကတော့ 4.8inches သာရှိသောကြောင့် သေးသွယ် ကျစ်လျစ်သောအမျိုးအစားဖြစ်ပါတယ်။ ဖုန်းမျက်နှာပြင် အပိုင်းတွင် AMOLED နည်းပညာကို အသုံးပြုထားသောကြောင့် ရုပ်ထွက် ပိုင်းမှာလည်း သိသိသာသာကောင်းမွန်နေတာ ကိုတွေ့ရမှာဖြစ်ပါ တယ်။ ဖုန်းရဲ့ Screen တွင် အစင်းရာအခြစ်ရာများမဖြစ်ပေါ်စေဖို့အတွက်လည်း
Gorilla Glass ကို ထပ်မံဖုံးအုပ်ထားပါသေးတယ်။ ထည့်သွင်းပေးထားသော pixels
ပမာဏကတော့ 720x1280 ဖြစ်ပြီး Movies နှင့် MTV တို့ကို
ကြည့်ရှုသည့်အခါများတွင် အဆင်ပြေစေပါလိမ့်မယ်။
သွက်လက်မြန်ဆန်ပြီး ကြီးမားသောလုပ်ငန်းဆောင်တာများကို
ပိုမို လုပ်ကိုင် နိုင်စေဖို့အတွက် စွမ်းဆောင်ရည်မြင့်မားသော Quad-core
1.2GHz CPU ကို ထည့်သွင်းပေးထားပါတယ်။ မှတ်ဥာဏ်ပမာဏအပိုင်း တွင် RAM ကို
2GB ထည့်သွင်းပေးထားပြီး ROM ပမာဏအပိုင်းတွင် 16GB ပါရှိအောင် ဆောင်ရွက်ပေး
ထားပါတယ်။
ကင်မရာပိုင်းဆိုင်ရာ မှာလည်း 5P Largen Lens စနစ်နဲ့ အပြာရောင်မှန်ပြားငယ်လေးကို
ပေါင်းစပ်ပေးထားတာ ကြောင့် မလိုအပ်တဲ့ အလင်းရောင်ကို စစ်ထုတ် ပေးတဲ့အပြင်
ရိုက်ကူးလိုက်သော ပုံရိပ်များဟာလည်း အရောင်အသွေး စုံလင်စွာနဲ့လှပနေတာကို
တွေ့မြင်ရမှာပါ။ အဓိက,ကင်မရာဟာ 8MP စွမ်းရည်ရှိပြီး ရှေ့ကင်မရာငယ်ကတော့ 5MP
စွမ်းရည်ပါ။ ဘက်ထရီ စွမ်းရည်မှာ Li-Ion 2000mAh ဖြစ်ပါတယ်။
<Specifications>
Network - 2G/3G/4G
Memory - 16GB
CPU - Quad Core 1.2GHz
Camera - 8MP
Screen - 4.8inches
OS - Android OS, v5.0
Contact - 09-258451418
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal
ပါးလွှာသော ဖုန်းဖြစ်သည့်အပြင် 98g သာအလေးချိန်ရှိသောကြောင့် ပေါ့ပါးတဲ့ဖုန်းတစ်လုံးလည်း
သွက်လက်မြန်ဆန်ပြီး ကြီးမားသောလုပ်ငန်းဆောင်တာမ
ကင်မရာပိုင်းဆိုင်ရာ မှာလည်း 5P Largen Lens စနစ်နဲ့ အပြာရောင်မှန်ပြားငယ်လေးကို
<Specifications>
Network - 2G/3G/4G
Memory - 16GB
CPU - Quad Core 1.2GHz
Camera - 8MP
Screen - 4.8inches
OS - Android OS, v5.0
Contact - 09-258451418
Mobile Guide Journal (Every Monday)
https://www.facebook.com/